ကိုယ့်ကိုယ်ကို စိတ်ကျေနပ်မှုမရှိဘူး -ဖေ့ဘုတ်ခ်သုံးတဲ့အခါ အခြားသူတွေရဲ့ အောင်မြင်မှုကိုကြည့်ပြီး ကိုယ့်အခြေအနေကို အားမလိုအားမရဖြစ်မှုတွေခံစားရပြီ စိတ်ပိုင်းဆိုင်ထိခိုက်မှုတွေခံစားရနိုင်ပါတယ်။
ဝန်တိုစိတ်တွေဖြစ်လာနိုင်တယ် – အခြားသူတွေရဲ့ပျော်ရွှင်ပြည့်စုံမှုတွေကို ကြည့်နေမိပြီး သူတို့ကို အားကျမှုကနေတဆင့် မမျှတဘူးလို့ ခံစားလာရပြီး တဖြည်းဖြည်း ဝန်တိုစိတ်တွေဖြစ်လာနိုင်ပါတယ်။
မေ့ဖို့လိုအပ်တဲ့အရာတွေကို အမှတ်ရနေစေတယ် –အချို့သောအရာတွေကို ကိုယ်တိုင်ကမေ့ထားနိုင်ဖို့တော်တော်လေးကြိုးစားထားရတဲ့အချိန်မှာဖေ့ဘုတ်ခ်မှာပေါ်လာတာကြောင့်ပြန်တွေးမိပြီး အရင်အချိန်ကိုပြန်ရောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ကြိုးစားထားသမျှသဲထဲရေသွန်ဖြစ်သွားနိုင်ပါတယ်။
မလိုအပ်ဘဲ စိတ်ထိခိုက်ရနိုင်တယ် -ဖေ့ဘုတ်ခ်ကနေတဆင့် ကိုယ့်ရဲ့ အရင်ရည်းစားဟောင်းရဲ့ပုံတွေ၊ လက်ရှိမှာဖြစ်နေတဲ့ သူ့ရဲ့အခြေအနေတွေကိုမြင်တွေ့ရတဲ့အခါ မလိုအပ်ဘဲ စိတ်ထိခိုက်ရတာမျိုးတွေလည်း ခံစားရနိုင်ပါသေးတယ်။
စိတ်အားထက်သန်မှုကျဆင်းစေနိုင်တယ် – မနက်ခင်းဖေ့ဘုတ်ခ်စစဖွင့်ချင်းမှာတွေ့လိုက်ရတဲ့ ပို့စ်ကြောင့် စိတ်ထိခိုက်ပြီး တစ်နေ့တာလုံးမှာ စိတ်အားထက်သန်မှုကျဆင်းတာမျိုးဖြစ်နိုင်ပါတယ်။
Cyber Bullying အလုပ်ခံရနိုင်တယ် -ဖေ့ဘုတ်ခ်မှာ ပုံတွေတင်တာကြောင့် Cyber Bullying အလုပ်ခံရနိုင်ပါတယ်။ ဒီလိုအခြေအနေနဲ့တွေ့ကြုံခံစားရတဲ့အခါ စိတ်ပူပန်တာ၊ စိတ်ဖိစီးတာတွေခံစားရနိုင်ပါတယ်။
အလုပ်ပျက်နိုင်တယ် -ဖေ့ဘုတ်ခ်ကို မသုံးရမနေနိုင်တဲ့အနေအထားမျိုး အထိ စွဲလမ်းသွားတဲ့အခါ လုပ်ရမယ့်အလုပ်တွေကို ပစ်ထားပြီးဖေ့ဘုတ်ခ်သုံးနေမိတာကြောင့် အလုပ်ပျက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။
ကဲ စာဖတ်ပရိသတ်ကြီးရော ဒီအချက်တွေထဲက ဘယ်နှချက်လောက်ခံစားနေရပြီလဲ…………
ဒီလိုတွေပြောလို့ဖေ့ဘုတ်ခ်မသုံးနဲ့လို့မဆိုလိုပါဘူး။ အရာရာတိုင်းက အသုံးချတတ်ရင် အထောက်အကူဖြစ်ပေမယ့် အသုံးမချတတ်ရင် ဆိုးကျိုးဖြစ်စေနိုင်တာကြောင့် Helloဆရာဝန် ပရိသတ်ကြီးအနေနဲ့ သတိထားကြဖို့ တိုက်တွန်းလိုက်ပါရစေ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။