backup og meta

ပျော်ရွှင်နေမယ့်ကလေးတစ်ယောက်က ဘာ့ကြောင့် ဒေါသတွေ ကြီးနေရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်နေမယ့်ကလေးတစ်ယောက်က ဘာ့ကြောင့် ဒေါသတွေ ကြီးနေရတာလဲ ။ ။

    ကလေးအရွယ်ဆိုတာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွင်နေရမှာပါ။ စိတ်ကောက်တာလောက်တော့ ရှိတတ်ပေမယ့် ဒေါသထွက်တတ်တာ ၊ ဒေါသကြီးတာတွေကို မသိသေးတဲ့အရွယ်ပါ။ ဒါပေမယ့် တချို့ကလေးတွေ ကျတော့လည်း အရွယ်နဲ့ မလိုက် ဒေါသကြီး၊ စိတ်ကြီးတဲ့ ကလေးတွေ ရှိပါတယ်။ စိတ်အခန့်မသ့င်လို့ တစ်ခါတလေဒေါသထွက်တာမျိုးကို လက်ခံလို့ရပေမယ့် အမြဲတစေ ကလေးအရွယ်နဲ့ ဒေါသကြီးတာကတော့ ကောင်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

    ဒါဆို ဘယ်လို အပြုအမူတွေရှိရင် သာမန်ဒေါသထွက်တာ မဟုတ်ဘူးလို့ ပြောနိုင်လဲ ။ ။

  • သူကရဲ့ ဒေါတစ်ကြီး တုံ့ပြန်တတ်တဲ့ အပြုအမူတွေကြောင့် သူကိုယ်တိုင်နဲ့ အခြားသူတွေကို ထိခိုက်တာ
  • အိမ်မှာတင်မဟုတ် ကျောင်းတွေမှာပါ ဒေါသတစ်ကြီးတုံ့ပြန်နေတယ်ဆိုတဲ့အကြောင်း ဆရာမတွေဆီက ပြန်ကြားမယ်
  • သူငယ်ချင်းတွေနဲ့လည်း အဆင်မပြေတဲ့အတွက် သူငယ်ချင်းမရှိဘူး
  • အိမ်မှာလည်း မောင်နှမတွေ၊ မိဘတွေ ဘာလုပ်ပေးလုပ်ပေး အကောင်းမမြင်ဘဲ တစ်ချိန်လုံး ဒေါသထွက်ဂျီကျနေမယ်
  • ဒေါသကိုထိန်းမရလို့ သူကိုယ်တိုင်လည်း တစ်ချိန်လုံး စိတ်ရှုပ်နေမယ် ဆိုရင် သင့်ကလေးမှာ ဒေါသထွက်လွယ်တဲ့ ပြဿနာတွေ ရှိနေပါပြီ ။ ။
  • သင့်ကလေးဒေါသထွက်လွယ်နေတာ ဒါတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

    ကလေးမှာဖြစ်နေတဲ့ ဒေါသထွက်လွယ်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ဆိုရင် ဒေါသဖြစ်ရခြင်းရဲ့ အရင်းခံကိုသိဖို့လိုအပ်ပါတယ်။ ဒီတော့ သင့်ကလေးဒေါသကြီးနေရခြင်းဟာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ် ။

    ADHD (ဂနာမငြိမ်ဖြစ်ပြီး အာရုံးစူးစိုက်မှု အားနည်းရောဂါ)

    ADHD (Attention deficit hyperactive disorder) လို့ခေါ်တဲ့ ရောဂါတစ်မျိုးကတော့ တစ်ခုခုကို အာရုံသေချာ မစူးစိုက်နိုင်ဘဲ စိတ်ပျံ့လွယ်တဲ့ ရောဂါတစ်ခုပါ။ ဒီပြဿနာခံစားနေရတဲ့ ကလေးတစ်ယောက်က ဟိုဟာကိုလည်း လုပ်ချင် ဒီကိစ္စမှာလည်း ပါချင်နေတတ်ပြီး တစ်ခုတည်းကို အာရုံသေချာ မစူးစိုက်နိုင်၊ အာရုံမစိုက်နိုင်တော့ ဘယ်ဟာကိုမှ ပြီးအောင် ဖြစ်ဖြစ်မြောက်မြောက်ပြီးအောင် မလုပ်နိုင်တော့ အားမရရာကနေ ဒေါသတွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

