သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

စိတ်ဓါတ်ကျခြင်းဆိုတာဘာလဲ

    စိတ်ဓါတ်ကျခြင်းဆိုတာဘာလဲ

    စိတ်ဓါတ်ကျခြင်းဆိုတာ ဘာလဲ

    စိတ်ဓါတ်ကျခြင်းဆိုတာကို စိတ်ကျရောဂါလို့လည်း ခေါ်ပါတယ်။ စိတ်ထဲမှာ အမြဲလိုလို ဝမ်းနည်း ပူဆွေးနေပြီး ဘာကိုမှ စိတ်မဝင်စားတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ တွေးခေါ်ပြုမူပုံတွေအပေါ် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိပါတယ်။

    ဝမ်းနည်းမှုဟာ အချိန်ကြာလာပြီး လုပ်ငန်းခွင်ကို ထိခိုက်လာရင် မိသားစုဝင်များ၊ မိတ်ဆွေများနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ ရှိလာရင်၊ သေကြောင်းကြံစည်လိုတဲ့ အတွေးများဝင်လာရင် စိတ်ဓါတ်ကျခြင်း ဖြစ်နေနိုင်ပါတယ်။ အဲဒီလက္ခဏာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    စိတ်ဓါတ်ကျခြင်းဟာ ဘယ်လောက်ထိ အဖြစ်များတတ်လဲ

    အဖြစ်များတဲ့ ပြသနာဖြစ်ပါတယ်။ သုတေသနတွေအရ လူအားလုံးရဲ့ ၈၀ %ခန့်ရဲ့ ဘဝတလျှောက်မှာ တချိန်ချိန်တော့ ဒီပြသနာကို ဘယ်အသက်အရွယ်မဆို ကြုံဖူးတယ်လို့ ဆိုပါတယ်။ အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

    စိတ်ဓါတ်ကျခြင်းရဲ့ လက္ခဏာတွေဟာ ဘာတွေလဲ

    တယောက်နဲ့တယောက် ကွဲပြားနိုင်ပါတယ်။ စိတ်ဓါတ်ကျနေသူခြင်းတူတူ တချို့က ပိုပြီးအိပ်တတ်ပြီး တချို့ကတော့ အိပ်မပျော် စားမဝင် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဖြစ်များတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    – အာရုံမစိုက်နိုင်ခြင်း

    – ဝမ်းနည်းနေတတ်ခြင်း၊ ဟာလာဟင်းလင်း ခံစားရခြင်း

    – ဂနာမငြိမ်ဖြစ်တတ်ခြင်း

    – အနာဂတ်သည် ပိုမကောင်းနိုင်ဟု ခံစားနေရခြင်း

    – လိင်မှုကိစ္စ စိတ်မဝင်စားခြင်း

    – ပိုဆိုးလာလျှင် မိမိကိုယ်ကို၊ သူတပါးကို သေကြောင်းကြံလာနိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ဒီနေရာမှာ မဖော်ပြထားသေးတဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ လက္ခဏာတခုခုနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဆရာဝန်ဘယ်အချိန် ပြသင့်လဲ

    စိတ်ဓါတ်ကျတဲ့လက္ခဏာတွေရှိရင် ဆရာဝန်နဲ့ မြန်နိုင်သလောက်မြန်အောင် ပြသပါ။ ကုသဖို့ လောလောဆယ် မဖြစ်နိုင်သေးရင် ချစ်ခင်သူ၊ ယုံကြည်သူများကို ပြောပြပါ။ မိမိကိုယ်ကို ဒုက္ခပေးမယ့်၊ သေကြောင်းကြံစည်မယ့် အခြေအနေရောက်လာရင် အရေးပေါ်ဌာနကို ဆက်သွယ်ပါ။

    မိမိကိုယ်ကို သေကြောင်းကြံလိုစိတ်တွေ ပေါ်လာရင် အောက်ပါတို့ကို လုပ်ဆောင်ပါ။

    – သင့်ဆရာဝန် သို့ ကုသပေးနေသူ တယောက်ယောက်ဆီက အကူအညီ ရယူပါ

    – ရင်းနှီးချစ်ခင်သူများထံ သွားပါ။

    – ဘုန်းကြီး၊ ဘာသာရေး အကြီးအကဲ (သို့) သင် ယုံကြည်သူများထံ သွားပါ။

    သင့်မိတ်ဆွေတဦးဦးဟာ သေကြောင်းငြ့စည်နိုင်တဲ့ အခြေအနေဖြစ်နေရင်

    – သူနဲ့အတူ တယောက်ယောက်ရှိနေဖို့ ကြိုးစားပါ

    – အရေးပေါ်ဌာနကို ဆက်သွယ်ပါ

    – အနီးဆုံး ကျန်းမာရေးဌာနကို ခေါ်သွားပါ

    ဘယ်အရာတွေက စိတ်ဓါတ်ကျခြင်းကို ဖြစ်စေသလဲ

    အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။

    မျိုးရိုးဗီဇ။ မိသားစုရာဇဝင်ရှိဖူးရင် ပိုဖြစ်နိုင်ပါတယ်။

    ဦးနှောက်ရဲ့ ဓါတ်ဖွဲ့စည်းပုံ။ စိတ်ဓါတ်ကျဆင်းသူတွေရဲ့ ဓါတ်ဖွဲ့စည်းပုံဟာ ကွဲပြားပါတယ်။

    စိတ်ဖိစိးမှု။ ချစ်ခင်နှစ်သက်သူ တယောက်ယောက်ကို ဆုံးရှုံးတာ၊ ဆက်ဆံရေး မပြေလည်တာအပြင် စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေတွေကြောင့် စိတ်ဓါတ်ကျနိုင်ပါတယ်။

    စိတ်အတက်အကျရောဂါကို ဘယ်အရာက ဖြစ်နိုင်ခြေ ပိုဆိုးစေလဲ

    စိတ်ဓါတ်ကျခြင်းဟာ ငယ်ရွယ်စဉ်မှာ အများဆုံး ဖြစ်တတ်ပေမယ့် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများဟာ အမျိုးသားများထက် ပိုပြီး ဖြစ်နိုင်ခြေ များပေမယ့် ဆေးရုံပြသမှု ပိုများလို့လည်း ဖြစ်နိုင်ပါတယ်။

    အဖြစ်များစေတဲ့ အခြေအနေတွေကတော့

    – စိတ်ကျန်းမာရေးပြသနာ ရာဇဝင်ရှိဖူးသူများ (စိတ်ပူပန်ခြင်း၊ ထိခိုက်မှုဖြစ်ရပ်ပြီးနောက် စိတ်ဒဏရာကျန်ခဲ့ခြင်း)

    – အရက်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း

    – ကိုယ်ရည်ကိုယ်သွေးဆိုင်ရာများဖြစ်သော မိမိကိုယ်ကို ယုံကြည်လေးစားမှုနည်းခြင်း၊ သူတပါးကို မှီခိုလွန်းခြင်း၊ အဆိုးမြင်တတ်ခြင်း

    – ကင်ဆာ၊ လေဖြတ်ခြင်း၊ နာတာရှည် ကိုက်ခဲခြင်း၊ နှလုံးရောဂါ စသည့် ပြင်းထန်သော ရောဂါများ ခံစားနေရခြင်း

    – သွေးကျဆေး၊ အိပ်ဆေး စသည့် ဆေးအချို့ သောက်သုံးနေရခြင်း (ဆေးသောက်ခြင်း မရပ်တန့်မီ ဆရာဝန်နှင့် တိုင်ပင်ပါ)

    – စိတ်ထိခိုက်၊ စိတ်ဖိစီးစေသော ဖြစ်ရပ်များ ဥပမာ အနိုင်ကျင့်ခံရခြင်း၊ မိမိချစ်ခင်သူ သေဆု့းခြင်း၊ ဆုံးရှုံးခြင်း၊ ဆက်ဆံရေး မပြေလည်ခြင်း၊ ငွေရေးကြေးရေး ခက်ခဲခြင်း

    – မိသားစုအရင်းအချာများတွင် စိတ်ကျန်းမာရေး ပြသနာများ၊ အရက်စွဲခြင်းများ၊ မိမိကိုယ်ကို သေကြောင်းကြံခြင်းများနှင့် ပတ်သက်၍ ရာဇဝင်ရှိခြင်း

    ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ဆရာဝန်နှင့် အမြဲ ဆွေးနွေးတိုင်ပင်ပါ။

    စိတ်ဓါတ်ကျခြင်းကို ဘယ်လိုရောဂါရှာဖွေလဲ

    ပုံမှန်အားဖြင့် ဆရာဝန်များဟာ လူနာလက္ခဏာနဲ့ ရောဂါရာဇဝင်တွေကို စစ်ဆေးပါလိမ့်မယ်။ ဒါ့အပြင် သွေးစစ်ခြင်း၊ စိတ်ကျန်းမာရေး အခြေအနေစစ်ခြင်း စတာတွေပြုလုပ်ပြီး ရောဂါအတည်ပြုကာ တခြားဆက်စပ်ပြသနာတွေအတွက် အဖြေရှာ ပါလိမ့်မယ်။

    စိတ်ဓါတ်ကျခြင်းကို ဘယ်လိုကုလဲ

    ဆေးဝါးများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာကုသခြင်း၊ လျှပ်စစ်ဓါတ်သုံးကုသခြင်း စတာတွေ ပါဝင်ပါတယ်။

    စိတ်ကျရောဂါကုဆေးတွေ သုံးပါလိမ့်မယ်။ အသုံးများတဲ့ဆေးတွေကတော့ escitalopram, paroxetine, sertraline, fluoxetine နဲ့ citaloppram

    တို့ ဖြစ်ပါတယ်။ သူတို့ဟာ SSRI အုပ်စုဝင်ဆေးတွေ ဖြစ်ပါတယ်။ တခြားဆေးတွေကတော့ venlafaxine, duloxetine နဲ့ bupropion ဖြစ်ပါတယ်။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ အနေနဲ့

    – ကိုယ်အလေးချိန်တက်ခြင်း

    – လိုင်ပိုင်းဆိုင်ရာပြသနာများ

    – ပျို့အန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    စိတ်ပိုင်းဆိုင်ရာ ကုသခြင်းဟာ စိတ်ကျရောဂါအတွက် အထောက်အကူပြုပါတယ်။ စိတ်ပိုင်းဆိုင်ရာကုသခြင်းဟာ တွေးခေါ်ပြုမူပုံ နည်းလမ်းအသစ်များကို ပြသပေးပြီး စိတ်ဓါတ်ကျစေတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲစေပါတယ်။ ဆက်ဆံရေးမပြေလည်လို့ စိတ်ဓါတ်ကျခြင်း ပိုဆိုးမယ့် အခြေအနေတွေကို ဖြေရှင်းဖို့ ကူညီပေးပါတယ်။

    ဆေးဝါးကုသခြင်းနဲ့ မကုသနိုင်သူတွေကိုတော့ လျှပ်စစ်ဓါတ်သုံးကုသခြင်းကို အသုံးပြုတတ်ပါတယ်။ ဒီနည်းကို လူသိပ်မကြိုက်ကြပေမယ့် တခြားနည်းလမ်းနဲ့ အဆင်မပြေသူတွေအတွက် အထောပ်အကူ ပြုခဲ့ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အာရုံရှုပ်ထွေးတာ၊ မှတ်ဉာဏ်ပျောက်ဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ ဒီဆိုးကျိုးတွေဟာ ခဏတာဖြစ်ပေမယ့် တခါတလေ ပျောက်သွားဖို့ ကြာနေတတ်ပါတယ်။

    စိတ်ဓါတ်ကျခြင်းအတွက် နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘာတွေလဲ

    အောက်ပါ အချက်တွေက ကူညီပါလိမ့်မယ်။

    – တယောက်တည်းမနေပါနှင့်

    – ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းပါ

    – ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

    – ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို ရွေးချယ်ပါ

    – မိမိကိုယ်ကို သက်သက်သာသာဖြစ်စေပြီး စိဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းပါ

    – စိတ်ဓါတ်ကျနေချိန်မှာ ဆုံးဖြတ်ချက်များ မချပါနှင့်

    – လက္ခဏာများဆိုးလာလျှင် ဆရာဝန်နှင့် ဆက်သွယ်ပါ

    – ဆေးဝါးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ကြုံလာရင် ဆရာဝန်နှင့် ဆွေးနွေးပါ။

    – မိမိကိုယ်ကို သူတပါးကို အန္တရာယ်ပေးလိုစိတ်များ ပေါ်လာလျှင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။

    – တကယ်မရှိသော အသံများကြားခြင်း၊ အရာများမြင်ခြင်း၊ အာရုံခြောက်ခြားခြင်များ ရှိလာလျှင် ဆရာဝန်နှင့် ချက်ချင်းပြသပါ။

    သိလိုတဲ့အချက်တွေရှိရင် ပိုပြီးသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 03/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။