backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးနေပြီလား

အရာရာကိုအောင်နိုင်ဖို့ တစ်ခုပဲလိုအပ်ပါတယ်။ ဒီလိုအပ်ချက်က ငွေပေးဝယ်စရာမလိုသလို သူများဆီကနေရယူလို့လည်းမရပါဘူး။ ကိုယ်တိုင်လုပ်ယူရတာပါ။ ဒါကတော့ အရာရာကိုအောင်နိုင်စေမယ့် ယုံကြည်မှုပါ။ ယုံကြည်မှုရှိနေရင် အောင်မြင်ဖို့ ၅၀ ရာခိုင်နှုန်းလောက်သေချာနေပါပြီ။ ဒီတော့ အရာရာကို အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ယုံကြည်မှုရှိနေတာက အဆင်အပြေဆုံးဖြစ်မှာပါ။  ယုံကြည်မှုကမြင်ရတဲ့အရာမဟုတ်တော့ ကိုယ့်မှာယုံကြည်မှုကျနေလားဆိုတာက သိဖို့ခက်မှာပေါ့။ ဒီတော့ ယုံကြည်မှုကျနေပြီလားဆိုတာ သိနိုင်စေဖို့ ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းနေပြီလား……..

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာသူတစ်ယောက်ဟာ အခုလိုလက္ခဏာတွေဖြစ်လာနိုင်ပါတယ်။

အရာရာကို အလွယ်တကူပဲ ခေါင်းညိတ်လာတတ်တယ်

ကိစ္စတစ်ခုခုရှိလာတဲ့အခါ အချေအတင်ဆွေးနွေးဖို့ထက် မှားမှားမှန်မှန် ဘာမှ မပြောနေတော့ဘဲ အလွယ်တကူခေါင်းညိတ်လိုက်တယ်။ အရင်က အပြန်အလှန်ငြင်းချက်ထုတ်တတ်ပေမယ့် အခုချိန်မှာတော့ အခင်အမင်မပျက်အောင်ခေါင်းညိတ်လိုက်ပါတယ်လေဆိုတဲ့ အကြောင်းပြချက်နဲ့ မှားနေတာကို မျက်လုံးမှိတ်ခေါင်းညိတ်လိုက်တာမျိုးပါ။

မလိုအပ်ဘဲ အမြဲလိုလိုတောင်းပန်စကားဆိုတတ်လာတယ်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတဲ့အခါ ကိစ္စတစ်ခုခုရှိလာတိုင်း ကိုယ့်ဘက်က မှားမှားမှန်မှန် တောင်းပန်စကားဆိုတတ်လာပါလိမ့်မယ်။ မှားနေတာမျိုးမဟုတ်ဘဲ သာမန်အသေးအဖွဲကိစ္စလေးတွေကိုတောင် တောင်းပန်စကားဆိုမိနေပြီဆိုရ်ငတော့ သေချာက သင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေပါပြီ။

အလွယ်တကူပဲ စိတ်ဓာတ်ကျတတ်လာတယ်

စိတ်ဓာတ်ကျမှုတော်တော်များများက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတာကနေ အစပြုလာခဲ့ကြတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းလာတဲ့အခါ အများနဲ့ ပြောဆိုဆက်ဆံမှုတွေမလုပ်ချင်တော့သလို အသစ်အဆန်းတွေကို ထိတေါ့ဖိုပ ဖန်တီးဖို့လည်း စိတ်မပါတော့ပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရာရာကိုလုပ်နိုင်စွမ်းရှိမယ်ဆိုတဲ့ စိတ်အားထက်သန်မှုပါပျောက်ဆုံးနေတာပါ။ ဒါကြောင့် အလွယ်တကူစိတ်ဓာတ်ကျလာတတ်ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့။

ဝေဖန်မခံနိုင်ဖြစ်လာတယ်

အလုပ်ကိစ္စနဲ့ပတ်သက်ပြီး အထက်လူကြီးက ဝေဖန်ထောက်ပြတာ၊ အဝတ်အစား၊ အနေအထိုင်နဲ့ပတ်သက်ပြီး လူကြီးမိဘတွေက ဝေဖန်တာ၊ ဝတ်ထားတဲ့အဝတ်အစားက အဆင်မပြေလို့ သူငယ်ချင်းတွေက ဝေဖန်အကြံပြုတာတွေကို ကြားလိုက်ရချိန်မှာ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုက ငိုချင်တာပဲသိတယ်ဆိုရင်တော့ စိတ်သာချလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေပြီလေ။ ဒီအတိုင်းမနေပါနဲ့ ပြန်တည်ဆောက်ယူပါ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိစမြဲပါ။

ပစ္စည်းအသစ်တွေဝယ်ရင်း ပျော်စရာဖန်တီးယူတယ်

မလိုအပ်ဘဲ၊ လိုချင်လို့လေဆိုတဲ့ အပြောလေးတစ်ခွန်းနဲ့ ပစ္စည်းတွေကို ဝယ်နေမိပြီဆိုရင်​တော့ သေချာတာကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းနေလို့ ပြန်တည်ဆောက်ယူနေတယ်ဆိုတာပါ။ ဈေးဝယ်ထွက်ပြီး ပစ္စည်းအသစ်တွေဝယ်ယူတာက ယုံကြည်မှုပြန်တက်လာစေမယ်လို့ ယူဆလုပ်ဆောင်မိနေတာပါ။ ဒီအချိန်မှာ အကောင်းဆုံးဖြေရှင်းနည်းကမိဘ၊ မောင်နှမ ဒါမှမဟုတ် ယုံကြည်ရသူတစ်ဦးဦးနဲ့ စကားပြောလိုက်ပါ။

သူများကို အရမ်းဝေဖန်မိနေတယ်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းတဲ့သူက အခြားသူတွေကို အပြင်းအထန်ဝေဖန်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အမျိုးသား နဲ့ အမျိုးသမီးမှာ ကွာခြားမှုတော့ အနည်းငယ်ရှိနိုင်ပါတယ်။  အမျိုးသားတွေက ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုအားနည်းတဲ့အခါ သူများအပေါ်မှာ ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြပြီး အမျိုးသမီးတွေကတော့ အပြင်းအထန်ဝေဖန်ကြပါတယ်။ သင့်အနေနဲ့ ပြောမိတာက အကုန်လုံးနီးပါး အကန်တွေပဲဖြစ်နေမယ်ဆိုရင်တော့ သေချာနေတာတစ်ခုက ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုကျဆင်းနေပြီဆိုတာပါ။

ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းနည်းနေတယ်

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတဲ့အခါ ဆုံးဖြတ်ချက်ချနိုင်စွမ်းက အလိုလိုနည်းသွားတတ်ပါတယ်။ ဒီလိုဖြစ်နေတဲ့အခါ အရင်က ကိုယ်တိုင်ဆုံးဖြတ်ချက်ချရမှာ ကြိုက်တယ်ဆိုပေမယ့် အခုချိန်မှာတော့ သူများဆုံးဖြတ်တဲ့အတိုင်း ဟုတ်ကဲ့လုပ်မိနေနိုင်ပါတယ်။

ထိရှလွယ်နေမယ်

တစ်ခုခုကြားလိုက်တိုင်း ကိုယ့်ကို ပြောတယ်ထင်နေမိတယ်။ အမြဲလိုလိုစိတ်ညစ်နေမယ်။သူများက ထင်မြင်ယူဆချက်ပေးတဲ့အခါမှာလည်း စိတ်ထဲက သည်းခံနိုင်စွမ်းကျနေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေပါပြီ။
ကိုယ့်မှာရော ဒီလိုလက္ခဏာတွေရှိနေပြီလား… မရှိဘူးဆိုရင်တော့ ဝမ်းသာလိုက်ပါ၊ ရှိနေမယ်ဆိုရင်တော့ ပြင်ဆင်ဖို့ကြိုးစားပေတော့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement