လိင်ဆက်ဆံခြင်း အကြောင်းရင်း အခု (၂၀)

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

လူတွေမှာလိင်ဆက်ဆံမှုကိုလိုအပ်ရခြင်းရဲ့ အကြောင်းရင်းများစွာရှိပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အမူအကျင့်တိုင်းမှာလူတစ်ယောက်ချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာနဲ့ နောက်ဆုံးဘာသာရေးပိုင်းဆိုင်ရာအဓိပ္ပါယ်တွေအထိရှိနေတတ်ပါတယ်။ လေ့လာမှုတစ်ခုမှာလိင်မှုဆိုင်ရာ ကျွမ်းကျင်သူတွေကလိင်ဆက်ဆံခြင်းရဲ့ အကြောင်းရင်းတွေကိုဖော်ပြခဲ့ပါတယ်။

လိင်ဆက်ဆံမှုအတွက် အလိုလိုပါရှိလာတဲ့ဆန္ဒ

လူတွေရဲ့ ခန္ဓါကိုယ်ဟာဒီလိုလုပ်ရမယ်ဆိုတာညွှန်ကြားထားပြီး ဖြစ်ကာဦးနှောက်ကလဲဒီလိုအမူအကျင့်ပြုမူအောင် လှုံ့ဆော်တတ်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာဦးနှောက်ရဲ့ လှုံ့ဆော်မှုကြောင့် ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ခန္ဓါကိုယ်ဟာအားအင်ပြည့်ဝဖို့ အာဟာရတွေကိုလိုအပ်သလိုဆင့်ကဲဖြစ်စဉ်တွေ အတွက်လည်းလိင်ဆက်ဆံမှုကိုလိုအပ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ကျွမ်းကျင်သူတွေကလူတွေရဲ့ အသက်ရှင်နေထိုင်မှုအတွက် လိင်ဆက်ဆံချင်တဲ့ ဆန္ဒဟာလူတွေ ကိုယ်ထဲမှာ ပါပြီး ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ရည်ရွယ်ချက်ကဘာလဲ။

UT- Austin မှာစိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေဟာကျောင်းသား၁၅၀၀ကို သူတို့ရဲ့ လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်တဲ့ သဘောထားတွေ၊ အတွေ့အကြုံတွေနဲ့ အရင်းခံအကြောင်းအရင်းတွေကိုမေးမြန်းခဲ့ကြပါတယ်။ အဖြေတွေကိုတော့ လေးအုပ်စုခွဲခြားနိုင်ပါတယ်။

  • ကိုယ်ခန္ဓါပိုင်းဆိုင်ရာအကြောင်းရင်းများ – သာယာမှု၊ စိတ်ဖိစီးခြင်းလျော့နည်းမှု၊ လေ့ကျင့်ခန်း၊ လိင်ပိုင်းဆိုင်ရာစူးစမ်းလိုစိတ်နဲ့ အခြားတစ်ယောက်ကို ကြိုက်နှစ်သက်မှု
  • ရည်မှန်းချက်တစ်ခုခုကိုအခြေခံတဲ့ အကြောင်းတရားများ – ကလေးရရှိလိုခြင်း၊ လူမှုရေးမှာထင်ရှားလိုစိတ်၊ ကလဲ့စားချေလိုစိတ်
  • စိတ်ပိုင်းဆိုင်ရာအကြောင်းတရားများ – အချစ်၊ လက်ထပ်ခြင်း၊ ကျေးဇူးတရား
  • ကိုယ့်ကိုယ်ကိုလုံခြုံမှုမရှိခြင်းနဲ့ သက်ဆိုင်တဲ့ အကြောင်းတရားများ – ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ဖို့ကိုယ့်ချစ်သူကိုအခြားနေရာမှာလိင်ဆက်ဆံခြင်းမှ တားမြစ်လိုစိတ်၊ (သို့) တာဝန်၊ ဖိအား (ဥပမာ – ချစ်သူကလိင်ဆက်ဆံခြင်းကိုဖိအားပေးခြင်း)

ယောက်ျားနှင့် မိန်းမကွာခြားမှုများ

ယေဘုယျအားဖြင့် လိင်ကိစ္စအကြောင်းနဲ့ ပတ်သက်ရင် ယောက်ျားရောမိန်းမပါ ကိုယ့် အကြောင်းရင်းနဲ့ ကိုယ် ရှိတတ်ကြပြီးသူတို့လိင်ဆက်ဆံတာဟာသူတို့ကြိုက်လို့ပါပဲ။ အမျိုးသမီးတွေဟာလိင်ဆက်ဆံမှုကရရှိတဲ့ သာယာမှုကို ကြိုက်နှစ်သက်သော်လည်းသူတို့ဟာလိင်ဆက်ဆံမှုကြောင့် ဖြစ်လာတဲ့ ဆက်ဆံရေးတိုးတက်မှုကိုပိုစိတ်ဝင်စားကြပါတယ်။ သုတေသီတွေဟာဒီလိုကွာခြားမှုတွေကိုအပိုင်းနှစ်ပိုင်းခွဲခြားထားပါတယ်။

  • ခန္ဓါကိုယ် ဦးစားပေးလိင်ဆက်ဆံခြင်း (အမျိုးသားအများစု) – ခန္ဓါကိုယ်မှာ ဖြစ်ပေါ်လာတဲ့ ခံစားမှုကို ကြိုက်နှစ်သက်လို့ လိင်ဆက်ဆံကြတာဖြစ်ပါတယ်။ လိင်ဆက်ဆံသူရဲ့ ခံစားချက်တွေဟာလည်းသူတို့အတွက် အရေးကြီးကောင်း ကြီးနိုင်ပါတယ်။
  • လူဦးစားပေးလိင်ဆက်ဆံခြင်း (အမျိုးသမီးအများစု) – လိင်ဆက်ဆံမှုကနေသာယာကျေနပ်မှုေတွ ရကောင်းရပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာဆက်ဆံရေးကရရှိတဲ့ စိတ်ခံစားမှုတွေကိုပိုမိုဂရုစိုက်ကြပါတယ်။

လိင်ဆက်ဆံမှုရဲ့ အဓိကအကြောင်းရင်း ၂၀

လိင်ဆက်ဆံမှုနဲ့ ပတ်သက်ပြီးအောက်ဖော်ပြပါ အချက်တွေ အပါအဝင် အကြောင်းရင်းများစွာရှိပါတယ်။

  • စိတ်တက်ကြွပြီးစိတ်ကျရောဂါ သက်သာခြင်း။
  • ဆက်ဆံမှုတစ်ခုကိုထိန်းသိမ်းရန် တာဝန်။
  • စွမ်းအားပိုမိုများပြားခြင်း။
  • ကိုယ့်အယူအဆကိုယ် မြှင့်တင်ခြင်း
  • လိင်ဆက်ဆံဖက်ရဲ့ စွမ်းအားကိုတွေ့ကြုံခံစားလိုခြင်း
  • လိင်ဆက်ဆံဖက်ရဲ့ ချစ်ခင်မှု ရရှိလိုခြင်း
  • မနာလိုမှု မြှင့်တင်လိုခြင်း
  • ဂုဏ်သိက္ခါ (သို့) လူရာဝင်မှု မြှင့်တင်လိုခြင်း
  • ပိုက်ဆံရရှိလိုခြင်း
  • ကလေးရရှိလိုခြင်း
  • မေတ္တာရရှိလိုခြင်း
  • ချစ်ခင်မှု
  • ဆန်းသစ်သောလိင်ဆက်ဆံဖက်
  • ရွယ်တူအချင်းချင်းကြားမှာရှိတဲ့ စိတ်ဖိအား
  • သာယာမှု
  • လိင်စိတ် လျော့နည်းခြင်း
  • လက်စားခြေလိုခြင်း
  • လိင်ကိစ္စ စူးစမ်းလိုခြင်း
  • အချစ်
  • စိတ်ပိုင်းဆိုင်ရာထူးကဲသာလွန်သောအထွတ်အထိပ်

ယောက်ျား၊ မိန်းမ၊ နောက်ခံအခြေအနေ၊ လိုအပ်ချက် တွေပေါ်မူတည်ပြီးလိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အကြောင်းရင်းမြောက်များစွာရှိတတ်ပါတယ်။ လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်ကတော့ သင်နဲ့ သင့်လိင်ဆက်ဆံဖက်ကိုဆိုးရွားတဲ့ ရောဂါပိုးကူးစက်မှုတွေကနေကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ မတ် 8, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။