backup og meta

နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ ဆိုရင်

နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ ဆိုရင်

ဒီတစ်ခေါက်တော့ နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ ဆိုရင် လိုက်နာရမယ့် နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ နွေ ရာသီရဲ့ တကယ့်ကို အပူပြင်းဆုံးအချိန်ကာလကို တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာနေပါပြီ။ အပူဒဏ်ကြောင့် လူအများစုဟာ နေအိမ်တွေမှာပဲရှိနေကြတာများပါတယ်။

ဒါပေမယ့် နွေရာသီရဲ့ အလယ်ခေါင်ကာလကြီးမဟုတ်လား။ အပူရှိန်ဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီမို့ နေအိမ်မှာ နေရထိုင်ရတာကလည်း သက်သောင့်သက်သာ အနေအထားတော့ မဟုတ်လှပါဘူး။

ဒီလိုပူပြင်းတဲ့ နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ရာသီဥတုပူပြင်းတာမို့ ရောဂါဘယကူးစက်နိုင်ခြေမြင့်မားပြီး အရေပြားရောဂါတွေ၊ အပူလျှပ်တာ၊ လေဖြတ်တာနဲ့ ရေဓာတ်ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်ခြေမြင့်မားလှပါတယ်။

ဒီအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကျန်းမာအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြုစုနိုင်ပါတယ်။

နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ နည်းလမ်းများ

နွေ အပူရှိန်ပြင်းပြင်းအောက်မှာ ကျန်းမာနေဖို့ ဆိုရင်တော့

နွေရာသီမှာ ရေဓာတ်မဆုံးရှုံးဖို့က အဓိကပါပဲ။ ရေများများသောက်ပေးဖို့ ဂရုစိုက်ပါ။ အထူးသဖြင့် မိုးလင်းတာနဲ့ ရေ ၂ ဖန်ခွက် ကနေ ၄ ဖန်ခွက်လောက်အထိ သောက်ထားပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း အဆိုပါပမာဏအတိုင်း သောက်ပေးပါ။ တစ်နေ့တာအတွက် ရေ ၈ ခွက်ကနေ ၉ ခွက်ဝန်းကျင်အထိ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်သွားဖို့လဲ မမေ့ပါနဲ့။

  • လေ့ကျင့်ခန်းအလွန်အကျွံမလုပ်ပါနဲ့

အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုးတွေက ကိုယ်တွင်း အပူချိန် ထိန်းညှိဖို့နဲ့ နှလုံးကျန်းမာဖို့အတွက် အရမ်းကို အထောက်အကူပြုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကိုယ်က နေ့စဉ်လေ့ကျင့်ခန်းလုပ်နေကြလူမျိုးဆိုရင် ပေါ့ပါးတဲ့လေ့ကျင့်ခန်းမျိုးတွေ၊ ယောဂလိုလေ့ကျင့်ခန်းမျိုးတွေပဲ လုပ်ပါ။ အလွန်အမင်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ ပူပြင်းတဲ့ရာသီဥတုတွေနဲ့ မသင့်လျော်ပါဘူး။

အစားအသောက် မှီဝဲရာမှာ အာဟာရပြည့်ဝစေဖို့ အဓိကထားရပါမယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ Diet စတိုင်နဲ့ အစားရှောင် စားသောက်တာမျိုးတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရမျှတစွာစွားသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအသောက်တွေထက် အသီးအနှံတွေကို ပိုမိုမှီဝဲတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ပူတဲ့ရာသီတွေမှာ အစားအသောက်ကို အများအပြား အလွန်အကျူး စားသောက်တာမျိုးထက် နည်းနည်းစီ အကြိမ်ကြိမ် ခွဲစားတာမျိုး ပိုလုပ်သင့်ပါတယ်။ ဒီလိုလုပ်တာက ကျန်းမာရေးအတွက် ပိုအထောက်အကူပြုစေနိုင်ပါတယ်။ ပျင်းရိတာမျိုး လေးကန်တာမျိုးလည်း ဖြစ်စေတော့မှာမဟုတ်ပါဘူး။

ကိုယ်က လှလှပပမနေတတ်ရင်တောင်မှ အရေပြားခြောက်သွေ့ပြီး အရေပြားရောဂါတွေ မဖြစ်ပေါ်စေဖို့ Sunscreen လို၊ Moisturizer လို အရာမျိုးတွေ သုံးပေးဖို့ လိုအပ်မှာပါ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ရာသီမျိုးမှာ တစ်နေ့ကို ၃ ကြိမ်လောက် အရေပြားစိုစွတ်အေးမြစေမယ့် ခရင်မ်မျိုးတွေ လိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

  • မူးယစ်သောက်စားခြင်းကို ရှောင်ကျဉ်ပါ

သောက်သောက်စားစား လူ့မင်းသားတွေကို မသောက်နဲ့လို့ ပြောဖို့က အတော်ခက်ပါတယ်။ ဘယ်အချိန် ဘယ်ရာသီမဆို သောက်ကြမှာ သေချာနေတာကြောင့်ပါပဲ။ ဒါပေမယ့် ပူပြင်းခြောက်သွေ့တဲ့ ရာသီမျိုးမှာ အရက်သေစာ မှီဝဲတာဟာ ရေဓာတ်ဆုံးရှုံးနိုင်ခြေမြင့်မားပြီး တခြားကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေရှိနိုင်တာမို့ လုံးဝမရှောင်ကျဉ်နိုင်ရင်တောင် သိသိသာသာ လျှော့ချသင့်ပါတယ်။

  • ထိခိုက်ဒဏ်ရာ ရရင် ဂရုစိုက်ပါ

ပူတဲ့ကာလတွေမှာ ထိခိုက်ဒဏ်ရာတွေ၊ အနာတွေကို ကုသရတာ ပိုပြီး လက်ဝင်ပါတယ်။ သွေးပိုထွက်လာနိုင်တာမျိုး ဖြစ်နိုင်သလို ပိုးမွှားတွေ ကူးစက်နိုင်ခြေလည်းများပါတယ်။ First aid kit လို အိမ်သုံးဆေးသေတ္တာတွေကို ကြိုတင်ဆောင်ထားသင့်သလို လိုအပ်မယ့် ဆေးဝါးမျိုးတွေကိုလည်း ကြိုတင်စုဆောင်းသိမ်းဆည်းထားသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/women/features/8-summer-steps-for-healthy-living#1

https://amandeephospital.org/blogs/10-tips-to-stay-healthy-in-summer.php

https://www.health.nsw.gov.au/environment/beattheheat/Pages/stay-healthy-in-heat.aspx

ယခုပုံစံ

03/04/2024

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေး နဲ့ နွေရာသီ

နွေရာသီမှာ သောက်လေ့ရှိကြတဲ့ ဥသျှစ်ရည် ချိုချိုလေးကပေးတဲ့ ကျန်းမာရေးအာနိသင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 03/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement