backup og meta

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကဘာလဲ။

ညတွင်အလွန်အကျူးစားသောက်ခြင်း နှင့် အတူ အိပ်ပျော်ရန်ခက်ခဲခြင်းတို့ကိုဆိုလိုသည်။

ယခုရောဂါစုနှင့်အတူ ညစာနောက်ပိုင်းတွင် အလွန်အကျူးစားသောက်ခြင်း၊အိပ်မပျော်ခြင်း၊နှင့် တရေးနိုးသောအခါ ထစားသောက်ခြင်းတို့လည်းပါဝင်သည်။

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

ညတွင်အစားလွန်ခြင်း ရောဂါစုသည် လူတစ်ရာတွင် တယောက်ထက်ပို၍ဖြစ်ပွားလေ့ရှိသည်။ အကယ်၍ ဝဖိုင့်သူဖြစ်ပါက ဆယ်ပုံ တစ်ပုံဖြစ်နိုင်ချေရှိနေသည်။ ထပ်မံသိရှိလိုပါက ဆရာဝန်နှင့်တွေ့ဆုံ ပြသပါ။

လက္ခဏာများ

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ညတွင်အစားလွန်ခြင်း ရောဂါစု ရှိပါက ညစာစားပြီးနောက်ပိုင်းတွင်လည်း ထပ်မံ၍တနေ့တာပုံမှန်စားသောက်နေကျ ကယ်လိုရီ၏ လေးပုံတစ်ပုံကို စားသောက်လေ့ရှိသည်။ တစ်ပတ်တွင် အနည်းဆုံး နှစ်ကြိမ်ခန့်ညအိပ်နေရာမှ ထ၍စားသောက်လေ့ရှိတတ်သည်။ အနည်းဆုံး အောက်ပါအချက်သုံးချက်နှင့်လည်း ကိုက်ညီနေတတ်သည်။

  • မနက်တွင်အစာစားချင်စိတ်မရှိခြင်း
  • ညစာနှင့် ညအိပ်ချိန်ကြားတွင်သာ ဗိုက်ဆာခြင်း၊အစာစားရန်စိတ်အားထက်သန်နေခြင်း
  • တစ်ပတ်တွင် 4 ၊5 ည လောက် ညအိပ်မပျော်ခြင်း
  • အစာစားမှ ညအိပ်ပျော်မည်၊ပြန်အိပ်ပျော်နိုင်မည်ဟု မှားယွင်းယုံကြည်နေခြင်း
  • စိတ်ဓါတ်ကျနေခြင်း အထူးသဖြင့် ညနေခင်းအချိန်များတွင် စိတ်ကျခြင်း

ညတွင်အစားလွန်ခြင်း ရောဂါစုသည် အစားကျူးခြင်းရောဂါစုနှင့်ကွာခြားသည်။ အစားကျူးခြင်းရောဂါစုသည်ကား တထိုင်တည်းနှင့် အလွန်အကျူးစားသောက်ခြင်းကိုဆိုလိုသည်။ ညတွင်အစားလွန်ခြင်း ရောဂါစုတွင် အစားအသောက်များကို နည်းနည်းစီဖြင့် တစ်ညလုံးစားသောက်နေခြင်းဖြစ်တန်ရာ၏။ အစာစားခဲ့သည်ကိုလည်း မှတ်မိနေပြီး အိပ်ရေးနှင့်ပြောင်းလဲတတ်သော အစာစားခြင်းရောဂါစုနှင့် ကွာခြားပြန်သည်။

