စိတ်အတက်အကျမြန်ရောဂါဆိုတာကတော့ စိတ်ဓာတ်တက်ကြွသွားလိုက်၊ စိတ်ဓာတ်ထိုးကျသွားလိုက်ပြောင်းလဲနေတဲ့ရောဂါတစ်မျိုးပါ။ အစွန်းနှစ်ဘက်အခြေအနေမျိုးအမြဲပြောင်းလဲနေတဲ့အတွက် bipolar disorder or manic depression လို့ခေါ်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
စိတ်အတက်အကျမြန်ရောဂါဆိုတာကတော့ စိတ်ဓာတ်တက်ကြွသွားလိုက်၊ စိတ်ဓာတ်ထိုးကျသွားလိုက်ပြောင်းလဲနေတဲ့ရောဂါတစ်မျိုးပါ။ အစွန်းနှစ်ဘက်အခြေအနေမျိုးအမြဲပြောင်းလဲနေတဲ့အတွက် bipolar disorder or manic depression လို့ခေါ်ပါတယ်။
နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေမှာ စိတ်အတက်အကျရောဂါက များစွာအနှောင့်အယှက်ဖြစ်စေပါတယ်။ စိတ်အခြေအနေပြောင်းလဲမှုများတဲ့အတွက် အလုပ်မှာ၊ ကျောင်းမှာ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာ အခက်အခဲပေါင်းစုံကြုံတွေ့စေရပါတယ်။
စိတ်အတက်အကျရောဂါအတွက် ပျောက်ကင်းအောင်ကုသလို့ရတဲ့နည်းလမ်းမရှိသေးပါဘူး ဒါပေမဲ့ ရောဂါအခြေအနေကိုကောင်းကောင်းမွန်မွန်ထိန်းထားနိုင်တဲ့ ကုသနည်းလမ်းတွေတော့ အများကြီးပေါ်ထွက်နေပြီပဲ ဖြစ်ပါတယ်။
စိတ်အတက်အကျရောဂါကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ကျခြင်းက ရက်သတ္တပတ် ( ၂ ) ပတ်ခန့်ကြာမြင့်တတ်ပြီး အလွန်အကြူးဘဝင်မြင့်စိတ်မျိုးဖြစ်ပျက်သွားတာကတော့ ရက်အနည်းငယ်ကနေ ( ၁ ) ပတ်ခန့်ကြာတတ်ပါတယ်။
စိတ်အတက်အကျမြန်ရောဂါရဲ့ အဓိကရောဂါလက္ခဏာတွေကတော့ အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း၊ အတန်အသင့်ဘဝင်မြင့်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ပဲဖြစ်ပါတယ်။
အလွန်အကြူးဘဝင်မြင့်စိတ်ဝင်ခြင်း သို့မဟုတ် စိတ်အတက်အခြေအနေမှာဆိုရင်တော့ စိတ်လှုပ်ရှားခြင်း၊ မစဉ်းစားမဆင်ခြင်ပဲလုပ်ကိုင်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်းနဲ အားအင်ပြည့်ဖြိုးနေသလိုခံစားရခြင်းတို့ ဖြစ်နိုင်ပါတယ်။
သင့်တော်တဲ့ ထိန်းချုပ်မှုတွေသာမရှိရင် ဒီအခြေအနေတွေက ခံစားနေရတဲ့ လူနာဟာ စဉ်းစားဆင်ခြင်မှုမရှိပဲ ပိုက်ဆံတွေ သုံးမိနေခြင်း ၊ ကျိုးကြောင်းဆင်ခြင်မှုမရှိပဲ လိင်မှုရေးရာကိစ္စများ ပြုလုပ်မိစေခြင်းနဲ့ မှုးယစ်ဆေးဝါးရဲ့သားကောင်ဘဝရောက်ရှိစေခြင်းတို့ကို ဦးတည်သွားစေနိုင်ပါတယ်။
အတန်အသင့်ဘဝမြင့်ခြင်းလက္ခဏာခံစားနေရသူတွေကတော့ အလွန်အကြူးဘဝင်မြင့်လောက်မပြင်းထန်တဲ့ လက္ခဏာအချို့ပဲခံစားရမှာပါ။ အလုပ်အကိုင်၊ ပညာရေးနဲ့ လူမှုရေးကိစ္စတွေမှာ သိသိသာသာထိခိုက်တာမျိုးမဖြစ်နိုင်စေပေမယ့် စိတ်အနှောင့်အယှက် ဖြစ်ရမှာပါ။
ဝမ်းနည်းခြင်း သောကရောက်ခြင်း အားအင်မရှိသလိုခံစားရခြင်း ပုံမှန်လုပ်ဆောင်နေကျ အလုပ်အကိုင်တွေမလုပ်နိုင်တော့ခြင်း အိပ်မပျော်စားမဝင်ခြင်းနှင့် မိမိကိုယ်ကိုသတ်သေရန်အားထုတ်မိခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။
စိတ်အတက်ကျမြန်ရောဂါဟာ ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပေမယ့် ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့အတွက် ရှာဖွေရခက်ခဲနေနိုင်ပါတယ်။
အမျိုးသားတွေသာမက အမျိုးသမီးနေမှာပါ စိတ်အတက်အကျမြန်ရောဂါ ကို ညီတူညီမျှ ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတချို့ကတော့ ကွဲပြားနိုင်ပါတယ်။
အမျိုးသမီးတွေမှာ ပိုမိုပြီးခံစားရနိုင်တဲ့ ရောဂါလက္ခဏာ တွေကတော့
ဒါ့အပြင်အမျိုးသမီးတွေမှာ ရာသီလာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ရာသီသွေးဆုံးခြင်း အစရှိသည့် ဟော်မုန်းအပြောင်းအလဲများကို ရင်ဆိုင်ရသည့် အတွက်ရောဂါလက္ခဏာများ မကြာခဏပိုမို၍ ပြသနိုင်ပါသည်
အမျိုးသားတွေမှာခံစားရတဲ့ ရောဂါလက္ခဏာ တချို့က အမျိုးသမီးတွေနဲ့ ကွဲပြား နိုင်ပါတယ်
ရောဂါလက္ခဏာတွေကတော့
ဒါ့အပြင်အမျိုးသားတွေဟာ ကိုယ်တိုင်ဖြေရှင်းဖို့နည်းလမ်း ပိုမိုရှာဖွေတတ်ကြသလို အမျိုးသမီးတွေထက်ပိုပြီး မိမိကိုယ်ကိုသတ်သေမိရန် အခွင့်အလမ်း ပိုများပါသည်။
စိတ်အတက်ကျရောဂါအတွက် ကုသနည်းများစွာ ရှိပါတယ်။
ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။