ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်ပင်လို လူသားတွေ အရမ်းများတယ်ဆိုတာ ပေါင်းသင်းဆက်ဆံတဲ့အခါ သိသာပါတယ်။ ဒီလိုလူမျိုးတွေနဲ့ စကားပြောပြီးသွားတဲ့အခါ နဂိုကြည်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး စိတ်တို၊ ဒေါသတွေ တနုံ့နုံ့ထွက်ကျန်ခဲ့ရတာနော်။ အဆိပ်ပင်လိုလူသားတွေက နေရာအနှံ့မှာ ရှိနိုင်သလို ကိုယ်က ကောင်းတယ်လို့ ထင်နေရတဲ့သူတွေလည်း ဖြစ်နိုင်ပါတယ် ဥပမာ – လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုးတွေပေါ့။