backup og meta

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ကဘာလဲ။

စိတ်ပိုင်းဆိုင်ရာ ပြသနာဖြစ်ပြီး ကိုယ်ခန္ဓါရဲ့ ပုံပန်းသဏ္ဍာန်မှာ တခုခု ချို့ယွင်းနေတယ်လို့ အမြဲတွေးတောမိနေတဲ့ အခြေအနေဖြစ်ပါတယ်။ တခါတရံမှာ သိသာပေမယ့် သတိမထားမိတဲ့ အခြေအနေလည်း ရှိတတ်ပါတယ်။ ဒီလိုအတွေးတွေကြောင့် ရှက်ကြောက်တတ်ပြီး လူအများနဲ့ တွေ့ဆုံနိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားလာပါတယ်။

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) က ဘယ်လောက်အဖြစ်များသလဲ

ဆယ်ကျော်သက်အရွယ် စတင်ခါစမှာ ဒီပြသနာဟာ ခပ်စိတ်စိတ်ဖြစ်ပွားတတ်ပါတယ်။ ယောက်ျားလေးရော မိတ်းကလေးမှာပါ ကြုံရတတ်ပါတယ်။ ဒီပြသနာကို ကုသနည်းတွေမှာ ဆေးဝါးကုသနည်းနဲ့ သိမှုဆိုင်ရာ အမူအကျင့်ကုထုံးတွေ ပါဝင်ပါတယ်။

လက္ခဏာများ

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • သူတပါးက အသေးအဖွဲလို့ထင်တဲ့၊ ဒါမှမဟုတ် သိတောင်မသိတဲ့ ပြစ်ချက်တွေ မိမိမှာရှိတယ်လို့ ခံစားရပြီး စိုးရိမ်မှုကြီးစွာ ဖြစ်တတ်ပါတယ်။
  • ဒီချို့ယွင်းချက်ဟာ မိမိကို ရုပ်ဆိုးစေပြီး တခြားသူတွေနဲ့ ကွာခြားတယ်လို့ ပြင်းပြစွာ ယုံကြည်တတ်ပါတယ်။
  • လူအများဟာ မိမိရဲ့ သွင်ပြင်ကို လိုတာထက်ပိုပြီး သတိပြုမိတတ်ပြီး မကောင်းတဲ့အမြင်ရှိမယ်လို့ ယုံကြည်နေတတ်ပါတယ်။
  • မိမိမှာရှိနေတယ်လို့ထင်တဲ့ ချို့ယွင်းချက်အတွက် ပြင်ဆင်ဖုံးကွယ်ဖို့ အမြဲကြိုးစားနေတတ်ပါတယ်။ (ဥပမာ- အမြဲမှန်ကြည့်နေခြင်း၊ မိမိကိုယ်ကို ပြုပြင်နေခြင်း)
  • မိမိကိုယ်ကို မိတ်ကပ်၊ ဦးထုပ်၊ အဝတ်အစား၊ ကိုယ်နေဟန်ထား စတာတွေနဲ့ အမြဲဖုံးကွယ် နေတတ်ပါတယ်။
  • မိမိသွင်ပြင်ကို သူတပါးနဲ့ အမြဲနှိုင်းယှဉ်နေတတ်ပါတယ်။
  • မိမိသွင်ပြင်နဲ့ ပတ်သက်ပြီး သူတပါးဆီက နှစ်သိမ့်မှုကို အမြဲလိုလားနေတတ်ပါတယ်။
  • လုံးဝပြည့်စုံနေဖို့ လိုလားပါတယ်။
  • လူအများနဲ့ ထိတွေ့ဆက်ဆံရမယ့် အနေအထားကို ရှောင်ကြဉ်တတ်ပါတယ်။
  • မှန်ကိုရှောင်လာပါတယ်။ ခွဲစိတ်ပြုပြင်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျူးလုပ်ခြင်းတွေ ပါဝင်လာပါတယ်။
  • အဲဒီအထင်အမြင်များကြောင့် လူအများနဲ့ ကျောင်းမှာ၊ လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံရာမှာ ကြီးမားတဲ့ ပြသနာတွေ ပေါ်လာပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ရှက်ကြောက်ခြင်းဟာ နားလည်တတ်ကျွမ်းသူဆီက အကူအညီယူဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ဒါပေမယ့် မိမိသွင်ပြင်အပေါ် ချို့ယွင်းချက်ရှိတယ်လို့ ခံစားလာရရင် ဆရာဝန်နဲ့ မြန်နိုင်သမျှမြန်အောင် ပြသသင့်ပါတယ်။

ဒီပြသနာဟာ သူ့အလိုလို ပျောက်မသွားနိုင်ပါဘူး။ မကုသဘဲထားရင်လည်း စိတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ မိမိကိုယ်ကို သေကြောင်းကြံစည်လိုသော အတွေးများ ဝင်လာခြင်း စတဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတွေ ပေါ်လာနိုင်ပါတယ်။

သင့်အနေနဲ့ မိမိသွင်ပြင်အပေါ် ချို့ယွင်းချက်ရှိတယ်လို့ ခံစားလာရရင်၊ မိမိချစ်ခင်သူတွေမှာ ခံစားလာရတာတွေ့ရင် ဆရာဝန် (သို့) နားလည်တတ်ကျွမ်းသူနဲ့ ပြသပြီး အကြံဉာဏ်၊ ကုသမှုရယူခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

အကြောင်းရင်းများ

Body Dysmorphic Disorder (ကိုယ်ခန္ဓါပုံပန်းမကျသလို ခံစားရခြင်းပြသနာ) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်း အတိအကျကို မသိရပေမယ့် တခြား စိတ်ပိုင်းဆိုင်ရာ ပြသနာတွေလိုပဲ အကြောင်းအားလုံး ပေါင်းစုံပြီး ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ အောက်ပါအချက်တွေ ပါဝင်ပါတယ်။

  • မျိုးရိုးဗီဇ။ မိသားစုဆွေမျိုးထဲ ဒီပြသနာရှိသူတွေ၊ စွဲလန်းလှုံ့ဆော်မှုပြသနာ ရှိသူတွေမှာ အဖြစ်များပါတယ်။
  • ဦးနှောက်ကွာခြားခြင်း။ ဦးနှောက်တည်ဆောက်ပုံနဲ့ အာရုံကြောပစ္စည်းများ ပုံမှန်မရှိခြင်းဟာ ဒီပြသနာကို အဖြစ်များစေပါတယ်။
  • ပတ်ဝန်းကျင်။ ပတ်ဝန်းကျင်၊ ဘဝအတွေ့အကြုံ၊ ယဉ်ကျေးမှု စတာတွေဟာ ဒီပြသနာကို ဖြစ်ပေါ်စေရာမှာ အဓိကကျပါတယ်။ အထူးသဖြင့် အဆိုးမြင် အကဲဖြတ်ခြင်းတွေ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်က လစ်လျူရှုခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း စတာတွေ ကြုံခဲ့ရခြင်းကြောင့်လည်း ဖြစ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Body dysmorphic disorder
http://www.mayoclinic.org/diseases-conditions/body-dysmorphic-disorder/home/ovc-20200935
Body dysmorphic disorder (BDD)
http://www.nhs.uk/Conditions/body-dysmorphia/Pages/Introduction.aspx
Body Dysmorphic Disorder (BDD)
https://www.adaa.org/understanding-anxiety/related-illnesses/other-related-conditions/body-dysmorphic-disorder-bdd

ယခုပုံစံ

18/12/2019

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်က introvert လား၊ extrovert လား ဆန်းစစ်ကြည့်ကြမယ်

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ



Dr. Thant Zin မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement