အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

သင်ဟာ တကယ်လို့ တော်တော်မြင့်တဲ့ အမြင့်တစ်နေရာကိုရောက်နေတယ်….အဲဒီအချိန်မှာ အောက်ကို ငုံ့ကြည့် လိုက်မိလို့ စိတ်ထဲမှာနည်းနည်း ကြောက်မိသွားတယ်…. အသည်းအေးသွားတယ်ဆိုပါစို့။ ဒါက ပုံမှန်ဖြစ်ရပ်ပါပဲ။ သင်မှ မဟုတ်ဘူး…လူတိုင်းနီးပါး ဒီလိုပဲဖြစ်တတ်ကြပါတယ်။

အဲလိုမဟုတ်ဘဲ သင့်အနေနဲ့ ချွေးစေးတွေပါ ပြန်လာပြီး တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာမယ်…. ခြေဖျားလက်ဖျားတွေပါ အရမ်းကိုအေးစက်ပြီး ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်လာတတ် တယ်ဆိုရင်တော့ ယျေဘုယျအားဖြင့် သင့်မှာအမြင့် ကြောက်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။

လူတချို့အတွက်တော့ အမြင့်ကြောက်ရောဂါဟာ… အသက်ကြီးမှ စဖြစ်တာမျိုး…. ဒါမှမဟုတ် အသက်ကြီးမှ ပိုဆိုးတာမျိုးလဲ ဖြစ်တတ်ပါသတဲ့။ အဖြစ်များတဲ့ အရွယ်ကတော့…. အသက်ဆယ့်ငါးနှစ်ကနေ နှစ်ဆယ့်ငါးနှစ်အတွင်းလို့ ဆိုပါတယ်။

“အသက်ကြီးမှ အမြင့်ကြောက်ရောဂါဖြစ်သူတွေမှာတော့…. ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်တဲ့အခါ ….. အသက်ကြီးလာတာနဲ့အမျှ ခန္ဒါကိုယ်ရဲ့ ဟန်ချက်ညီမျှမှူကို ထိန်းပေးတဲ့ အစိတ်အပိုင်းတွေ … အရင်ကလောက် အလုပ်ကောင်းကောင်းမလုပ်နိုင်တာကြောင့်ပါ” လို့ Institute Of Psychiatry, King’s College London က Professor Kevin Gournay က ဆိုပါတယ်။

အမြင့်ကြောက်ရောဂါရဲ့ လက္ခဏာတွေက ဘာလဲ

အမြင့်ကြောက်ရောဂါရှိသူအများစု ဟာ အမြင့်တစ်နေရာကိုရောက်ပြီဆိုရင် မောတာ.. အသက်ရှူမြန်တာ…နှလုံးခုန် မမှန်တာ နဲ့ ချွေးစေးအလွန်အမင်းပြန်တာ…. ပျို့ချင်အန်ချင်တာတွေ ဖြစ်တတ်ပါတယ်။

ခေါင်းမူးတာ..ပတ်ဝန်းကျင်ကပါ ချာချာလည်နေအောင်မူးတာ.. ကြွက်သားတွေ တောင့်တင်းလာတာ..လက်တွေခြေတွေတုန်တာ.. ခေါင်းကိုက်တာတွေလဲ ဖြစ်တတ်သလို တချို့သိပ်ဆိုးတဲ့ အမြင့်ကြောက်သူတွေမှာတော့ ကိုယ့်ကိုယ် ကို သတ်သေချင်စိတ်ရှိတာရယ်မဟုတ်ဘဲ အဲဒီအမြင့်ကနေခုန် ချချင်စိတ်တွေပါ အလိုလိုပေါ်တတ်ပါသေးတယ်။

အမြင့်ကြောက်ရောဂါကို ဘယ်လိုကုသနိုင်သလဲ

တခြားအကြောက်ရောဂါတွေကို ကုသသလိုပဲ…. အမြင့်ကြောက်ရောဂါကို ကုသရတာဟာ တကယ်တမ်းတော့ခက်ပါတယ်။ Cognitive Behavourial Therapy လို့ခေါ်တဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲမှူအတွက် နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ ကုသလေ့ ရှိပါတယ်။ ဒီဆွေးနွေးမှူကနေ ဒီလိုအကြောက်လွန်ခြင်းဟာ ကြောက်သူရဲ့စိတ်ကူးကြောင့်သာဖြစ်ပြီး လက်တွေ့မှာတော့ အဲ လောက် ကြောက်စရာအခြေအနေမဟုတ်တာကို သူတို့ကိုယ်တိုင်နားလည်လက်ခံတဲ့အထိ နှစ်သိမ့်ဆွေးနွေးပေးတာမျိုးပါ။ အချို့ကျွမ်းကျင်သူတွေကတော့ အိပ်မွေ့ ချတာ… စိတ်ဖိစီးမှူလျှော့ချနိုင်တဲ့ စိတ်ငြိမ်ဆေးတွေပေးတာမျိုးနဲ့လဲ ကုသပေး တတ်ကြပါသေးတယ်။

အချို့ကျွမ်းကျင်သူတွေကတော့…. အမြင့်ကြောက်ရောဂါရှိသူတွေကို ကုသရာမှာ “exposure therapy” လို့ခေါ်တဲ့ အမြင့်နဲ့ မကြာခဏ ထိတွေ့ပေးစေတာမျိုး အကြံပေးကြပါတယ်။ ဥပမာ… လှေကားအမြင့်တစ်ထစ်တက်ပြီးတိုင်း… တစ်ခါနားပါ။ ကိုယ်ဟာ ဒါကို ကျော်လွှားသွားနိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်စိတ်မွေးပါ။ သင့်စိတ်ထဲမှာ အဆင်ပြေပြီဆိုရင် နောက်တဆင့်ထပ်တက်ပါ။ ပြီးရင် ခုဏတုန်းကလိုပဲ တစ်ခါထပ်နားပြီး တဆင့်ထပ်တက်ပါ။ အသက်ကို ပုံမှန်ရှူပြီး စိတ်ကိုလျှော့လို့ ဖြေးဖြေးချင်းတက်ပါ။ ဒါဟာ avoidance therapy လို့ခေါ်တဲ့ ….. အမြင့်ကိုရှောင်ပြီးနေခိုင်းတဲ့ ကုသမှူထက်စာရင် ရေရှည်အတွက် ပိုကောင်းတယ်လို့ သုသေတနတွေအရ သိရပါတယ်။

အမြင့်ကြောက်ရောဂါရှိတဲ့ ကမ္ဘာကျော်တွေ

သင့်မှာ တကယ်ပဲ အမြင့်ကြောက်ရောဂါ ရှိနေပြီဆိုပါစို့။ အားတက်စရာ သတင်းတစ်ခုကတော့ သင်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာပါပဲ။ ကမ္ဘာကျော် celebrity တွေဖြစ်တဲ့ ဂရမ်မီ ကိုးဆုရှင် အဆိုတော် Sheryl Crow ကလဲ …. အမြင့် ကြောက်ရောဂါကို အံတုနေရသူတစ်ဦးပါပဲ။ ကမ္ဘာကျော်မင်းသား Stallone ဟာလည်း ရင်သပ်ရှူမောဖွယ်ရာ စတန့်တွေကို သရုပ်ဆောင်ပြခဲ့သူဖြစ်ပေမယ့်…. အမြင့်ကိုတော့ သူသိပ်ကြောက်ပါသတဲ့။ ယျေဘုယျအားဖြင့်တော့…. လူတစ်ရာမှာ နှစ် ယောက်ကနေ ငါးယောက်လောက်ဟာ အမြင့်ကြောက်ရောဂါရှိကြပါသတဲ့။ လူတွေမှာသာမက တချို့သောနို့တိုက် သတ္တဝါ တွေမှာလည်း အမြင့်ကြောက်ရောဂါရှိတတ်တယ်လို့ ကျွမ်းကျင်သူတွေကတော့ ဆိုထားပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read
ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 9, 2021 . 2 mins read