လမ်းခွဲချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူပိုခံစားရသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 10, 2020 . 2 mins read
Share now

လမ်းခွဲတယ်ဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်စရာကိစ္စတစ်ခုမဟုတ်ခဲ့ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် လမ်းခွဲချိန်မှာ ကြေကွဲဝမ်းနည်းမှုတွေ၊ နာကျင်ခံစားရမှုတွေကို ရင်ဆိုင်ကြရစမြဲပါပဲ။

မျက်ရည်တွေ၊ ဒေါသအမျက်တွေ၊ လွမ်းဆွတ် တမ်းတမှုတွေ၊ စိတ်ရှုပ်ထွေးစရာညတွေ၊ စိတ်လိုက်မာန်ပါ အလွန်အကျူးစားသောက်မှုတွေဟာ Relationship တစ်ခု အဆုံးသတ်သွားချိန်မှာ ကြုံရတတ်တာမျိုးတွေပါ။ ဒီလိုအချိန်မျိုးမှာ အမျိုးသားဘက်ကဖြစ်စေ အမျိုးသမီးဘက်ကဖြစ်စေ ဘယ်သူပိုခံစားရသလဲဆိုတဲ့ အတွေးမျိုးဝင်လာလေ့ရှိပါတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုမေးခွန်းမျိုးကို သိပ်စိတ်ဝင်စားတတ်ကြပါတယ်။

လူနှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းတစ်ခု အဆုံးသတ်သွားချိန်မှာ ဘယ်သူပိုခံစားရလဲဆိုတဲ့ မေးခွန်းဟာ အရေးပါလို့လား။ ဒါပေမယ့်လည်း ကာယကံရှင်တွေကိုယ်တိုင်သာမက အနီးဝန်းကျင်ကလူတိုင်းက ဒီမေးခွန်းအပေါ် စိတ်ဝင်စားနေကြဆဲပါ။ လုံးဝ လမ်းခွဲပြတ်စဲလိုက်ကြတာလား? ဒါမှမဟုတ်သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေကြဦးမှာလားဆိုတာမျိုးကလည်း လူတိုင်း သိချင်ကြတဲ့ မေးခွန်းမျိုးတွေလိုပါပဲ။

တကယ်တော့ ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတဲ့အခါမျိုးမှာ နှစ်ဦးစလုံး ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဘယ်သူက စတင်လမ်းခွဲသည်ဖြစ်စေပေါ့။ ဒါပေမယ့် ထူးခြားတာကတော့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား ခံစားပုံခြင်းမတူကြပါဘူး။

လမ်းခွဲကြတဲ့အခါမျိုးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပတ်ဝန်းကျင်၊ မိသားစုနဲ့ သူငယ်ချင်းတွေဆီက ပံ့ပိုးမှုပိုမိုရရှိတတ်ပါတယ်။ အမျိုးသားတွေလည်း ဒီလို ပံ့ပိုးမှုမရရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် အမျိုးသားတွေ ရနိုင်တဲ့ ပမာဏက နည်းပါးတာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အသည်းကွဲချိန်တွေမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး တက်တက်ကြွကြွရှိတတ်ပြီး ခံစားချက်ကို ဖုံးကွယ်နိုင်စွမ်းပိုများတာကြောင့် သိပ်မခံစားရဘူးလို့ ထင်မြင်ခံရတတ်ပါတယ်။ တကယ်တမ်း စစ်တမ်းတွေအရဆိုရင် အသည်းကွဲမှုဝေဒနာနဲ့ ဆက်စပ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းမှာ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပမာဏပိုများပါတယ်။

အသည်းကွဲနေချိန်မှာ အမျိုးသမီးတွေက ပိုပြီး လူသိရှင်ကြား ပိုမိုထုတ်ဖော်ခံစားကြပြီး အမျိုးသားတွေကတော့ ပိုပြီး လှုပ်လှုပ်ရှားရှားနေထိုင်ဖြစ်ဖို့ ကြိုးစားကြပါတယ်။ အမျိုးသမီးတွေဟာ လမ်းခွဲပြတ်စဲပြီးချိန်မှာ ကြေကွဲဝမ်းနေတာမျိုးဖြစ်ပြီး အမျိုးသားတွေကတော့ အလုပ်ကို ဖိလုပ်တာမျိုး၊ အရက်သေစာသောက်စားလိုက်တာမျိုး၊ မိတ်ရင်းဆွေရင်းတွေနဲ့ သောက်ရင်းစားရင်း ရင်ဖွင့်တာမျိုး၊ အွန်လိုင်းပိုသုံးပြီး တခြားဇာတ်လမ်းတစ်ခုစတင်ဖို့ ကြိုးစားလာတာမျိုး စသဖြင့် အာရုံလွှဲပစ်လို့ရမယ့် အရာမျိုးကို လုပ်ပစ်လိုက်ကြတာမျိုးပါ။

Journal of Health and Social Behavior ရဲ့ သုတေသနအရဆိုရင်တော့ အသည်းကွဲတဲ့ ဝေဒနာကို အမျိုးသားတွေက ပိုခံစားရတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်နဲ့ ၂၃ နှစ်အကြား အမျိုးသားတွေရဲ့ အမူအကျင့်တွေကို သုတေသနပြုခဲ့တဲ့ သူတို့ရဲ့ အစီရင်ခံစာအရ သူတို့ရဲ့ သုတေသန ပြုချက်တွေအရ အမျိုးသားတွေရဲ့ နာကျင်ခံစားရမှုဟာ အမျိုးသမီးတွေထက်ပိုတယ်လို့ ဆိုပါတယ်။

U.S. doctor’s discovery ရဲ့ သုတေသနပြုချက်မှာတော့ Relationship တစ်ခု အဆုံးသတ်သွားချိန်မျိုးတွေမှာ အမျိုးသမီးတွေဟာ Broken Heart Syndrome ကို ပိုမိုခံစားရတတ်ပါတယ်တဲ့။ Broken Heart Syndrome ဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင်း သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ အားနည်းသွားခြင်းဖြစ်ပါတယ်။

သုတေသန ရလဒ်တွေက ဘယ်လိုပင်ပြောနေပါစေ လမ်းခွဲမှုတိုင်းမှာ နာကျင်ခံစားရတာက နှစ်ဘက်လုံးမှာ ရှိတတ်တာပါပဲ။ မတူညီတဲ့ နည်းလမ်းတွေနဲ့ တုန့်ပြန်ကြပေမယ့် နှစ်ဦးလုံး ထိခိုက်ကြရပါတယ်။ ဘယ်သူက ပိုခံစားရလဲဆိုတာကို တိုင်းတာဖို့ဆိုရင် ကျား၊ မ ဖြစ်တည်မှုနဲ့ တိုင်းတာဖို့ မလွယ်ပါဘူး။ ဘယ်သူက ဒီ Relationship အပေါ် ဘယ်လောက် အလေးအနက်ထားခဲ့သလဲဆိုတာနဲ့ တိုင်းတာမှသာ နီးစပ်တဲ့ အဖြေမျိုးထွက်ပေါ်နိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖွားဘက်တော်လေး ထွားဖို့ သန်ဖို့ P-Shot ဆေးထိုးသင့်သလား

P-Shot ဆိုတာက သွေးတွင်း platelet-rich plasma (PRP) ကိုရယူပြီး လိင်အင်္ဂါဆီ ထိုးသွင်းတာပါ။ ဒီနည်းဟာ လိင်အင်္ဂါ ပိုဖွံ့ထွားစေပြီး စွမ်းဆောင်ရည်း မြင့်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အိမ်သာမဝင်ခင် လက်ဆေးသင့်လား…………………

ဟုတ်ပါတယ်။  အိမ်သာမဝင်ခင်မှာ လက်ဆေးသင့်ပါတယ်။ အကြောင်းကတော့ လက်ချောင်းတွေမှာ သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်ငြိနေနိုင်လို့ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးက လူတစ်ယောက် ကျန်းမာဖို့အတွက် အတော်လေး ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

COVID-19 က အမျိုးသားတွေကို ပိုပြီး ထိခိုက်စေနိုင်မလား။

COVID-19 က အမျိုးသားတွေမှာ ပိုဖြစ်နိုင်သလား။ အမျိုးသားတွေ ကြားထဲမှာ ဖြစ်နှုန်းတွေ၊ သေနှုန်းတွေ များနေတာ၊ နောက်ဆက်တွဲတွေ ခံစားရတာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 27, 2021 . 2 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read