အဖြစ်များသော ခံတွင်းပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အာခံတွင်းထဲမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ နာကျင်မှုတွေကို သင်ခံစားဖူးပါသလား။ ဒါမှမဟုတ် တစ်ခါတလေ နှုတ်ခမ်းခြောက်တာမျိုးဖြစ်ဖူးပါသလား။ ဒါတွေကို ယေဘုယျအားဖြင့်တော့ ခံတွင်းပြဿနာတွေလို့ ခေါ်ကြပါတယ်။ လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ခံတွင်းပြဿနာတွေဖြစ်ကြတာပါပဲ။ ဒါကမထူးဆန်းတဲ့ကိစ္စပါ။ လျှာ၊ သွားဖုံး၊ နှုတ်ခမ်း၊ သွားတွေ နဲ့ အာခေါင်တွေမှာလည်း ပြဿနာရှိနိုင်ပါတယ်။ ခံတွင်းနံ့ဆိုးခြင်းကိုလည်း ခံတွင်းပြဿနာလို့ယူဆနိုင်ပါတယ်။ အဖြစ်များတဲ့ ခံတွင်းရောဂါနဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ ကံကောင်းစွာနဲ့ပဲ ဖော်ပြပါအခြေအနေတွေက သူတို့ဘာသာ ပျောက်ကင်းသွားတတ်ကြတယ်လေ။
နာကျင်စေတတ်တဲ့ ရောဂါတွေ (နှုတ်ခမ်းနဲ့ နှာခေါင်းတွေမှာ နီရဲရောင်ရမ်းနာကျင်နေတတ်တဲ့ ပါးစပ်နာ နဲ့ကျိုင်းအနာလို့ခေါ်တဲ့ canker sore) ဟာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့်ဖြစ်လာရတာပါ။ သင်က မတော်တဆ လျှာနဲ့ နှုတ်ခမ်းတွေကို ကိုက်မိရင် ကိုက်မိတဲ့နေရာတစ်ဝိုက်က နာကျင်ခြင်းတွေက ပိုဆိုးလာနိုင်ပါတယ်။ Cold sore တွေကတော့ နှုတ်ခမ်းလိုနေရာမျိုးတစ်ဝိုက်မှာအများဆုံးဖြစ်ပေါ်တတ်ပြီး canker sore ကတော့ လျှာ၊ သွားဖုံးနဲ့ ပါးတွေမှာတောင်ဖြစ်ပေါ်တတ်ပါတယ်။ အများအားဖြင့် ဒီအခြေအနေတွေထဲကတစ်ခုဖြစ်နေပြီဆိုရင် ပြဿနာကို ပိုပြီးပြန့်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် cold sore (အပူကန်နာ လို့လည်းခေါ်ကြပါသေးတယ်) တွေဟာ အအေးမိခြင်း အေးခြင်းတို့ကြောင့်ဖြစ်တတ်ပြီး canker sore ကတော့ သင့်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေချို့တဲ့နေလို့ဖြစ်ရတာပါ။ သင်က ဒီလိုပြဿနာတွေမဖြစ်ချင်ဘူးဆိုရင် ရောဂါဖြစ်နေတဲ့လူနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ပါ။ ဖြစ်လာတတ်တဲ့အကြောင်းရင်းတွေကိုတော့မသိရသေးပေမယ့် သင့်မှာ ဒီပြဿနာတွေဖြစ်နေခဲ့ရင်တော့ ဒီတိုင်းထားလိုက်ပါ။ တစ်ပတ် ၂ပတ်အတွင်းမှာ သူ့အလိုလိုပျောက်သွားနိုင်တယ်လေ။ ပိုပြီးပြင်းထန်တဲ့အခြေအနေမျိုးဆိုရင်တော့ နာကျင်မှုကိုသက်သာစေတဲ့အဆီ သို့မဟုတ် ခရင်မ် အချို့လိုအပ်ပါလိမ့်မယ်။

ခံတွင်းနံ့ဆိုးခြင်း

မကြာခဏဆိုသလို ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေနဲ့ စားကြွင်းစားကျန်တွေစုလာခြင်းဟာ ခံတွင်းနံ့ကို အတော်ဆိုးရွားစေပါတယ်။ တစ်ရက် ၂ကြိမ်သွားတိုက်ခြင်းနဲ့ တစ်ရက်တစ်ကြိမ် သွားကြားထိုးခြင်း(ကြိုးဖြင့်) တွေလုပ်ပြီး ခံတွင်းကိုသန့်ရှင်းနေပါစေ။ လိုအပ်မယ်ဆိုရင် ပိုးသတ်ဆေးပါတဲ့ အာလုပ်ကျင်းဆေးရည် ကိုသုံးပါ။ ဒါ့အပြင် ဒီလိုပြဿနာမျိုး ကြာရှည်ဖြစ်လာခဲ့ပြီဆိုရင်တော့ သွားဖုံးရောဂါ သို့မဟုတ် သွားတွေပျက်စီးနေတာမျိုးစတဲ့ ခံတွင်းပြဿနာတစ်ခုခုဖြစ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာဆိုရင်တော့ သွားဆရာဝန်ကို သွားပြသင့်ပါပြီ။

ခံတွင်းခြောက်ခြင်း
ခံတွင်းခြောက်ခြင်းဆိုတာကတော့ ရေဓါတ်ခမ်းခြောက်ခြင်းကို ဆိုလိုတာပါ။ တကယ်လို့သင်က ခံတွင်းခြောက်နေတယ်ဆိုရင် တံတွေးကိုလုံလောက်စွာ မထုတ်ပေးနိုင်တာ သို့မဟုတ် သင့်ခန္ဓါကိုယ်က ရေဓါတ်ခမ်းခြောက်နေတာလို့ ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ ခံတွင်းခြောက်ခြင်းဟာ ခံတွင်းပိုးဝင်နိုင်ခြင်း၊ သွားဖုံးရောဂါ သို့မဟုတ် သွားအခေါင်းပေါက်ဖြစ်ခြင်း စတာတွေဖြစ်နိုင်ခြေ ပိုများလာစေပါတယ်။ ရေသောက်ခြင်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ချိုချဉ်အမာတွေကို စားခြင်းကလည်း တံတွေးကိုပိုထွက်စေနိုင်တာကြောင့် ခံတွင်းကို စိုစွတ်နေစေမှာပါ။ ကဖိန်းပါဝင်တဲ့သောက်စရာတွေနဲ့ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ ဒါတွေက ရေဓါတ်ခမ်းခြောက်ခြင်းကို ပိုဖြစ်စေပါတယ်။

နှုတ်ခမ်းကွဲခြင်း
အေးမြတဲ့ရာသီနဲ့ လေတိုက်တဲ့ရာသီတွေမှာ နှုတ်ခမ်းခြောက်ခြင်း ကွဲခြင်းတွေဖြစ်တတ်ပါတယ်။ သင့်နှုတ်ခမ်းတွေဟာ ခြောက်သွေ့ပြီး နာကျင်လာပါလိမ့်မယ်။ တစ်ခါတလေမှာ အက်ကွဲပြီး သွေးထွက်လာတာတွေတောင် ဖြစ်နိုင်ပါသေးတယ်။ နှုတ်ခမ်းနီသို့မဟုတ် နှုတ်ခမ်းလိမ်းဆေးအဆီတွေနဲ့ ရေများများသောက်ခြင်းက နှုတ်ခမ်းကိုကာကွယ်ပေးနိုင်ပါတယ်။ နေပူထဲနဲ့ လေအရမ်းတိုက်တဲ့နေရာတွေမှာ ကြာကြာမနေပါနဲ့။ နေဒဏ်၊လေဒဏ်တွေကို ကာကွယ်ပါ။

မှက္ခရုပေါက်ခြင်း
တကယ်လို့ သင့်လျှာပေါ်မှာ အဖြူရောင်အကွက်တွေဖြစ်နေပြီး ဖယ်ရှားဖို့ ကြိုးစားရင် နာကျင်နေခဲ့မယ်ဆိုရင်တော့ ဒါက မှက္ခရုပေါက်နေတာ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာ Candida albicans လို့ခေါ်တဲ့ ပိုးတစ်မျိုး ကြောင့်ဖြစ်ရတာပါ။ သက်ကြီးပိုင်းတွေနဲ့ ကလေးငယ်လေးတွေမှာ အဖြစ်များပါတယ်။ ဒီရောဂါက ခုခံအားနည်းတဲ့ လက္ခဏာဖြစ်ပြီး ဆီးချိုရောဂါသို့မဟုတ် ကော်တီကို စတီးရွိုက်လို ရှူသွင်းရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာတော့ ဒီရောဂါနဲ့အတူ သေးခံ ဒိုင်ပါ နေရာမှာ အနီကွက်ပေါ်ခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။ ပိုပြီးသေချာရှင်းလင်းတဲ့ရောဂါအခြေအနေကို သိရဖို့အတွက် သွားဆရာဝန်နဲ့ပြပါ။

ခံတွင်းပြဿနာတွေဟာ များသောအားဖြင့် အန္တရာယ်ကြီးကြီးမားမား မပေးနိုင်တဲ့အပြင် ခက်ခဲရှုပ်ထွေးတဲ့ရောဂါလည်း မဟုတ်ပါဘူး။ သင့်ခန္ဓါကိုယ်က အာဟာရဓါတ်တွေလိုအပ်နေတာမျိုး သို့မဟုတ် ရာသီဥတုပြောင်းလဲတာမျိုးနဲ့ သင့်ခန္ဓါကိုယ်က လက်ခံပြောင်းလဲနိုင်စွမ်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီပြဿနာတွေဟာ သူ့အလိုလိုပျောက်ကင်းသွားတာမျိုးတွေပါ။ အိမ်တွင်းကုသမှုနည်းလမ်းတွေကလည်း ဒီအခြေအနေတွေ မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။ များသောအားဖြင့် ဒီပြဿနာတွေက သင့်ရဲ့ စားသောက်ပြောဆိုခြင်း စတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဘယ်လိုမှ အနှောက်အယှက်မပေးပါဘူး။ တကယ်လို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဖို့ ခက်ခဲတဲ့အထိဖြစ်လာတယ်ဆိုရင်တော့ လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    သွား မှာ ချိုးကပ်၊ စွန်းထင်းနေတာတွေ ဘယ်လိုပျောက်အောင် လုပ်ရမလဲ

    သွား သွားကျန်းမာရေး အစွန်းအထင်း သန့်ရှင်းမှု ခံတွင်းကျန်းမာရေး ခံတွင်းသန့်ရှင်းမှု အလှအပ ဖြူစင်လှပခြင်း သွားချိုး သွားချေး သွားတိုက်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။

    အသက်ရှူလမ်းကြောင်း COVID-19 လက်ဆေး ခံတွင်းကျန်းမာရေး နှာစေး နှာခေါင်းဖြန်းဆေး အာသီးရောင် လည်ပင်းနာ အာလုပ်ကျင်းဆေးရည် လည်ပင်းယား လည်ချောင်းဖျန်းဆေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    ဆေးလိပ်သောက်ခြင်းနှင့် ခံတွင်းကျန်းမာရေး

    ဆေးလိပ် ခံတွင်းကျန်းမာရေး ဆေးလိပ်ဖြတ် သွားဖုံးပြဿနာ အရသာခံမှု အနာကျက်နှေး ခံတွင်းကင်ဆာ သွားပုံမှန်တိုက် ရေများများသောက် ပီကေဝါး သွားကြိုသွားကြားမကျန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    သွားနဲ့သွားဖုံး ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ

    သွားတွေ အစားအစာတွေ သွားကိုက် သွားဖုံးရောင် လျှာ Fluoride သွားတိုက်ဆေး သွားတိုက်တံသွားဖုံးရောဂါ သွားပွတ်ကြိုး အသက်ကြီးသူ သွားကြားထိုးတံ ခံတွင်းနံ့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    စပွန်ဆာ
    သွားနဲ့သွားဖုံး ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ

    သင့်အတွက် ရွေးချယ်ထားသည်

    ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

    ဆေးဖက်ဝင်ကလျာဏီ (Sage) အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2020 . 2 mins read
    ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

    ဖန်ခါးသီးရဲ့ ဆေးဖက်ဝင်မှု အဖုံဖုံ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 14, 2020 . 1 min read
    ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

    ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 17, 2020 . 2 mins read
    လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

    လက်သည်းကိုက်ခြင်းရဲ့ နောက်ဆက်တွဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 30, 2020 . 2 mins read