    Anxiety ( စိတ်ပူပန်တတ်လွန်းတဲ့ ပြဿနာ)

    မကြာခဏ ဒေါသထွက်လွယ်တတ်တဲ့ ကလေး ၂၀ ရာခိုင်နှုန်းလောက်မှာ Anxiety လို့ခေါ်တဲ့ ( စိတ်ပူပန်တတ်လွန်းတဲ့ ပြဿနာ) ရှိနေတတ်ပါတယ်။ ကလေးတော်တော်များများက သူတို့ကြောက်နေတဲ့ အရာ၊ သူတို့စိုးရိမ်ရတဲ့ အရာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဖြစ်နေတဲ့ ပူပန်မှုကိုဖုံးရင်းဖုံးရင်းနဲ့ ဒေါသတွေ ထွက်လာတတ်ကြပါတယ်

    ဂရုစိုက်မှု မခံရတဲ့အခါ

    မိဘ တွေက အလုပ်များတာကြောင့် ဂရုစိုက်ခြင်းမခံရတဲ့ ကလေးတွေက ပိုပြီး ဒေါသထွက်လွယ်တတ်ကြပါတယ်။ ဂရုစိုက်မှု မခံရတဲ့ ကလေးတွေက နောက်ပိုင်း ဂရုစိုက်တယ်၊ ချစ်ခင်ကြင်နာတယ်ဆိုတာ ဘာမှန်းမသိတော့ဘဲ အမြဲ အလိုမကျရန်လိုတဲ့သူတွေ အဖြစ်ပြောင်းလဲသွားတတ်ပါတယ်။

    သင်ယူမှုဆိုင်ရာ အခက်အခဲရှိနေတာ

    လေ့လာသင်ယူခြင်းဆိုင်ရာ ပြဿနာတွေ ရှိတဲ့ ကလေးတစ်ယောက်ဟာ ကျောင်းမှာ စာမလိုက်နိုင်တာကြောင့် ရွယ်တူတွေကြားထဲ ကိုယ့်ဘာသာသိမ်ငယ်ပြီး အလိုမကျအမြဲဖြစ်ကာ ဒေါသတွေ ထွက်နေတတ်ပါတယ်။ ဒီဒေါသတွေဟာ သူကြောက်နေတဲ့ ဘာသာကို သင်နေရချိန် အိမ်စာလုပ်နေရချိန်မှာ ပိုပြီး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ကလေးရဲ့ သင်ယူနိင်စွမ်း ပြဿနာတွေကို ဖြေရှင်းပေးဖို့ မိဘတွေ ဘက်က ဖေးမပေးရမှာ ဖြစ်ပါတယ်။

    Autism ( ဉာဏ်ရည်မမီတဲ့ကလေးတွေ )

    Autism လို့ခေါ်တဲ့ ဉာဏ်ရည်မမီတဲ့ ပြဿနာခံစားနေရတဲ့ ကလေးတွေက အခြားပုံမှန်ကလေးတွေထက်စာရင်ပိုပြီး ဒေါသထွက်လွယ်တတ်ပါတယ် ။

    ကဲ ဒီတော့ အိမ်မှာ ဒေါသထွက်လွယ်နေတဲ့ကလေးတစ်ယောက်ရှိရင် အပေါ်ကပြောထားတဲ့ အချက်တွေထဲက ဘယ်အချက်နဲ့ ကိုက်ညီနေလဲဆိုတာကို သေချာလေ့လာပြီး ဖြေရှင်းလိုက်ရင် ဒေါသထွက်နေတဲ့ ကလေး ပုံမှန်ပြန်ဖြစ်သွားမှာ ကျိန်းသေပါတယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement