ဆေးလိပ်ကြောင့် မဲနေတဲ့ နှုတ်ခမ်းကို ပြန်လည် ပြုပြင်ဖို့ နွားနို့နဲ့ နှင်းဆီ ပွင့်ဖတ်တွေလောက် ကောင်းတဲ့ အရာမရှိတော့ပါဘူး။ နွားနို့ရဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး နူးညံ့စေတဲ့ အစွမ်းနဲ့ နှင်းဆီ ပွင့်ဖတ်လေးတွေရဲ့ အာဟာရဖြည့်တင်းမှုနဲ့ အနီရောင်ခြယ် ပစ္စည်းတွေကြောင့် မဲနေတဲ့ သင့်နှုတ်ခမ်းလေး တစ်ဖန်ပြန်လည် ပန်းသွေးရောင် သန်းလာတော့မှာပါ။
နွားနို့ထဲကို နှင်းဆီပွင့်ဖတ်တွေ ကျိတ်ချေထည့်ပြီး ရလာတဲ့ အရောအရည်လေးကို နှုတ်ခမ်းပေါ် ၁၅ မိနစ်လောက်လိမ်းထားပြီး ရေပြန်ဆေးချပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ဒီလိုလေး လုပ်ပေးလို့ကတော့ ၃ လအတွင်း ပန်းသွေးရောင် နှုတ်ခမ်းတစ်စုံ သင်ပိုင်ဆိုင်ရမှာပါ။
ခေါင်းအစ ခြေအဆုံး အလှအပ အတွက် အုန်းဆီလောက် ကောင်းတဲ့ သဘာဝ ပစ္စည်းမရှိပါဘူး။ အစိုဓါတ်ကိုထိန်ပေးပြီး အသားအရေကို နူးညံ့စေတဲ့ အုန်းဆီကို နှုတ်ခမ်းသားလေးမှာ တစ်ညလုံး သုတ်လိမ်းထာပြီး မနက်မှ ရေပြန်ဆေးချလိုက်ပါ။ သင့်နှုတ်ခမ်းတစ်စုံ တစ်ဖန်ပြန်လည် တောက်ပလာပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။