ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ


Thin Myat Sandi Cho မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ

    သင့်အတွေးက သင့်စိတ်ကျန်းမာရေးကိုသက်ရောက်စေပြေီး သင့်ရုပ်ပိုင်းဆိုင်ရာကိုတောင် သက်ရောက်စေနိုင်ပါတယ်။ အကောင်းမြင်အတေါးတွေက သင့်ကိုကျန်းမာစေပြီး အချိုပသောစိတ်ကျန်းမာရေးပြဿနာတွေကို စီမံစေနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အဆိုးမြင်အတွေးတွေက သင့်ကျန်းမာရေးကိုဆိုးဆိုးရွားစွာသက်ရောက်ပြီး သင့်စိတ်ကျန်းမာရေးပြဿတာကို ပိုဆိုးသွားစေနိုင်ပါတယ်။

    အဆိုးမြင်အတွေးဆိုတာဘာလဲ။

    သင်လေယာဉ်စီးနေချိန်မှာ လေယာဉ်မယ်က သင့်ကိုမယဉ်မကျေးဆက်ဆံတယ်။ ဒိလိုအခြေအနေမျိုးမှာ သင်ဘယ်လိုတုန့်ပြန်မလဲ။ ဒိဝန်ထမ်းနဲ့ပတ်သက်ပြီး ဒေါသထွက်မှာလား သင့်ကိုယ်သင်အတွက်ဝမ်းနည်းနေမှာလား။ မေ့လိုက်မှာလား။ ဒိလိုအခြေအနေမျိုးမှာ ဘယ်လိုတုန့်ပြန်လဲဆိုတာက သင်ဘယ်လိုတွေးတယ်ဆိုတာကို ပြပါတယ်။ မေ့ပျောက်လိုက်နိုင်ပြီး ပြီးခဲ့တာတွေပြီးတဲ့အတိုင်းထားနိုင်မယ်ဆိုရင်

    သင်က အကောင်းမြင်တတ်တဲ့လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ စိတ်မကောင်းဘူးဒေါသထွက်မယ်ဝမ်းနည်းမယ်ဒါမှမဟုတ်အခြားအဆိုးမြင်အတွေးတွေ

    ခံစားက်တွေရှိနေနိုင်ပြီး သင်ကအဆိုးမြင်တတ်သူဖြစ်ပါလိမ့်မယ်။ ပြဿနာသေးသေးလေးကို ချဲ့ပြီး ရက်တွေ၊ သိတင်းပတ်တွေနဲ့ လပေါင်းများစွာထိတောင် ခံစားနေမယ်ဆိုရင် သင့်မှာအဆိုးမြင်အတွေးတွေရှိနေပါတယ်။

    အဆိုးမြင်အတွေးူတွေက သင့်ကိုဝမ်းနည်းစပြီး စိတ်ဓါတ်ကျစေပါတယ်။ သင့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ပိုဆိုးသွားစေပြီး သင့်နေ့စဉ်ဘဝကိုသက်ရောက်စေပါတယ်။ အိပ်ရေးမဝခြင်းဒါမှမဟုတ် အစားအသောက်မမှန်ခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ပေါ်လာနိုင်ပါတယ်။

    အဆိုးမြင်အနှုတ်သဘောဆောင်အတွေးတွေကို ဘာတွေကဖြစ်စေလဲ။

    အဆိုးမြင်အတွေးတွေက နေ့စဉ်လုပ်ငန်းဆောင်တာတွေ သင့်နေ့စဉ်အဖြစ်အပျက်တွေကနေ လာလေ့ရှိပါတယ်။ ရောဂါ၊ ပြဿနာ၊ ကျန်းမာရေးအခြေအနေတွေကနေလည်း ဖြစ်နိုင်ပါတယ်။

    ကလေးမီးဖွားပြီးချိန်– ကလေးမွေးထားတဲ့အမျိုးသမီးတွေမှာ အဆိုးမြင်အတွေးတွေဖြစ်နိုင်ချေများပါတယ်။ ကလေးမွေးပြီနောက်မှာ သင့်ကလေးလုံခြုံစိတ်ချရမှုရှိမရှိအတွေးလွန်နေတာမျိုး သင်မိခင်တစ်ယေက်ဖြစ်ရတာကို ကြောက်နေတာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒိအရာတွေက အဆိုးမြင်အတွေးတွေကိုဖြစ်နိုင်ပါတယ်။

    ကင်ဆာ၊ နှလုံးရောဂါ၊ ဝက်ခြံလိုမျိုးအရေပြားရောဂါအသေးစားလေးရှိနေခြင်းမျိုး ။ ပျောက်ကင်းအောင်မကုသနိုင်တော့ဘူး၊ အသက်ရျည်ရျည်မနေရတော့ဘူး၊ သင့်ပုံပန်းသွင်ပြင်ကကြောက်မက်ဖွယ်ကောင်းနေတယ်စသဖြင့် သင်တွေးနေနိုင်ပါတယ်။ တချို့အချိန်တွေမှာ မှန်ကောင်းမှန်နိုင်ပေမယ့် တချို့အခြေအနေတွေံမှာတော့ သင်အတွေးလွန်ခြင်းဖြစ်ပါတယ်။

    နှိပ်စက်စောက်ကားခံရခြင်း- လိင်ပိုင်းဆိုင်ရာစော်ကားခံခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြိမ်းဖက်ခံရဖူးခြင်းက စိတ်ကျန်းမာရေးပြဿနာတွေနဲ့ အဆိုးမြင်တွေးတွေကိုပေါ်လာစေပါတယ်။

    ကား၊ အိမ်၊ လက်စွပ်၊ ဥိးထုပ်ဆုံးရှုံးသွားတာမျိုး

    သင်နဲ့ရင်းနှီးကျွမ်းဝင်သူတစ်ဦး သေဆုံးသွားခြင်း

    အမှတ်ကေင်းကောင်းမရတာမျိုး၊ သင့်ကိုမချေမငံဆက်ဆံတာမျိုး၊ အရည်အသွေးမကောင်းတဲ့ပစ္စည်းကို ဝယ်မိတာမျိုးတွေက သင့်အတွေးတွေကိုသက်ရောက်စေပါတယ် နာရီပေါ်င်းများစွာ၊ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ခံစားနေနိုင်ပါတယ။်

    အထက်မှာပြထားခဲ့တဲ့အရာတွေက အဆိုးမြင်ရခြင်းအကြောင်းရင်းတော့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ ဒီလိုပြဿနာမျိုးတွေကြုံဖူးတဲ့လူတိုင်းအားလုံးတော့ အဆိုးမြင်အတွေးမရနိုင်ပေမယ့် အချို့ကတော့ဒိလိုဖြစ်ပျက်ပြီးနောက်မျာ အဆိုးမြင်အတွေးတွေတွေးလာကြပါတယ်။

    အဆိုးမြင်အတွေးတွေက အချို့သောအဖြစ်အပျက်တွေကနေ ဖြစ်လာနိုင်ပါတယ်။ သင့်ကျန်းမာရေးကိုထိခိုက်စေပြီး ပြဿနာပေးနိုင်ပါတယ်။ ဒါတွေကအတွေးတွေပဲဖြစ်တာကြောင့် အကောင်းမြင်အတွေးတွေဘက်ကိုပြောင်းပေးနိုင်ပါတယ်။ သင့်စိတ်ပဲဖြစ်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Thin Myat Sandi Cho မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement