မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ဦးနှောက်အတွင်းမှာရှိတဲ့အာရုံကြောတွေကို ပျက်စီးစေတဲ့မွေးရာပါမျိုးရိုးလိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ပျက်စီးမှုက အချိန်တွေကြာလာတာနဲ့အမျှ ပိုဆိုးလာပြီး လှုပ်ရှားမှု၊ မှတ်ဉာဏ် ( အာရုံသိနိုင်စွမ်း၊ တွေးခေါ်ဆုံးဖြတ်ခြင်း) နဲ့အပြုအမူတွေကို သက်ရောက်နိုင်ပါတယ်။
အစောပိုင်းလက္ခဏာတွေကတော့ ကိုယ်ရေးကိုယ်သွေးပြောင်းလဲမှုများ၊ ခံစားချက်အပြောင်းအလဲ၊ ဂနာမြငိမ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ နဲ့အမူအကျင့်ဆိုင်ရာပြောင်းလဲမှုတွေ ပါဝင်ပါတယ်။ ဟန်တင်တန်ရောဂါကို ဟန်တင်တန်ကကြောဆွဲခြင်းလို့ အရင်ကခေါ်ကြပါတယ်။ ကကြောဆွဲသလိုမျိုး လှုပ်ရှားမှုတွေကိုမထိန်းနိုင်ခြင်း ဖြစ်ပါတယ်။ ရောဂါလို့သတ်မှတ်ရခြင်းက လှုပ်ရှားမှုမူမမှန်ခြင်းထက် အများကြီးပိုပါဝင်နေသေးတာကြောင့် ဖြစ်ပါတယ်။
မိသားစုလိုက်ဖြစ်သောရောဂါအဖြစ် စံသတ်မှတ်ထားရခြင်းမှာ ဟန်တင်တန်ရောဂါသည်မိဘတိုင်းရဲ့ ကလေးတိုင်းမှာ ရောဂါဖြစ်စေနိုင်တဲ့မျိုးရိုးဗီဇ 50/50သယ်ဆောင်ထားနိုင်တာကြောင့် ဖြစ်ပါတယ်။ ယနေ့မျာ လက္ခဏာပြနေတဲ့ အမေရိကန်လူမျိုး၃၀၀၀၀ခန့်ရှိပြီး မျိုးရိုးလိုက်နိုင်ချေ၂၀၀၀၀၀ထက် ပိုများနေပါတယ်။
သို့ရာတွင် ဖြစ်နိုင်ချေတွေကိုလျှော့ချခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်သိလိုတာတွေကို သင့်ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။
မြောက်မြားလှစွာသောလက္ခဏာတွေနဲ့အတူ လှုပ်ရှားမှု၊ မှတ်ဉာဏ်နဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။ ပထမဆုံးပေါ်လာတတ်တဲ့လက္ခဏာတွေက တစ်ယောက်နဲ့တစ်ယောက်မတူတတ်ကြပါဘူး။ ရောဂါဖြစ်နေစဉ်အတွင်းမှာ အချို့သောမူမမှန်ခြင်းတွေက ပိုပြီးသိသာလာတာမျိုး၊ လုပ်ဆောင်နိုင်စွမ်းတွေအပေါ် သိသိသာသာအကျိုးသက်ရောက်ပါတယ်။
-ရွှေ့လျားမှုဆိုင်ရာပြဿနာများ
ဟန်တင်တန်ရောဂါနဲ့ဆက်နွှယ်တဲ့ရွှေ့လျားမှုဆိုင်ရာပြဿနာတွေမှာ မထိန်းချုပ်နိုင်တဲ့ရွှေ့လျားမှုတွေအပြင် ထိန်းချုပ်နိုင်တဲ့လှုပ်ရှားမှုများမူမမှန်ခြင်းများလည်း ပါဝင်ပါတယ်။
ဟန်တင်တန်ရော့ါနဲ့ဆက်နွှယ်နေတဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာပြဿနာတွေကတော့
သင်ကြားဖူးပြီးသား အတတ်ပညာများဆုံးရှုံးသွားခြင်း
ကျောင်းတွင်းလုပ်ဆောင်မှုများ ရုတ်တရက်သိသိသာသာကျသွားခြင်း
အပြုအမူပိုင်းဆိုင်ရာပြဿနာများ
ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ
အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးများမှာတွေ့ရတဲ့ ကြွက်သားများတောင့်တင်းခြင်း
စာရေးခြင်းကဲ့သို့သော လှုပ်ရှားမှုများသိသိသာသာပြောင်းလဲသွားခြင်း
တုန်ခြင်း
တက်ခြင်း
စောစောစိးစီးရောဂါ၇ှာဖွေပြီး ကုသမှုပေးခြင်းက ဟန်တင်တန်ရောဂါကိုပိုဆိုးသွားအောင်ဖြစ်စေခြင်းမှာ တားမြစ်ပေးပြီး အရေးပေါ်အခြေအနေဖြစ်ခြင်းက ကာကွယ်ပေးပါတယ်။ ပြင်းထန်တဲ့အခြေအနေတွေကို ကာကွယ်ဖို့ တတ်နိုင်သမျှ ဆရာဝန်နဲ့တွေ့သင့်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာတွေရှိနေမယ်ဆိုရင် ဒါမှမဟုတ် အခြားမေးခွန်းတွေရှိနေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ လူတိုင်းက တုန့်ပြန်ပုံချင်းမတူပါဘူး။ သင့်ရဲ့အခြေအနေသင့်တော်အကောင်းမွန်ဆုံးဖြစ်ဖို့အတွက် သင့်ဆရာဝန်နဲ့သာဆွေးနွေးတိုင်ပင်ပါ။
မျိုးရိုးဗီဇဂျင်းတစ်ခုမှာ ချို့ယွင်းသွားခြင်းက ဟန်တင်တန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ မူမမှန်တဲ့ဂျင်းအပွားတစ်ခုတည်းကတင် ရောဂါကိုဖြစ်စေနိုင်ပါတယ်။ မိဘနှစ်ပါးတည်းကတစ်ယောက်ယောက် မျိုးရိုးဗီဇချို့ယွင်းမှုရှိခဲ့မယ်ဆိုရင် မျိုးရိုးလိုက်နိုင်ဖိုပ၅၀ရာနှုန်းသေချာနေပါတယ်။
သင်ကနေလည်း သင့်ကလေးကိုလက်ဆင့်ကမ်းသွားနိုင်ပါတယ်။ ဟန်တင်တန်ရောဂါကို ဖြစ်စေနိုင်တဲ့မျိုးရိုးဗီဇဆိုင်ရာထွန်းခြင်းက အခြားထွန်းခြင်းတွေနဲ့ကွဲလွဲပါတယ်။ ဂျင်းမှာ အစားထိုးခံ၇ခြင်း၊ ဆုံးရှုံးသွားတဲ့အပိုင်းတွေ မရှိပါဘူး။ ပွားရာမှာမှားသွားခြင်းကြောင့်ဖြစ်ပါတယ်။ ဂျင်းအတွင်းတစ်နေရာကို အကြိမ်ကြိမ်ပွားမိခြင်းကြောင့် ဖြစ်ပါတယ်။ ထပ်ခါထပ်ခါပွားတဲ့အရေအတွက်က မျိုးဆက်တစ်ခုချင်းဆီမှာ များများလာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဟန်တင်တန်ရောဂါလက္ခဏာတွေက ပွားတဲ့အကြိမ်များလေ စောစောပေါ်လေဖြစ်ပါတယ်။ ထပ်ခါထပ်ခါပွားလေ ရောဂါကလည်းပိုပိုဆိုးလာလေ ဖြစ်ပါတယ်။
မျိုးရိုးလိုက်တဲ့ရောဂါဖြစ်တာကြောင့် ဒိအခြေအနေအတွက် ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများမရှိပါဘူး။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အတည်ပြုဖို့အတွက်က မေးခွန်းတွေအပေါ်သင့်အဖြေ၊ အထွေထွေစစ်ဆေးခြင်း၊ သင့်မိသားစုကျန်းမာရေးရာဇဝင်၊ အာရုံကြောနဲ့စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများအပေါ် အဓိကအခြေခံထားပါတယ်။
အာရုံကြောဆိုင်ရာစမ်းသပ်မှုများ
အာရုံကြောအထူးကုက သင့်ကိုမေးခွန်းတွေမေးပြီး ရိုး၇ှင်းတဲ့စစ်ဆေးမှုတွေ လုပ်ဆောင်ပါလိမ့်မယ်။
လှုပ်ရှားမှုလက္ခဏာများ
တုန့်ပြန်မှုများ
ကြွက်သားအင်အား
ကြွက်သားအရည်အသွေး
ဆက်စပ်လုပ်ဆောင်နိုင်စွမ်း
ဟန်ချက်
ထိသိမှုဆိုင်ရာလက္ခဏာများ
အထိအတွေ့အာရုံ
အမြင်နဲ့ မျက်လုံးလှုပ်ရှားမှု
အကြား
စိတ်ပိုင်းဆိုင်ရာလက္ခဏာများ
စိတ်အခြေအနေ
စိတ်ခံစားချက်
အာရုံကြောနဲ့စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်းများ
အာရုံကြောအထူးကုက အောက်ပါစစ်ဆေးမှုတွေ လုပ်ပေးပါလိမ့်မယ်။
မှတ်ဉာဏ်
ဆင်ခြေ
စိတ်ပိုင်းဆိုင်ရာလျင်မြန်သွက်လက်ခြင်း
ဘာသာစကားဆိုင်ရာစွမ်းရည်
-စိတ်ဝေဒနာဆိုင်ရာ မှန်းဆချက်များ
စိတ်ကျန်းမာရေးဆရာဝန်က သက်ဆိုင်တဲ့စစ်ဆေးစမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။
စိတ်ခံစားချက်အခြေအနေ
အပြုအမူပိုင်းဆိုင်ရာများ
စဉ်းစားဆုံးဖြတ်နိုင်စွမ်း
ခန့်ခွဲနိုင်စွမ်း
စဉ်းစားမှုဆိုင်ရာမူမမှန်ခြင်းများ
မတော်တရော်ကိုင်တွယ်အသုံးပြုခြင်း
-ဦးနှေက်ပိုင်းစမ်းသပ်စစ်ဆေးခြင်း (CT-scan, or MRI)
ဟန်တင်တန်ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ပါဘူး။ ရောဂါအခြေအနေက သက်သာသွားတာရှိနိုင်သလို ပိုဆိုးသွားတာလည်းရှိနိုင်ပါတယ်။ အခြေအနေပိုဆိုးလာလေ မိသားစုနဲ့အခြားဆက်ဆံရေးတွေမှာ အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။
ကုသမှုက ခံစားချက်ပိုင်းပြဿနာတွေကို ပိုတိုးတက်လာအောင်၊ နေ့စဉ်ဘဝမှာ အချိန်အတော်ကြာဒုက္ခပေးနေတဲ့ အခြေအနေကို ပိုကောင်းအောင် ရည်ရွယ်ပါတယ်။ ဆေးတွေက နေမထိထိုင်မသာဖြစ်ခြင်း၊ အလွန်အကျွံလှုပ်ရှားခြင်းစတြ့ဲအချို့လက္ခဏာတွေကို သက်သာစေပါတယ်။ စကားဘာသာစကားဆိုင်ရာကုထုံးနဲ့ အလုပ်အကိုင်နဲ့သက်ဆိုင်တဲ့ကုထုံးက ဆက်ဆံရေးနဲ့နေ့စဉ်ဘဝကို ကူညီပေးနိုင်ပါယတ။် လူနာရဲ့မိသားစုဝင်တွေကိုလည်း စစ်ဆေးသင့်ပါတယ်။ လက္ခဏာမပြတဲ့အခြားမိသားစုဝင်တွေကိုလည်း ဂျင်းသယ်ဆောင်ထားခြင်းရှိမရှိနဲ့ အိမ်မှာပဲကုသမှုပေးနိုင်အောင်ကူညီပေးခြင်းနဲ့ပတ်သက်ပြိး စစ်ဆေးနိုင်ပါတယ။်
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဟန်တင်တန်ရောဂါ
ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အာဟာရနဲ့စားသောက်မှုနဲ့ပတ်သက်တဲ့အချက်များ
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။