၄။ စိုးရိမ်ပူပန်လွန်ကဲခြင်း
ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့အခါ စိတ်အခြေအနေ၊ အတွေးအခေါ်တွေက ဘယ်လိုမှ ပုံမှန်မဖြစ်နိုင်တော့ပါဘူး။ တဖြည်းဖြည်းနဲ့ စိတ်တို၊ ဝမ်းနည်းလွယ်လာတာ၊ ကိုယ့်ကို တစ်ယောက်ယောက်က လာပြီး အန္တရာယ်ပြုတော့မယ်၊ လူတစ်ယောက်ယောက်က ကိုယ့်ကို သတ်ဖို့ ကြံစည်နေတယ်၊ နှလုံးခုန်နှုန်းတွေ မြန်လာမယ်၊ အသက်ရှူသံတွေ ပြင်းလာမယ်၊ ချွေးစေးတွေ ပြန်လာပြီး ကိုယ်လက် ကတုန်ကယင်ဖြစ်လာမယ်၊ ကိုယ်စိုးရိမ်နေတဲ့ အရာကလွဲပြီး တခြားဘယ်အရာကိုမှ တွေးလို့မရတော့တဲ့အထိ အသိစိတ်တွေက ပျံ့လွင့်လာမှာပါ။
၅။ စိတ်ဂဏာမငြိမ်တော့တာ
အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအတွေ့များတဲ့ စိတ်ရောဂါလက္ခဏာဖြစ်ပါတယ်။ ဒီအခြေအနေမှာ ရာဇဝတ်မှု ကျူးလွန်ဖို့ ကြံစည်တာ၊ မူးယစ်ဆေးဝါးတွေ အလွန်အကျွံသုံးစွဲတာ၊ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ ဒေါသ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဘေးပတ်ဝန်းကျင်ကလူတွေဆီ လွှဲချတာ အစရှိတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
၆။ ကိုယ်အလေးချိန် ကျသွားတာ
စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်က ဘယ်လိုမှ အစာစားချင်စိတ်၊ ညဘက်မှာ အိပ်ချင်စိတ် ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ ကြာလာရင် ကိုယ်အလေးချိန်က သိသိသာသာ ကျပြီး လူက ပိန်ချုံးသွားမယ်၊ ဘာမှ မလုပ်ချင်၊ မကိုင်ချင်နဲ့ အိပ်ရာထဲ လဲသွားမယ်၊ နောက်ဆုံးမှာ စိတ်ရော ခန္ဓာ ၂ခုလုံး ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။ တချို့လူတွေမှာတော့ ပြောင်းပြန်အနေနဲ့ အစားအလွန်အကျွံစားတာ၊ အချိန်အကြာကြီး အိပ်နေပြီး နိုးလာရင်တောင် အိပ်ရာပေါ်က မဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
၇။ စိတ်ခံစားချက်ကို ထိန်းချုပ်မရတာ
အခုပဲ စိတ်ဆိုးပြီး ဒေါသတွေ ထွက်နေတယ်၊ နောက်တစ်မိနစ်လောက်နေတော့ ချက်ချင်းကြီး ငိုချတယ်၊ ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ ငြိမ်သွားပြီး အခန်းထဲမှာ ငူငူငိုင်ငိုင်ကြီး ထိုင်နေတယ် အစရှိသဖြင့် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တာ၊ ထိန်းချုပ်ဖို့လည်း အသိစိတ် မရှိတော့တာမျိုးကို ဆိုလိုပါတယ်။
၈။ သေကြောင်း ကြံစည်တာ
ဒီနေရာမှာ အမှတ်မှားတတ်တာကတော့ သေကြောင်းကြံစည်ခြင်းနဲ့ မိမိအသားကို နာအောင်၊ သွေးထွက်အောင် လုပ်တာနဲ့ မတူဘူးဆိုတာပါပဲ။ စိတ်က နေလို့ ပေါ့သွားအောင်ဆိုပြီး ကိုယ့်အသားကို နာအောင် လုပ်တတ်တဲ့သူတွေမှာ သေကြောင်းကြံစည်လိုစိတ်တွေ မရှိသလောက် နည်းပါတယ်။ စိတ်ကျရောဂါ ခံစားနေရတာ ကြာလာတဲ့ ဝေဒနာရှင်တွေမှာ တဖြည်းဖြည်းနဲ့ ဘဝကြီးက အဓိပ္ပါယ်မဲ့ပြီး အသက်ရှင်ရတာ ပင်ပန်းလာတာ၊ ကိုယ်အသက်ရှင်နေရတဲ့ အကြောင်းရင်း၊ ဘဝရဲ့ အနှစ်သာရကို သေချာ စဉ်းစားတွေးတောလို့ မရတော့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားလာကြပါတယ်။
ဒီအချက် (၈) ချက်ဟာ စိတ်ကျရောဂါ ရှိနေပြီဆိုတာကို ပြနေတဲ့ ရောဂါလက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကိုယ့်မှာဖြစ်စေ၊ ကိုယ့်အနီးပတ်ဝန်းကျင်၊ မိသားစုဝင်တွေမှာ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သံသယရှိရင် စိတ်ရောဂါ ကုထုံးပညာရှင်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ အကင်းအရှင်း ပျောက်သွားနိုင်တဲ့ ရောဂါတော့ မဟုတ်ပေမဲ့ ဒီရောဂါကြောင့် ကိုယ့်ရဲ့ ဘဝကို ဆက်ပြီး အနှောင့်အယှက်မဖြစ်စေဖို့နဲ့ ကောင်းမွန်စွာ ရှင်သန်ရပ်တည်နိုင်ဖို့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လာရင် မပေါ့ဆသင့်ဘူးနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။