အထက်ပါလက္ခဏာများအပြင် ရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့်တိုင်ပင်ပြသပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ယခုထိ ရှင်းလင်းစွာမသိရသေးပါ။ လူတစ်ယောက်၏ အိပ်ခြင်း၊ထခြင်း အလေ့အကျင့်ပုံစံများနှင့် အချို့သော ဟော်မုန်းများဖြင့် ပတ်သတ်သည်နိုင်သည်ဟု ဆရာဝန်များက ယူဆကြသည်။ အိပ်နေကျအချိန်ပြောင်းလဲမှုများနှင့်တော့ မသက်ဆိုင်ကြောင်းတွေ့ရှိရသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဝသောသူဖြစ်ပါက (သို့) အခြားသော အစားနှင့်ပတ်သတ်သည့် ရောဂါစုတခုရှိပါက ပိုမိုဖြစ်ပွားနိုင်သည်။ စိုးရိမ်သောကရောက်နေခြင်း၊စိတ်ဓါတ်ကျနေခြင်း နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့ကြောင့်လည်း အဖြစ်များသည်။ သုတေသနပညာရှင်များသည် မျိုးရိုးနှင့် ညတွင်အစားလွန်ခြင်း ရောဂါစု ၏ ဖြစ်နိုင်သောပတ်သတ်မှုအချို့ကိုလည်းတွေ့ရှိထားသည်။ ပီအီးအာဝမ်းခေါ်သော ဗီဇတစ်မျိုးသည် ခန္ဓါကိုယ်၏ ဇီဝနာရီကို ထိန်းချုပ်ပေးပြီး ထိုဗီဇတွင် ချို့ယွင်းမှုဖြစ်ပါက လည်း ညတွင်အစားလွန်ခြင်း ရောဂါစုဖြစ်နိုင်ချေများကြောင်းသိရသည်။ ထပ်မံသုတေသနလုပ်ရန်လိုအပ်နေသေးသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်နှင့် အိပ်ခြင်း၊စားခြင်း အလေ့အကျင့်များ အား ဆရာဝန်မှ မေးမြန်းခြင်းဖြင့်လည်း စမ်းသပ်တွေ့ရှိနိုင်သည်။ တိတိကျကျဖြေရန်လိုအပ်သည့် မေးခွန်းများပါဝင်သည်။ အိပ်ရေးပုံစံကိုတိုင်းတာသော စစ်ဆေးမှုများလည်းပြုလုပ်ရတတ်ပြီး ထိုစစ်ဆေးမှုသည်

– ဦးနှောက်၏ အာရုံကြောလှိုင်းများ

– သွေးထဲရှိ အောက်ဆီဂျင်ပမာဏများ

– အသက်ရှူနှုန်းနှင့် နှလုံးခုန်နှုန်းတို့ကိုလည်းတိုင်းတာပေးသည်။ အများအားဖြင့် ဆေးရုံများနှင့် အိပ်စက်ခြင်းအား သုသေသနလုပ်သည့်နေရာများတွင်တိုင်းတာရတတ်သည်။

ညတွင်အစားလွန်ခြင်း ရောဂါစုသည် ညတွင် အနည်းဆုံးသုံလခန့်အလွန်အကျူးစားသောက်ခြင်းကြောင့်ဖြစ်ရပြီး မူးယစ်ဆေးဝါး၊သောက်သုံးနေရသောဆေးဝါးများ၊နှင့် စိတ်ပိုင်းဆိုင်ရာရောဂါအခြေအနေများကြောင့် တိုက်ရိုက် မဖြစ်ပွားနိုင်ပါ။

Night eating syndrome (ညတွင်အစားလွန်ခြင်း ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

စိတ်ကျရောဂါကုဆေးများ နှင့် အနေအထိုင်သိစိတ်တို့အားပြောင်းလဲစေသောကုသမှုများသည် ပျောက်ကင်းရန် အထောက်အကူပြုကြောင်းလေ့လာမှုတခုကဆိုသည်။ စိတ်ပိုင်းဆိုင်ရာအပန်းဖြေခြင်း၊

ပေါ့ပါးအောင်ပြုလုပ်ခြင်းဖြင့်လည်း ညတွင်အစားစားချင်စိတ်ကိုမနက်သို့ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်းလည်း အသေးစား လေ့လာမှုတစ်ရပ်ကဆိုထားသည်။ စိတ်ကျရောဂါကုဆေးများ ဥပမာ မယ်လတိုနင်နှင့် မယ်လတိုနင်အား ခန္ဓါကိုယ်တွင်းတွင် မြှင့်တင်များပြားစေသော ဆေးများသည် စိတ်ပိုင်းဆိုင်ရာနှင့်ညဘက်အစာစားချင်စိတ်တို့ကို ထိန်းချုပ်ပြီး နေထိုင်မှုအားပိုမိုကောင်းမွန်စေနိုင်ကြောင်းသိရသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Night Eating Syndrome: Signs and Symptoms https://www.eatingdisorderhope.com/blog/night-eating-syndrome-signs-and-symptoms Accessed November 02, 2017
What Is Night Eating Syndrome? https://www.webmd.com/mental-health/eating-disorders/binge-eating-disorder/what-is-night-eating-syndrome#2 Accessed November 02, 2017

ယခုပုံစံ

03/02/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement