သတ်သတ်လွတ်စားသူတိုင်း သတိထားသင့်တဲ့ အချက်တွေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ဝိတ်ချချင်လို့ပဲဖြစ်ဖြစ် အသားစားရတာ ငြီးငွေ့လာလို့ပဲဖြစ်ဖြစ် ဘာသာရေးအယူအဆတစ်ခုကြောင့်ဖြစ်ဖြစ် အသီးအရွက်တွေချည်းစားနေတဲ့ သတ်သတ်လွတ်သမားတွေရှိမှာပါ။ သတ်သတ်လွတ်စားရင် အသားအရေလှတယ် ကိုယ်အလေးချိန်လည်းထိန်းနိုင်တယ်ဆိုပေမယ့် မျှတတဲ့ အာဟာရတစ်ခုကို အသီးအရွက်ချည်းပဲ စားတာကနေ မရနိုင်ပါဘူး။ အားလုံးသိကြတဲ့အတိုင်း ကျန်းမာတဲ့ ကိုယ်ခန္ဓါတစ်ခုပိုင်ဆိုင်ဖို့ဆို အသားငါး အသီးအရွက် ထမင်းစတဲ့ အုပ်စုကြီးတွေ မျှတအောင် စားဖြစ်ဖို့လိုတယ်လေ။ ဒီတော့ သတ်သတ်လွတ် အသီးအရွက်ကြီးပဲ စားနေတဲ့ လူတွေ အတွက် သတိထားစရာ ကျန်းမာရေးပြဿနာတွေ ပေါ်လာတော့တာပေါ့ ။

သတ်သတ်လွတ်စားသူတိုင်း ဘယ်လိုကျန်းမာရေးပြဿနာတွေကို သတိထားရမလဲ ။ ။

( ၁ ) ပဲအစားများခြင်းကနေ ေလထိုးလေအောင့်ြခင်းကို ဖြစ်စေတတ်ပါတယ်။

သတ်သတ်လွတ်သမားတွေက အသားဓါတ် ပရိုတိန်းဓါတ်ရဖို့ ပဲ ကိုအဓိကထားစားရတယ်မလား။ ဒီ ပဲအမျိုးမျိုးမှာပါဝင်တဲ့ lectins နဲ့ phytates ဓါတ်က လေထိုးလေအောင့် လေပွတဲ့ပြဿနာကို အဓိကဖြစ်စေတဲ့ တရားခံတွေပါ။

( ၂ ) ပဲပိစပ် Soy protein ဟာ ဟော်မုန်းတွေ ကို အနှောင့်အယှက်ပေးပါတယ်။

သတ်သတ်လွတ်သမားတွေ နောက်တစ်မျိုးအားထားတဲ့ Soy protein ပဲပိစပ် ပရိုတင်းဟာ ဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင်နဲ့ သိုင်းရွိုက်ဟော်မုန်းအပေါ် သွားပြီး သက်ရောက်မှု ရှိပါတယ်။ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် ကျန်းမာရေးအခြေအနေတစ်ချို့လည်း ပြောင်းလဲသွားပါလိမ့်မယ်။

( ၃ ) အသားမစားတာကြောင့် အသားကနေရတဲ့ သံဓါတ် ချို့တဲ့မှု တွေ များလာပါလိမ့်မယ်။

သံဓါတ်ဆိုတာ သွေးအားကောင်း စေဖို့အတွက် အဓိကလိုအပ်တဲ့ ဓါတ်တစ်ခုလေ။ ဒီသံဓါတ်က အနီရောင်အသားတွေမှာ အများဆုံးပါတာဆိုတော့ သတ်သတ်လွတ်သမားတွေအတွက် ဒီ သံဓါတ်ချို့တဲ့မှုက ပြဿနာတစ်ခု ဖြစ်လို့နေတာပေ့ါ။ ဒါ့ကြောင့် သတ်သတ်လွတ် သမားတွေ သံဓါတ်အားဖြည့် ဖြည့်စွက်ဆေးတွေ ပြန်သောက်ပေးဖို့လိုအပ်ပါတယ်။

( ၄ ) အိုမီဂါ ၃ မစားဖြစ်တာကြောင့် စိတ်ကျဝေဒနာခံစားရဖို့ အလားအလာလည်း များပါတယ်။

သတ်သတ်လွတ်ဆိုတော့ ငါးလည်းမစားရတာကြောင့် ငါးတွေကနေတစ်ဆင့်ရတဲ့ အိုမီဂါ ၃ ( omega 3 ) ဓါတ် မရတာကတစ်ကြောင်း အစေ့အဆံတွေ ပိုစားဖြစ်တော့ အိုမီဂါ ၆ ( omega 6 ) အာဟာရဓါတ်တွေ အများကြီးရနေတာက တစ်ကြောင်းနဲ့ သတ်သတ်လွတ်သမားတွေက စိတ်ကျဝေဒနာခံစားဖို့ အလားအလာပိုများပါတယ်။

( ၅ ) ဗီတာမင် b12 ချို့တဲ့တဲ့ ဒဏ်ကိုလည်းခံစားရနိုင်ပါတယ်

သွေးအားနည်းတာ ၊နုန်းခွေတာနဲ့ အာရုံထွေပြားတာတွေရဲ့ အဓိက တရားခံဖြစ်တဲ့ ဗီတာမင် B12 ချို့တဲ့ခြင်းဟ ာ သတ်သတ်လွတ်သမားတွေ အဖြစ်များတဲ့ ဝေဒနာတစ်ခုပါ။ ဗီတာမင် B12က အသားတွေမှာ အဓိကပါဝင်တဲ့ဓါတ်တစ်ခု မဟုတ်လား။

( ၆ ) ဇင့်ဓါတ်စုပ်ယူမှု အပိုင်းမျာလည်း ထိခိုက်မှု ရှိသွားနိုင်ပါတယ်။

အသီးအရွက်တွေမှာပါတဲ့ phytic acid ဟာ ကိုယ်တွင်း ဇင့်ဓါတ်စုပ်ယူမှုကို တားဆီးလိုက်တာကြောင့် သတ်သတ်လွတ်သမားတွေ ဇင့်ဓါတ်ချို့တဲ့တဲ့ ပြဿနာကိုခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ဇင့်ဓါတ်ဖြည့်စွက်အားဆေးကို သောက်ပေးဖို့လိုပါတယ်။

( ၇ ) အသားမစားဘဲ ထမင်းကြီးပဲအစားများတာကြောင့် ကာဘိုဟိုက်ဒရိတ်လည်းအဝင်များနေပါလိမ့်မယ်။

အသားမစားဘဲ ထမင်းနဲ့ အသီးအရွက်ချည်းပဲ စားတဲ့အခါ ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ အစားများပြီး အဝလွန်တဲ့ပြဿနာ ကိုယ်အလေးချိန်တက်လာတဲ့ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသား၊ ငါး ရှောင်သူတိုင်း မေ့မထားသင့်တဲ့ အာဟာရဖြည့် စားစရာ

အသား၊ ငါး အသီးအရွက် အာဟာရ အစားအစာ ပဲပြား တို့ဟူး omega-3 fatty acid ဇင့် ဗီတာမင်D ပဲစေ့ ခန္ဓာကိုယ် ကိုလက်စထရော ဖောလိတ် အခွံမာသီးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပျော်ရွှင်ခြင်းနှင့် ကျန်းမာခြင်း

နာကျင်မှု နှလုံး စိတ်ဖိစီးမှု အဆစ်အမြစ်ရောင်ခြင်း ပျော်ရွှင်ခြင်း ကျန်းမာခြင်း ဟော်မုန်း စိတ်ခံစားမှု စိတ်ဖိစီးမှု ကိုယ်ခံစွမ်းအား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ကန်စွန်းကြီးရွက် စားသင့်တဲ့ အကြောင်းရင်း (၈) ချက်

ကန်စွန်းကြီးရွက် ကန်စွန်းရွက် ကန်စွန်းဥ အသီးအရွက် ဟင်းလျာ ဆေးဖက်ဝင် အကျိုးကျေးဇူး ကျန်းမာရေး အာဟာရ နှလုံးကျန်းမာရေး မျက်စိကျန်းမာရေး အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဘောစကိုင်း ပင်ရဲ့ ဆေးဖက်ဝင်ပုံ အဖုံဖုံ

ဘောစကိုင်း အရွက် အပင် အစေ့ အခေါက် ဆေးဖက်ဝင် တို့စရာ ထမင်းဝိုင်း အသီးအရွက် သဘာဝအာနိသင် အရေပြား နာကျင်ကိုက်ခဲမှု ကင်ဆာ ဗောက်ပျောက် သန်ကျ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆွမ်းမွှေးရွက် ရဲ့ ဆေးဖက်ဝင် အစွမ်းသတ္တိတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 7, 2020 . 2 mins read
ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ပုန်းရည်ကြီး ကပေးတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 5, 2020 . 2 mins read

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read