ပရိုတင်း shake ဘယ်နှစ်မျိုးရှိလဲ။ ဘယ်လိုအာနိသင်တွေရှိလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကွက်သားတက်ချင်ရင် ပရိုတင်း Shake တွေသောက်၊ ဝိတ်မြန်မြန်ကျဖို့ အဆီတွေ များများလောင်ကျွမ်းဖို့ ပရိုတင်း မှုန့်တွေ၊ ပရိုတင်း shake တွေက ကူညီနိုင်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ခန္ဓါ အချိုးအစားကျအောင် တည်ဆောင်နေတဲ့ သူတိုင်းအတွက် ပရိုတင်း shake က အရေးပါတဲ့အပြင် သူ့မှာ အခြား ကျန်းမာရေး အာနိသင်တွေ လည်း အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။

( ၁ ) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။.

ပရိုတင်းမှုန့်မပြောနဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတွေ ပ ဲတွေ စားပြီးရငိ တစ်ချိန်လုံး အဆာခံတာကြောင့် ပရိုတင်းမှုန့်တွေက ဝိတ်ချတဲ့သူတွေ ကြား နာမည်ကြီးနေရခြင်းပါ။ နောက်ပြီး ပရိုတင်းဆိုတာ ကြွက်သားတစ်ခု တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဝိတ်တက်ပြီး ဗလတောင့်ချင်တဲ့သူတွေအတွက်လည်း သူက အားကိုးလို့ရတဲ့ အရာတစ်ခုပါ။ ဒီတော့ လှပပြီး အချိုးကျတဲ့ကိုယ်ခန္ဓါတစ်ခုကို ပရိုတင်းက ယူဆောင်ပေးနိုင်တယ်ဆိုတာ အံ့သြစရာတော့ မရှိပါဘူး။

( ၂ ) ကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။

ဗလတောင့်ြပီး ကိတ်နေတဲ့ ကိုကို၊ မမတိုင်း ပရိုတင်းဖျော်ရည်နဲ့ ကင်းတာ ရှားပါတယ်။ ပရိုတင်းရဲ့ အဓိက တာဝန်က ကြွက်သားတည်ဆောက်မှု အပိုင်း ဖြစ်နေတာကြောင့် gym သွား ဝိတ်မပြီး လေ့ကျင့်ခန်းလုပ်နေသူတိုင်း ပရိုတင်း shake တွေကို သောက်လေ့ရှိကြပါတယ်။ တကယ်လည်း ပရိုတင်းမှုန့်တွေက ကြွက်သားတည်ဆောက်မှုကို အားပေးတယ်ဆိုတာကို တစ်ညီတစ်ညွတ်တည်း လက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလို ကြွက်သားတွေ တည်ဆောက်ပေးတဲ့ အာနိသင်ဟာ သောက်တဲ့သူရဲ့ အသက်အရွယ်၊ ကိုယ်ခန္ဓါအချိုးအစား နဲ့ လုပ်တဲ့လေ့ကျင့်ခန်းတွေ မူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။

( ၃ ) လေ့ကျင့်ခန်းလုပ်ပြီးချိန် ပျက်စီးသွားတဲ့ ကြွက်သားတွေ နေရာမှာ ပြန်ပြီး အစားထိုးပေးပါတယ်။

ပရိုတင်းက ကြွက်သားအသစ်တွေ တည်ဆောက် ဖို့ အားပေးသလို လေ့ကျင့်ခန်းလုပ်နေချိန် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်ပြီး ပြုပြင်ပေးပြန်ပါတယ်။ ဒါ့ကြောင့် အားကစားလုပ်ပြီးတိုင်း နာကျန်နေတဲ့ ကြွက်သားနာကျင်မှုတွေ သက်သာစေဖို့ ပရိုတင်းဖျော်ရည်တွေကို သောက်ကြတာဖြစ်ပါတယ်။

( ၄ ) အာဟာရလည်းဖြစ်စေပါတယ်။

အရွယ်ရောက်ပြီးသား လူတစ်ယောက်တစ်နေ့ စားရမယ့် ပရိုတင်းပမာဏက ယောက်ျားလေးဆို ၅၆ ဂရမ် မိန်းကလေးဆို ၄၆ ဂရမ်ပါ။ ဒါပေမယ့်လည်း ဒီလို နေ့စဉ်လိုအပ်တဲ့ ပမာဏရအောင် အသားတွေ ပဲတွေ လိုက်စားဖို့ဆိုတာ ပြောရင်သာလွယ်မယ် လုပ်ရင်တော့ တကယ်ကို ခက်ခဲတဲ့အရာပါ။ ပရိုတင်းကိုဘယ်နေရာကနေရမလဲ သေချာမသိတာတစ်ကြောင်း၊ ကိုယ် ပရိုတင်း ဘယ်လောက်စားလိုက်မှန်း မသိတာကတစ်ကြောင်းနဲ့ မရေမရာ ဖြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းတွေ မစားမိလိုက်တဲ့အခါ ပရိုတင်းဓါတ်ချို့တဲ့တဲ့ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။ ဒါတွေအတွက် ပရိုတင်း Shake တွေ က ဖြေရှင်းပေးနိုင်မှာပါ။ အားကစားသမားတွေ၊ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်နေတဲ့သူတွေ၊ အစားအသောက်ပျက်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ဝေဒနာခံစားနေရတဲ့သူတွေက ပရိုတင်းဖျော်ရည်တွေ သောက်ပေးဖို့ ပိုလိုအပ်ပါတယ်။

ဒါတွေကတော့ ပရိုတင်းဖျော်ရည်တွေက ကိုယ်ခန္ဓါတည်ဆောက်ဖို့အတွက် ဘယ်လို အကျိုးပြုနေလဲဆိုတာတွေပါ ။ ဒါတွေအပြင် ပရိုတင်း ဖျော်ရည် အမျိုးအစားဘယ်နှစ်မျိုးရှိလဲဆိုလေးတွေပါသိထားရင် ပိုကောင်းပါတယ်။ ကိုယ်နဲ့ ကိုက်ညီတာ ရွေးသောက်လို့ရတာပေါ့။

Whey – ပရိုတင်းဖျော်ရည်တွေ အာလုံးထဲမှာ ဒီ Whey ပရိုတင်းက နာမည်အကြီးဆုံးနဲ့ လူသောက်အများဆုံးပါ။ ရေမှာပျော်ဝင်တဲ့ ပရိုတင်းအမှုန့် အမျိုးအစားတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓါက အလွယ်တကူသုံးစွဲနိုင်တာကြောင့် အာနိသင် မြန်မြန်ထိရောက်တဲ့ ပရိုတင်းတစ်ခုပါ။

Casein – ဒီအမျိုးအစားကတော့ လေ့ကျင့်ခန်းလုပ်ပြီးနောက် ထိခိုက်သွားတဲ့ ကြွက်သားတွေကို ပြန်လည် အားပေးတဲ့ အမိုင်နိုအက်ဆစ် glutamine ပါဝင်တဲ့ပရိုတင်း အမျိုးအစားပါ။ သူက နို့ထွက်ပစ္စည်းကနေဆင်းသက်လာတဲ့ ပရိုတင်းမှုန့်ဖြစ်တဲ့အတက် နို့နဲ့ ဓါတ်မတည့်တဲ့သူတွေ၊ သတ်သတ်လွတ်သမားတွေ အတွက် မသင့်တော်ပါဘူး။ ဒီ ပရိုတင်းကို ကိုယ်ခန္ဓါက ခြေဖျက်ရတာလည်း ကြာတဲ့အတွက် သူ့ကို ညဘက်အချိန်မှာ သောက်တာအကောင်းဆုံးပါ။

Soy – ပဲပိစပ်လို့လူသိများတဲ့ ဒီ ပရိုတင်းဖျော်ရည်မှာ ကိုယ်ခန္ဓါအတွက်တကယ်ကို အရေးကြီးတဲ့ အမိုင်နိုအက်ဆစ်တွေ အများကြီးပါပါတယ်။ ဒါ့ကြောင့် Whey တို့ Casein တို့ မကြိုက်တဲ့သူတွေ ဒီ ပဲပိစပ်ကနေရတဲ့ ပရိုတင်းကို မှီဝဲသင့်ပါတယ်။

Pea – အသားမဟုတ်ဘဲ အပင်ကနေ ထုတ်ထားတဲ့ ပရိုတင်းတွေအားလုံးမှာ pea protein ပါပါတယ်။ ဒီ pea protein မှာအဓိကပါဝင်တဲ့အ ရာကတော့ ကြွက်သားတည်ဆောက်ဖို့အတွက် တကယ်ကို အရေးပါတဲ့ အမိုင်နိုအက်ဆစ် arginine ပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

အစေ့အဆန်တွေက အဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစားအစာပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှုဖြစ်စေနိုင်တယ်ဆိုပေမယ့် ကလေးတိုင်း မဖြစ်နိုင်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read