backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းရဲ့ အမှန်တရား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းရဲ့ အမှန်တရား

တချို့လူတွေက အစားအသောက်ကို အလွန်အကြူးစားသောက်နေခြင်းဟာ ကိုယ်ခန္ဓာထဲမှာ အာဟာရဓာတ်တွေ ပြတ်လတ်နေတာကြောင့်လို့ ထင်ကြတယ်။ အံ့အားသင့်စရာကောင်းတာက ဒီအဆိုဟာအမှန်ဖြစ်တယ်လို့ ထောက်ခံစရာအချက်ကို သုတေသနပညာရှင်တွေက မတွေ့ခဲ့ကြပါဘူး။ တချို့တွေကတော့ အစားအသောက်ကို အလွန်အကြူးစားနေခြင်းဟာ မိမိနှစ်သက်တဲ့အစားအသောက်တွေကို လိုတာထပ်ပိုစားနေတာလို့ ပြောကြတယ်။ ဒါကရော မှန်ရဲ့လား။

အစားအသောက်ကို အလွန်အကြူးစားခြင်းဆိုတာ ဘာလဲ။ ဘာကိုဆိုလိုတာလဲ။

လေ့လာမှုတွေအရ ဦးနှောက်မှာရှိတဲ့ ( Insula, hippocampus, caudate) နေရာတွေက အစားအသောက်ကို အလွန်အကြူးစားခြင်းကို ဖြစ်စေနိုင်ပါတယ်။ သင့်ကိုယ်ထဲမှာ တချို့သောအာဟာရ (ဥပမာ- ဗီတာမင်ဘီ၁၂ ၊ ကယ်စီယံဓာတ်) ချို့တဲ့ရင်လည်း အလွန်အကြူးစားခြင်းကို ဖြစ်စေတယ်။ စိတ်ဖိစီးမှုများတဲ့လူတွေက သကြားကို အလွန်စားကြတယ်။

တချို့သုတေသန ပညာရှင်တွေကတော့ ချောကလက်နဲ့ ကယ်လိုရီများတဲ့ အစားအသောက်တွေဟာ ဦးနှောက်ထဲမှာ endophine ကို ထုတ်ပေးတယ်လို့ ပြောကြတယ်။ ဒီဓာတ်က သင့်စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ပျော်ရွှင်မှုကို ရစေနိုင်တယ်။ ဒါ့ကြောင့်လူတွေက ကောင်းမွန်တဲ့ ခံစားချက်ရဖို့ ဒီအစားအသောက်တွေကို စားကြတယ်။

အစားအသောက်အလွန်အကြူးစားခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေအများကြီးှ ရှိသေးတယ်။ တကယ်လို့သင်က ချောကလက်ကို အလွန်စားချင်နေတယ်ဆိုလျှင် မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေတာ ဖြစ်နိုင်တယ်။

ခရိုမီယမ်၊ ထရိုင်တိုဖန်၊ ဆာလဖာ၊ ကာဗွန် သို့မဟုတ် ဖော့စဖိတ်ဓာတ်နည်းနေသောအခါ သကြားကို အလွန်အမင်းစားလိမ့်မယ်။

နိုက်ထရိုဂျင်ချို့တဲ့လျှင် ပေါင်မုန့်နှင့် ဆီရီယမ်အာဟာရတွေကို ပိုစားလိမ့်မယ်။

ကိုယ်ထဲမှာ ကယ်ဆီယမ်နည်းနေလျှင် အဆီများတဲ့အစားအသောက်တွေကို ပိုစားလိမ့်မယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း အစားအသောက် အလွန်အကြူးစားခြင်း

အဖြစ်များသော အစားအသောက်လွန်ကြူးခြင်းများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက တစ်ခါတရံ ဒီအစားအသောက်တွေကို အလွန်အကြူးစားတတ်ကြတယ်။

  • နို့၊ ချောကလက် သို့ ရေခဲမုန့်
  • ချိုသောအရာအမျိုးမျိုး
  • စတော်ဘယ်ရီ၊ ဂရိတ်ဖရု၊ သရက်သီးနှင့် နာနတ်သီးကဲ့သို့ အသီးများ
  • ငါး
  • အစပ်၊အငန်၊ ဆီများသော အစားအစာများ သို့မဟုတ် ချဉ်သောအစားများ
  • အာလူးထောင်း၊ အာလူးကင် သို့ အစေ့အဆံရယ်

ပုံမှန်မဟုတ်သောစားသောက်မှု

တချို့အမျိုးသမီးတွေက အစားအသောက်ကို မစားချင်ဘဲ စားစရာမဟုတ်တဲ့အရာတွေကို တပ်မက်စွာ စားချင်နေတတ်ကြတယ်။ ဥပမာ –

  • ရေခဲ
  • ဖုံ၊ ရွှံ့စေး
  • ဆပ်ပြာ သို့ ဆပ်ပြာမှုန့်
  • သုတ်ဆေးအချပ်တွေသို့ ပြာတွေ
  • အဝတ်အစား၊ စက္ကူ
  • အပင်များ
  • ကော်ဖီမှုန့်အကြမ်း ၊ ပြောင်းဖူးအကြမ်း

အစားအသောက် အလွန်အကြူးစားခြင်းကို ဘယ်လိုတိုက်ဖျက်မလဲ။

အစားအသောက် အလွန်အကြူးစားခြင်းက ကျန်းမာရေးအတွက်မကောင်းကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေအတွက် မကောင်းကြောင်းကို သူတို့ကို ပြောပြရမယ်။ ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက်တွေက သင့်ကလေးကို ထိခိုက်စေနိုင်တယ်။ ဒါ့ကြောင့် အစားအသောက်ကို လျှော့စားသင့်တယ်။ ဒါပေမယ့် ဒီလိုလုပ်ဖို့က မလွယ်ကူလှဘူး။

သတင်းကောင်းတစ်ခုကတော့ သင်ကြိုက်တဲ့ အစားအသောက်တွေကို စားနိုင်တယ်။ ဒါပေမယ့် ချင့်ချိန်စားရမယ်။ သင်ကြိုက်နှစ်သတ်တဲ့ ချောကလက်၊ အာလူးကြော်၊ ရေခဲမုန့်စတဲ့ အရာအားလုံးကို စားနိုင်တယ်။ ဒါပေမယ့် အလွန်အကြူးမစားပါနဲ့။ ဒါတွေက ကြာကြာစားရင် စွဲစေနိုင်တယ်။ အဲ့အရာတွေအစား ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ။

တကယ်လို့ သင်ဟာ အချိုကြိုက်တယ်ဆိုလျှင် အချိုတွေစားပြီးတိုင်း သွားတိုက်ပေးရပါမယ်။ နောက်ဆုံးအနေနဲ့ သင့်ကိုယ်ကလိုအပ်တာကို အဖြေရှာတွေ့သွားရင် အစားအသောက် အလွန်အကြူးစားခြင်းက ရပ်တန့်သွားပါလိမ့်မယ်။

ဒါပေမယ့် မူမမှန်တဲ့ ချဉ်ခြင်းတပ်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် ဒါဟာ လုံးဝမကောင်းတဲ့အခြေအနေပါ။ သင့်ကိုယ်သင် ပုံမမှန်ချဉ်ခြင်းတပ်တယ်လို့ ထင်လျှင် ဆရာဝန်ထံ အမြန်သွားပါ။ ထူးဆန်းတဲ့အရာတွေက အဆိပ်သင့်စေပြီး သင်စားလိုက်လျှင် ကလေးကိုသေစေနိုင်လို့ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement