backup og meta

သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 22/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား

    အကြောင်းအရာတိုင်း၊ အဖြစ်အပျက်တိုင်း၊ အခြေအနေတိုင်းကို အလွန်အကျွံတွေ ခံစားမိနေတာ၊ အလွန်အမင်းတွေကို Highly Sensitive ဖြစ်တယ်လို့ ခေါ်ပါတယ်။ သံသယလွန်ကဲတာပေါ့။ သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား ။

    သင်ဟာ သံသယ လွန်ကဲလွန်းသူ ဖြစ်နေပြီလား

    သံသယလွန်ကဲတာဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်မျိုးဖြစ်ပါတယ်။ လူမှုပတ်ဝန်းကျင်အပေါ် ရှုမြင်ပုံအပိုင်းမှာ ပြဿနာရှိနေတာဖြစ်ပြီး ဒီလို စိတ်ခံစားချက်မျိုးက Introvert တွေမှာရော Extrovert တွေမှာပါ ရှိနေနိုင်ပါတယ်။

    သံသယလွန်ကဲတာဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်ပြိး ပိုမိုဆိုးရွားတဲ့ အနေအထားတစ်ခုမှာ စိတ်ဖိစီးတာ၊ သောကများတာနဲ့ စိတ်ဓာတ်ကျတာလို စိတ်ဝေဒနာတွေ အလွယ်တကူဖြစ်လာနိုင်တာမို့ သတိထားသင့်ပါတယ်။

    ကိုယ်ဟာ သံသယလွန်ကဲလွန်းသူဖြစ်နေပြီလားဆိုတာကို အပြုအမူတွေကို ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ၊ အပြုအမူတွေနဲ့ ပေါင်းသင်းဆက်ဆံပုံတွေ၊ တွေးမြင်ပုံတွေဟာ သံသယလွန်ကဲသူဖြစ်နေခြင်းရှိမရှိကို ဖော်ပြပေးနိုင်ပါတယ်။

    မိမိကိုယ်ကိုယ် သံသယလွန်ခြင်း

    Highly sensitive people တွေ သံသယလွန်ကဲရာမှာ အမျိုးမျိုးရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာကလည်း အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် သံသယဝင်ရာမှာတော့

    • အပြုသဘောမဆောင်တဲ့ အတွေးတွေ၊ စိတ်ခံစားချက်တွေကို ဆုပ်ကိုင်ထားမိနေတာ
    • စိတ်ဖိစီးမတာ၊ ခေါင်းကိုက်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ခံစားချက်တွေ မကြာခန ခံစားမိနေတာ
    • အဆင်မပြေတဲ့ နေ့တွေကြုံလာတိုင်း အိပ်မပျော်တာ/အလွန်အကျွံအိပ်တာ ဒါမှမဟုတ် အစားအသောက်ပျက်တာ/အလွန်အကျွံစားတာမျိုးတွေ ဖြစ်တတ်တာ
    • မကြခန စိတ်တင်းကျပ်တာ၊ ပူပင်သောကများတာ
    • မျှော်လင့်ထားသလိုမဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ပြစ်တင်လို့မဆုံးဖြစ်နေတတ်တာ
    • သေးသေးမွှားမွှားအခြေအနေမျိုးမှာတောင်မှ ငြင်းပယ်ခံရမှာကို စိုးရိမ်တာ
    • ဘယ်အခြေအနေမှာမဆို သူများနဲ့ လိုက်ပြီး နှိုင်းယှဉ်နေတတ်တာ၊ နိမ့်ပါးတယ်လို့ ခံစားရရင် အလိုလို စိတ်ဓာတ်ကျနေတတ်တာ
    • မမျှတတာတွေကို မြင်ရရင် ၊ ခံစားရရင် အလွန်အမင်း စိတ်ဆိုးဒေါသထွက်တတ်တာ၊ မျိုးတွေပါပဲ။

    သူတပါးအပေါ် သံသယလွန်ကဲခြင်း

    သံသယလွန်ကဲခြင်းဟာ ပုံသဏ္ဍာအမျိုးမျိုးရှိနိုင်ပြီးတော့ မိမိကိုယ်တိုင်သာမက သူတပါးအပေါ်မှာလည်း သံသယလွန်ကဲတဲ့စိတ်မျိုး ဖြစ်တတ်ပါတယ်။

    • သူများ ဘာတွေးနေမလဲ၊ ဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးတော ပူပင်နေတတ်တာ
    • ဂရုစိုက်မှုကို လိုချင်တာ
    • ဂရုစိုက်မှုကို ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ ရှာဖွေတတ်တာ၊ မရရင် မပျော်မရွှင်ဖြစ်တတ်တာ
    • အလွယ်တကူ နာကျင်ကြေကွဲတတ်တာ
    • အပြုသဘောမဆောင်တဲ့ အတွေးတွေ၊ ယုံကြည်ချက်တွေကို ဖုံးကွယ်ထားပြီး အတွင်းမှာ ကြိတ်ခံစားနေတတ်တာ
    • ဆန့်ကျင်ဘက်အနေနဲ့ တစ်ခါတစ်ရံမှာ ခံစားချက်တွေကို ထုတ်ဖော်ပြောတတ်တယ်၊ တကယ်တမ်းက သူ့ဘဝမှာ Drama တွေများတယ်ဆိုတာ သိစေချင်လို့၊
    • အကျိုးသင့်အကြောင်းသင့် ဝေဖန်မှုတွေကိုတောင်မှ လက်ခံနိုင်ဖို့ ခက်ခဲတာ
    • ခိုင်လုံတဲ့ အချက်အလက်မရှိပေမယ့်လည်း သူများဆိုရင် ဝေဖန်ကဲ့ရဲ့ချင်တာ
    • နည်းနည်းလောက် စိတ်ဆွပေးလိုက်တာနဲ့ လွန်လွန်ကဲကဲတုန့်ပြန်တတ်တာ
    • အစုအဖွဲ့လိုက်လုပ်ဆောင်ရမယ့် အခြေအနေတွေမှာဆိုရင် အံဝင်ခွင့်ကျမဖြစ်တတ်တာ
    • ကိုယ့်ရဲ့ အရင်းနှီးဆုံး၊ အချစ်ဆုံးသူတွေရဲ့ ငြိုငြင်မှု၊ ငြင်းပယ်မှုခံရမှာကို ကြောက်ရွံ့တတ်တာတွေဖြစ်ပါတယ်။

    ပတ်ဝန်းကျင်အခြေအနေကို သံသယလွန်ကဲခြင်း

    ပတ်ဝန်းကျင်အခြေအနေတွေကြောင့်လဲ သံသယ လွန်ကဲမှု ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ အရာတွေကတော့ စိတ်ပင်ပန်းဆင်းရဲမှုကို ခံစားရတာ ပိုများတတ်ပါတယ်။ ဘယ်လို အချက်တွေလဲဆိုတော့

    • လူစုလူဝေးအခြေအနေမျိုး၊ အခန်းတစ်ခုထဲမှာ လူတွေပြည့်ကျပ်နေတဲ့ အခြေအနေမျိုးမှာ စိတ်မသက်မသာစွာ ခံစားရတာ
    • လင်းလွန်း၊ ကျယ်လောင်လွန်းတာလိုမျိုး လွန်ကဲတဲ့ အခြေအနေတစ်ခုခုနဲ့ ကြုံဆုံရချိန်မျိုးမှာ စိတ်မသက်မသာစွာ ခံစားရတာ
    • ဆူညံသံတွေ၊ ကျပ်ညပ်နေတာတွေ၊ စိတ်မချမ်းမြေ့ဖွယ်ရာ Surprises လုပ်ရပ်တွေကို ကြောက်ရွံ့တတ်တာ
    • စိတ်မချမ်းမြေ့ဖွယ်သတင်းတွေကို မီဒီယာတွေ၊ ဆိုရှယ်မီဒီယာတွေ၊ စာအုပ်စာပေတွေမှာ မြင်တွေ့ရင် အကြီးအကျယ် စိတ်မချမ်းသာဖြစ်တတ်တာ
    • ဆိုရှယ်မီဒီယာမှာ ကိုယ်လေးစားအားကျရသူတွေက ကိုယ်မနှစ်သက်တာတွေကို Post တင်တဲ့အခါ စိတ်မချမ်းမသာဖြစ်တတ်တာ၊ စတာတွေပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 22/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement