ဖန်တီးနိုင်စွမ်းပိုကောင်းလာဖို့ ကိုယ့်ရဲ့စိတ်ကိုပြုပြင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အလုပ်ခွင်မှာ အရေးကြီးဆုံးကလေ ညမိုးချုပ်ထိအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ မိုးမလင်းခင်တည်းက လာအလုပ်လုပ်ဖို့လည်းမဟုတ်ဘူး၊ လူကြီးအမြင်ကြည်အောင်လုပ်ဖို့လည်းမဟုတ်ဘူး။ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်း(creativity)နဲ့ လုပ်နိုင်စွမ်း(productivity) ကောင်းဖို့က အဓိကပါပဲ။ ဒါပေမယ့် ကိုယ့်မှာ အဲ့အပိုင်းကိုပဲ အရင်ကထက်ကျဆင်းလာပြီး စိတ်ဖိစီးမှုတွေပဲ ထမ်းပိုးလာရတယ်ဆို ပုံမှန်မဟုတ်တော့ပါဘူး။

ဒီလိုဆို အမြန်ကုစားဖို့လိုနေပါပြီ။ အလုပ်တွေပိုလုပ်နိုင်လာဖို့က ဘာကိုလိုအပ်မယ်ထင်ပါသလဲ။ အရင်ဆုံး – ကိုယ့်စွမ်းရည်တွေကို အဟန့်အတားဖြစ်နေတဲ့အရာတွေ ဘာတွေရှိမလဲဆိုတာကို ပြန်သုံးသပ်ပါ။

ကိုယ့်အတွေးတွေကို ဆန်းစစ်ပါ

ပထမဆုံး ကိုယ့်ခေါင်းထဲပေါ်ပေါ်လာတဲ့အတွေးတွေကို တစ်ချက်ပြန်ဆန်းစစ်ပါ။ လူဆိုတာ အကျင့်ပါတတ်တဲ့အမျိုးမို့ အဆိုးမြင်တာ၊ အပြစ်တင်တာ၊ ကြိုတွေးပူတာတွေလို ကိုယ့်စိတ်မှာ အဆိပ်ဖြစ်စေမယ့်အတွေးတွေ ဖြစ်လာတယ်ဆို အကျင့်မပါပါစေနဲ့။ အကောင်းမြင်ဘက်က အတွေးတွေကိုမွေးမြူပါ။ စိတ်ဖိစီးတာ၊ ပူပန်တာတွေကြောင့် အကျိုးရှိမလာနိုင်တာမို့ ဒါတွေတွေးမယ့်အစား ဖြေရှင်းဖို့ကိုအရင်တွေးပါ။ ရှုထောင့်ပြောင်းပြီး ကောင်းတဲ့ဘက်က ပြောင်းမြင်ကြည့်ပါ။

လူကအရင် တက်ကြွလန်းဆန်းအောင်နေပါ

လူကအရင် ကြည်လင်လန်းဆန်းနေမှ စိတ်ကလည်းအတူပြောင်းလဲလာမှာပါ။ နည်းနည်းပဲဖြစ်ဖြစ် ပျော်ရွှင်မှုကို ပိုရချင်ရင် ခန္ဓာကိုယ်မှာ အကောင်းဘက်ကို အရင်ပြောင်းလဲလိုက်ပါ။ နေပုံထိုင်ပုံ၊ သွားပုံလာပုံကအစ အမူအကျင့်နဲ့ အလေ့အထတွေမှာ ပြုပြင်ပြောင်းလဲပြီးကျင့်ယူပါ။ ကိုယ်နေဟန်ထားပုံစံကျအောင်နေမယ်၊ မကြာခဏပြုံးရယ်တတ်အောင်နေမယ်၊ တက်ကြွလှုပ်ရှားအောင်နေမယ်ဆိုရင် လုံလောက်ပါပြီ။

အဆင်မပြေမှုတွေကို ဟာသလုပ်ပစ်ပါ

အဆင်မပြေမှုတွေကြုံလာခဲ့ရင်တောင် ဟာသလုပ်ပစ်နိုင်ပါစေ။ ပျော်ပျော်နေတတ်သူအဖို့ ဘယ်ပြဿနာကိုမဆို ရှောင်ပုန်းစရာမလိုဘဲ အကောင်းဆုံးနည်းနဲ့ကျော်လွှားနိုင်ပါတယ်။ အခုဖြစ်လာတဲ့အခြေအနေက နောက်ပိုင်းကောင်းဖို့အတွက် ဖြစ်လာနိုင်တယ်လို့ တွေးပြီး ရင်ဆိုင်ပါ။ စိန်ခေါ်မှုတွေ၊ စိတ်ညစ်စရာတွေကို ရယ်စရာလုပ်ပစ်လိုက်တဲ့အခါ စိတ်ဖိစီးမှုတွေလျော့စေပြီး နည်းလမ်းမှန်ကိုမြင်လာနိုင်တယ်၊ အတွေးကောင်းတွေပေါ်လာနိုင်တယ်လေ။

အခိုက်အတန့်ကောင်းလေးတွေကို တန်ဖိုးထားပါ

ကျွန်မတို့တွေက ပျော်စရာကောင်းခဲ့တဲ့အခိုက်အတန့်လေးတွေကို သေချာအသိအမှတ်မပြုပေးဘဲ‌ ကျော်လွန်ခဲ့မိကြတာများပါတယ်။ ကိုယ့်သူငယ်ချင်းက surprise လက်ဆောင်လေးပေးတာ၊ ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပျော်ရွှင်ခဲ့ရတာ၊ ကိုယ်စိတ်ညစ်နေချိန်မှာ ရယ်စရာလေးပြောပြီးအားပေးခဲ့သူ တွေကြောင့် စိတ်ဓာတ်မကျခဲ့တာ စတဲ့ အခိုက်အတန့်လေးတွေကို အသိအမှတ်ပြု၊ မှတ်သားထားသင့်ပါတယ်။ ကိုယ့်မှာအဆင်မပြေတာတွေ၊ စိတ်ညစ်စရာတွေဖြစ်လာတဲ့အခါ ဒီလိုပျော်စရာတွေကို ပြန်တွေးလိုက်ပါ။ အမှတ်တရကောင်းတွေသာ သိမ်းဆည်းထားပါ။ အချိန်မရွေး စိတ်ချမ်းသာရပါလိမ့်မယ်။

ကျေးဇူးတင်တတ်ပါစေ

ကျေးဇူးတင်တတ်တဲ့အမူအကျင့်လေးကြောင့် စိတ်ဖိစီးမှုတွေလျော့နည်းစေတယ်၊ အခက်အခဲဖြစ်နေချိန်မှာတောင် ‌ဖြေသာတယ်၊ အကောင်းမြင်တတ်စေတယ်။ ကိုယ့်အတွက် သက်သာရာရစေတဲ့၊ ပျော်ရွှင်မှုဖြစ်စေခဲ့တဲ့အရာ သို့မဟုတ် လူပုဂ္ဂိုလ်တွေ၊ အချိန်အခါ တွေကို ပြန်တွေးပါ။ အသေးအဖွဲလေးပဲဖြစ်ပါစေ ကျေးဇူးတင်စိတ်လေးဖြစ်လာတာနဲ့ အဆိုးမြင်စိတ် ဖြစ်လာနိုင်ခြေကို တားဆီးနိုင်ပါတယ်။

ကိုယ်က ဘယ်ဘက်မှာဖန်တီးနိုင်စွမ်းပိုကောင်းသလဲ ရှာဖွေပါ

ဘယ်ဘက်မှာ ကိုယ်က ဖန်တီးနိုင်စွမ်းပိုကောင်းလဲမသိသေးဘူး၊ ဘယ်အလုပ်မှာအားသန်သလဲ သတိမထားမိသေးဘူးဆိုရင် ရှာဖွေပါ။ လက်မှုပညာလား၊ နည်းပညာမှာလား၊ အရေးအသားပိုင်းလား၊ ပန်းချီလား။ ကိုယ့်ဝါသနာနဲ့ အားသန်ရာကို အချိန်ပေးပါ။ အတွေးတွေများနေမယ့်အစား ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းကို ထပ်ပြီး အရောင်တင်လိုက်ပါ။

အကောင်းမြင်တတ်တဲ့သူတွေအနားမှာနေပါ

လူဆိုတာက ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကို လွန်ဆန်ဖို့ခက်ပါတယ်။ ကိုယ့်အနားကလူတွေက အဆိုးမြင်တတ်၊ ပူလောင်တတ်တဲ့ စိတ်တွေပိုင်ဆိုင်ထားရင် ကိုယ့်ကိုလည်းတစ်ချိန်ချိန်ကူးစက် လာမှာမလွဲပါဘူး။ ဒါ့ကြောင့် အကောင်းမြင်တတ်၊ စိတ်ပေါ့ပါးတတ်တဲ့သူတွေနားမှာနေပါ။ တိုးတက်မှုအတွက် ရှာဖွေရမှာတော့ ကိုယ့်အပိုင်း၊ ကိုယ့်တာဝန်မို့ သိပ်တော်၊သိပ်တတ်တဲ့သူတွေနဲ့ချည်း နေဖို့မစဉ်းစားပါနဲ့။ စိတ်အေးချမ်းချင်ရင်ပေါ့။

အဓိပ္ပာယ်ရှိတဲ့ ရည်မှန်းချက်တွေချမှတ်ပါ

ဘဝမှာ ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက်အကြီးတွေထက် ကိုယ့်အတွက်မြန်မြန်ဖြစ်မြောက်လာနိုင်တဲ့ ခပ်သေးသေးအောင်မြင်မှုတွေကို ရည်မှန်းပါ။ ခုနက ကိုယ့်ရည်မှန်းချက်အကြီးအတွက် လှေကားထစ်တွေဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ တစ်ဆင့်ချင်းစီကို ကျော်လွန်နိုင်ခဲ့တိုင်း အောင်မြင်မှုကို အကြိမ်ကြိမ်ခံစားနိုင်တာမို့ ခြေလှမ်းတိုင်းက အားအင်အပြည့်နဲ့ ပျော်စရာကောင်းနေပါလိမ့်မယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတွင်းအချိုဓာတ်ကို များစေနိုင်သည့် လူသိနည်းသော အချက်များ

သွေးတွင်းအချိုဓာတ်ကို များစေတဲ့ အချက်တွေကတော့ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဖျားနာတာ၊ ဆေးသောက်ချိန်မမှန်တာ၊ ကဖင်းဓာတ်စတာတွေကြောင့် ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကျနေတဲ့ စိတ်ဓာတ်ကို ဆွဲတင်ကြစို့

အမြဲစိတ်ဓာတ်တွေကျနေရင် ဘယ်လိုလုပ် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်နိုင်တော့မှာလဲ။ ဒီတော့ စိတ်ဓာတ်ကျ (Depression) နေပြီဆိုရင် တိုက်ထုတ်လိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တိုင်းရေးပြည်ရာ အတွေးစတွေကြောင့် စိတ်ဖိစီးနေပြီလား

လူဆိုတာ နိုင်ငံရေးသတ္တဝါလို့ ဆိုစကားရှိတယ်။ လူရယ်လို့ဖြစ်လာပြီဆိုရင် တိုင်းရေးပြည်ရာ ကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတော့စိတ်ဖိစီးမှုလည်း ကြုံလာနိုင်တော့တာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 25, 2020 . 2 mins read
ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆီးချိုရှိသူအတွက် ပြုစုစောင့်ရှောက်ရသူတစ်ယောက်ရဲ့စိတ်သောကကို လျှော့ချပေးနိုင်မယ့် (၇) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 10, 2020 . 3 mins read
သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

သိမ်းဆည်းထားရမယ့် အရာတွေထဲမှာ စိတ်ဖိစီးမှု မပါပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 9, 2020 . 2 mins read
သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

သင်ချစ်ရတဲ့သူတွေ စိတ်ဖိစီးမှုမှ လွတ်မြောက်ဖို့ ဘယ်လိုကူညီပေးမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 6, 2020 . 3 mins read