backup og meta

သင့်သရက်ရွက် မထိခိုက်စေအောင် ဒီလိုမျိုး ကာကွယ်လိုက်ပါ။

သရက်ရွက် ဘေလုံးလို့လည်း လူသိများကြတဲ့ spleen ဟာ ပြန်ရေကြော အဖွဲ့အစည်းထဲမှာ အကြီးဆုံး ကလီစာတစ်ခုပါ။ သူဟာ ကိုယ်တွင်းမှရှိတဲ့ သွေးတွေ၊ ရေတွေကို ညီမျှအောင် ထိန်းပေးနေရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဗိုက်ရဲ့ ဘယ်ဘက်အခြမ်းမှာရှိပြီး တစ်ရှူးနှစ်မျိုးနဲ့ သရက်ရွက်ကိုဖွဲ့စည်းပေးထားတာပါ။

  • အနီရောင်တစ်ရှူးကတော့ သွေးတွေကို စစ်ထုတ်ရတဲ့ တာဝန်ကို ထမ်းဆောင်ရပြီး အိုဟောင်းသွားတဲ့ သွေးနီဥဆဲလ် တွေကို စစ်ထုတ်ရတာပါ။
  • အဖြူရောင်တစ်ရှူးမှာတော့ ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ T cells and B cells လို့ခေါ်တဲ့ ခုခံအား ဆဲလ်တွေ အပြည့်နဲ့ ဖွဲစည်းထားတာပါ။

ဒီတော့ သရက်ရွက်က သွေးတွေကို သိမ်းထားပြီး စစ်ထုတ်ပေးတယ်။ ကိုယ်တွင်းထဲကို ရောဂါပိုး တွေဝင်လာရင် သူက ဖမ်းပြီး တိုက်ထုတ်ပေးတယ်ဆိုတော့ သရက်ရွက်ကလည်း အခြား ကိုယ်တွင်းကလီစာနည်းတူ အရေးကြီးတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် အစာခြေတဲ့စနစ်မှာလည်း သရက်ရွက်က မပါမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။

သရက်ရွက်ကို ဘယ်အရာတွေက ထိခိုက်စေတတ်တာလဲ။ ။

  • စိတ်ဖိစီးမှုများတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ မစားတာ ၊ ရာသီဥတုအေးတာ တွေကြောင့် သရက်ရွက်ရဲ့ ကျန်းမာရေးထိခိုက်သွားတာကို Spleen Qi Deficiency လို့ခေါ်ပြီး ဒီရောဂါကြောင့် ဝမ်းလျှောတာ ၊ အစာမကြေတာ၊ ေလထိုးလေအောင့် ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။
  • ထိခိုက်ဒဏ်ရာ တစ်ခုခုကြောင့် ဘေလုံးကွဲတာ၊ သရက်ရွက်ပြဲဆုတ်သွားတာ
  • ရောဂါပိုးတွေကြောင့် သရက်ရွက်ကြီးနေတာ
  • သရက်ရွက်ကင်ဆာတွေက သရက်ရွက်ကို ထိခိုက်စေနိုင်တဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

ဒါဆို သင့်သရက်ရွက်လေးကျန်းမာစေဖို့ ဘာတွေ လုပ်ပေးသင့်သလဲ။. ။

အားလုံးထဲမှာမှ Spleen Qi Deficiency က ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုပါ။ ကိုယ့်ရဲ့ သရက်ရွက်လေးကို ဘယ်လိုကာကွယ်ရမလဲ ကြည့်ရအောင် ။ ။

၁ ။ အစားအစားများကို ပူပူနွေးနွေးစားပါ။ အသားများကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားမှ အစာခြေရတာ ပိုလွယ်လို့ သရက်ရွက် အပေါ်ပိနေတဲ့ ဝန်တွေ လျော့သွားပါလိမ့်မယ်။

၂ ။ အစားမစားခင် ( ဒါမှ မဟုတ်) စားနေစဉ်အတွင်းမှာ ဂျင်းပြုတ်ရည်ထည့်သောက်တာတို့၊ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ ငရုတ်ကောင်းတို့၊ သစ်ကြပိုးခေါက်တို့ဟာ သရက်ရွက်ရဲ့ အစာခြေတဲ့ စနစ်ကို ပိုအားကောင်းစေပါတယ်။

၃ ။ အစားကိုဖြည်းဖြည်းချင်း ဝါးစားပါ။ အစားကို ဖြည်းဖြည်းချင်း းဝါးစားတာကြောင့် အစာတွေ ပိုကြေညက်သွားမယ့်အပြင် ဗိုက်ပြည့်ပြီဆိုတဲ့ အာရုံကြော အချက်ပြစနစ် ဦးနှောက်ကို ရောက်အောင် သွားဖို့ အချိန်ပေးရာလည်းရောက်လို့ အများကြီးလည်း အစားမိတော့ပါဘူး။

၄။ အစားကို နည်းနည်းနဲ့ အကြိမ်များများစားပါ။ တစ်ခါတည်း ပြည့်အင့်နေအောင် စားတာထက် နည်းနည်းချင်းစီ အကြိမ်ရေများများစားတာက သင့်အစာခြေစနစ်ကို ကူညီရာရောက်ပါတယ်။

၅ ။ ကစီဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးပါ။ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ မုန်လာဥနီ ၊ ပဲ အမျိုးမျိုးတို့ဟာ ကစီဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်ပြီး အမျှင်ဓါတ်ကြွယ်ဝတာကြောင့် သင့်အစာခြေစနစ်ကို အကူအညီပေးမှာ အသေအချာပါ။

၆ ။ အချိုစားများလွန်းတာ ဆီးချိုဖြစ်စေရုံသာမက သင့်မုန့်ချိုအိတ်ကိုရော၊ သရက်ရွက်ကိုရော ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် အချိုလျှော့စားပါ။

ကဲ ဒါတွေကတော့ သရက်ရွက်မှာအများဆုံးဖြစ်တတ်တဲ့ Spleen Qi Deficiency ကို ကြိုတင်ကာကွယ်နိုင်တဲ့ နည်းတွေပဲဖြစ်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.gaia.com/article/8-ways-support-your-spleen Accessed Date 29.12019

https://www.livescience.com/44725-spleen.htmlAccessed Date 29.12019

https://www.changeyourenergy.com/blog/1592/5-ways-to-reduce-stress-enhance-spleen-function?fbclid=IwAR0F3RhJkrizgWMNde1GGPSUZGOa6ifeGqFocdIgyEtK4d76vpmXIFA7Cz8Accessed Date 29.12019

ယခုပုံစံ

26/07/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


သက်ဆိုင်သည့် ဆောင်းပါး

ကလေးတွေရဲ့အစာခြေစနစ်ပြဿနာတွေ ဘယ်လိုကာကွယ်မလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/07/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement