အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
အကြောင်းရင်းများ
Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ
ယခုထိ ရှင်းလင်းစွာမသိရသေးပါ။ လူတစ်ယောက်၏ အိပ်ခြင်း၊ထခြင်း အလေ့အကျင့်ပုံစံများနှင့် အချို့သော ဟော်မုန်းများဖြင့် ပတ်သတ်သည်နိုင်သည်ဟု ဆရာဝန်များက ယူဆကြသည်။ အိပ်နေကျအချိန်ပြောင်းလဲမှုများနှင့်တော့ မသက်ဆိုင်ကြောင်းတွေ့ရှိရသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဝသောသူဖြစ်ပါက (သို့) အခြားသော အစားနှင့်ပတ်သတ်သည့် ရောဂါစုတခုရှိပါက ပိုမိုဖြစ်ပွားနိုင်သည်။ စိုးရိမ်သောကရောက်နေခြင်း၊စိတ်ဓါတ်ကျနေခြင်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့်လည်း အဖြစ်များသည်။ သုတေသနပညာရှင်များသည် မျိုးရိုးနှင့် ညတွင်အစားလွန်ခြင်း ရောဂါစု ၏ ဖြစ်နိုင်သောပတ်သတ်မှုအချို့ကိုလည်းတွေ့ရှိထားသည်။ ပီအီးအာဝမ်းခေါ်သော ဗီဇတစ်မျိုးသည် ခန္ဓါကိုယ်၏ ဇီဝနာရီကို ထိန်းချုပ်ပေးပြီး ထိုဗီဇတွင် ချို့ယွင်းမှုဖြစ်ပါက လည်း ညတွင်အစားလွန်ခြင်း ရောဂါစုဖြစ်နိုင်ချေများကြောင်းသိရသည်။ ထပ်မံသုတေသနလုပ်ရန်လိုအပ်နေသေးသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါရာဇဝင်နှင့် အိပ်ခြင်း၊စားခြင်း အလေ့အကျင့်များ အား ဆရာဝန်မှ မေးမြန်းခြင်းဖြင့်လည်း စမ်းသပ်တွေ့ရှိနိုင်သည်။ တိတိကျကျဖြေရန်လိုအပ်သည့် မေးခွန်းများပါဝင်သည်။ အိပ်ရေးပုံစံကိုတိုင်းတာသော စစ်ဆေးမှုများလည်းပြုလုပ်ရတတ်ပြီး ထိုစစ်ဆေးမှုသည်
– ဦးနှောက်၏ အာရုံကြောလှိုင်းများ
– သွေးထဲရှိ အောက်ဆီဂျင်ပမာဏများ
– အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့ကိုလည်းတိုင်းတာပေးသည်။ အများအားဖြင့် ဆေးရုံများနှင့် အိပ်စက်ခြင်းအား သုသေသနလုပ်သည့်နေရာများတွင်တိုင်းတာရတတ်သည်။
ညတွင်အစားလွန်ခြင်း ရောဂါစုသည် ညတွင် အနည်းဆုံးသုံလခန့်အလွန်အကျူးစားသောက်ခြင်းကြောင့်ဖြစ်ရပြီး မူးယစ်ဆေးဝါး၊သောက်သုံးနေရသောဆေးဝါးများ၊နှင့် စိတ်ပိုင်းဆိုင်ရာရောဂါအခြေအနေများကြောင့် တိုက်ရိုက် မဖြစ်ပွားနိုင်ပါ။
Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကို ဘယ်လိုကုသပါသလဲ
စိတ်ကျရောဂါကုဆေးများ နှင့် အနေအထိုင်သိစိတ်တို့အားပြောင်းလဲစေသောကုသမှုများသည် ပျောက်ကင်းရန် အထောက်အကူပြုကြောင်းလေ့လာမှုတခုကဆိုသည်။ စိတ်ပိုင်းဆိုင်ရာအပန်းဖြေခြင်း၊
ပေါ့ပါးအောင်ပြုလုပ်ခြင်းဖြင့်လည်း ညတွင်အစားစားချင်စိတ်ကိုမနက်သို့ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်းလည်း အသေးစား လေ့လာမှုတစ်ရပ်ကဆိုထားသည်။ စိတ်ကျရောဂါကုဆေးများ ဥပမာ မယ်လတိုနင်နှင့် မယ်လတိုနင်အား ခန္ဓါကိုယ်တွင်းတွင် မြှင့်တင်များပြားစေသော ဆေးများသည် စိတ်ပိုင်းဆိုင်ရာနှင့်ညဘက်အစာစားချင်စိတ်တို့ကို ထိန်းချုပ်ပြီး နေထိုင်မှုအားပိုမိုကောင်းမွန်စေနိုင်ကြောင်းသိရသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။