အထာကျကျ ဒေါသထွက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဒေါသ… လူတိုင်း‌ ဒေါသနဲ့ မကင်းနိုင်ပါဘူး။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ‌ကြောင့် ဒေါသထွက်ရတာတွေရှိနိုင်သလို ချစ်သူရည်းစား၊ မိသားစုဝင်တွေအချင်းချင်းကြားမှာလည်း ကတောက်ကဆဖြစ်ပြီး ဒေါသထွက်ရတာမျိုးတွေလည်းရှိနိုင်ပါတယ်။ ထစ်ကနဲရှိ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေမှာတောင် ဒေါသအမျက်ကြီးတတ်ကြသူတွေရှိသလို  တချို့ကျတော့လည်း အကြာကြီးနေမှ တစိမ့်စိမ့်ပြန်တွေးပြီး ဒေါသထွက်တတ်တဲ့သူ‌တွေလည်းရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒေါသထွက်လာပြီ၊ အပြန်အလှန် ငြင်းကြခုန်ကြပြီဆိုရင် ကာယကံရှင်အတွက်ရော တစ်ဖက်သူအတွက်ပါ အဆင်မပြေစရာတွေ ထပ်တိုးဖြစ်လာတတ်ပါတယ်။

ဒေါသကြီးခြင်းဟာ ကျန်းမာရေးအရလည်း အောက်ပါဆိုးကျိုးများစွာပေးပါသေးတယ်။ ‌‌

  • ခေါင်းကိုက်ခြင်း၊
  • အစာမကြေခြင်း၊ အစာအိမ်ရောင်ခြင်း၊
  • ညအိပ်မပျော်ခြင်း၊
  • သွေးတိုးခြင်း၊
  • အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း နဲ့
  • နှလုံးရောဂါဖြစ်နိုင်ချေ မြင့်မားခြင်းတို့ပဲ ဖြစ်ပါတယ်။

Tips to express your anger safely!

လူတိုင်း ဒေါသထွက်တတ်ကြပေမယ့် ဒေါသကိုဖော်ပြတဲ့ပုံစံတွေကတော့ တစ် ေယာက်နဲ့ တစ် ေယာက်မတူကြပါဘူး။ ‌‌ဒေါသအလျောက် ချက်ချင်းတုံ့ပြန်လိုက်ခြင်းကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေထပ်မဖြစ်ရအောင် အောက်ပါအချက်လေးတွေကို စမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

  • ပြေးပါ။ မောဟိုက်သွားတဲ့အထိ ပြေးလိုက်ခြင်းဟာ သင့်ဒေါသကို ခေတ္တမေ့သွားပါလိမ့်မယ်။
  • လက်သီးထိုးချင်စိတ်၊ ကန်ကျောက်ချင်စိတ်တွေပေါ်လာပြီဆိုရင် ခေါင်းအုံး၊ ဖက်လုံးတို့ကို လက်သီးဖြင့်ထိုးပါ။
  • သက်မဲ့ပစ္စည်းတစ်ခုခုရှေ့မှာ အော်ဟစ်လိုက်ပါ။ (ဥပမာ- ကား၊ သစ်ပင်)
  • ယုံကြည်ရတဲ့ သူငယ်ချင်း မိတ်ဆွေတစ်ယောက်ထံ ရင်ဖွင့်ပြောပြပါ။ တိုင်ပင်ဆွေးနွေးပါ။ ကောင်းမွန်တဲ့ အကြံဉာဏ်ရယူပါ။
  • သင့်စိတ်ကို Relax ဖြစ်စေမယ့် အရာတစ်ခုခု လုပ်ပါ။ ဥပမာ-
    • ရေချိုးတာ
    • ပန်းခြံထဲမှာ လမ်းလျှောက်တာ ဒါမှမဟုတ် ငြိမ်ငြိမ်လေးထိုင်နေတာ
    • သင်အရမ်းကြိုက်တဲ့ သီချင်းအေးအေးလေးတွေ နားထောင်တာ
    • စာအုပ်ဖတ်တာ၊ ရုပ်ရုပ်ကြည့်တာ
    • သင်ကြိုက်နှစ်သက်တဲ့ အားကစားတစ်ခုခုလုပ်တာ – ရေကူးတာ၊ gym ဆော့တာ စသဖြင့်ပေါ့။ ‌‌

 Violence is not a solution to anger

အကြမ်းဖက်ခြင်းဟာ တချို့သူတွေအတွက် ဒေါသထွက်နည်းတစ်မျိုးဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ‌ပြဿနာကိုပြေလည်စေမယ့်နည်းတစ်ခုတော့ မဟုတ်ပါဘူး။ သင့်အတွက်ရော တစ်ဖက်လူအတွက်ပါ အန္တရာယ်ရှိပြီး အခန့်မသင့်ရင် ရာဇဝတ်မှုပါမြောက်သွားနိုင်ပါတယ်။ ဒေါသအလျောက် အကြမ်းဖက်မှုတွေ မပြုလုပ်မိအောင် အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို အသုံးချပြီးဒေါသကို ဖြေလျော့ နိုင်ပါတယ်။

Hope to it’ll help to calm your mind somehow….

ရေးသားသူ – Dr. Saint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

    လေ့ကျင့်ခန်း အသက်ရှည် လူ့သက်တမ်း ကျန်းမာရေး အလှအပ နှလုံး အဆုတ် အဝလွန်ခြင်း အဆီ ကယ်လိုရီ အစာစားချင်စိတ် စိတ်ဖိစီးမှု အားကစား အလေးမ ယောဂ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

    ဘောစကိုင်း အရွက် အပင် အစေ့ အခေါက် ဆေးဖက်ဝင် တို့စရာ ထမင်းဝိုင်း အသီးအရွက် သဘာဝအာနိသင် အရေပြား နာကျင်ကိုက်ခဲမှု ကင်ဆာ ဗောက်ပျောက် သန်ကျ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

    သုက်ပိုး ဝှေးစေ့ လိင်ဆက်ဆံ အာသာဖြေ သုက်လွှတ် မိန်းမကိုယ် သုက်ရည် မျိုးအောင် လူပျို ကိုယ်ဝန် ကျန်းမာရေး အတွင်းခံ လိင်အင်္ဂါ မြုံနေခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

    ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်လနု အိမ်အလုပ် အိမ်သန့်ရှင်းရေး ကြောင်ချေး ရေချိုးခန်းသန့်ရှင်းရေး မတော်တဆချော်လဲ အဝတ်လျှော် ခါးနာ အလေးအပင်မခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    တာအိုးရွက် နဲ့ ကျန်းမာရေး

    တာအိုးရွက် နဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 1 min read
    ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

    ဖရဲသီး ဝါဝါလေးကပေးတဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read
    ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု

    ဖရဲသီး ကပေးတဲ့ အသားအရေ လှပမှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read
    ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

    ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 11, 2020 . 2 mins read