အိပ်မပျော်သူတွေအတွက် အသုံးတည့်မယ့် ယောဂပို့စ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 14, 2020 . 2 mins read
Share now

သင်က စူပါဟီးရိုးမဟုတ်ပါဘူး။ ဒါကြောင့် အိပ်စက်ချိန်လိုအပ်မှာပါ။ အလုပ်အရမ်းများလို့ ရံဖန်ရံခါအိပ်ချိန်နောက်ကျတာက ကိစ္စမရှိပေမယ့်နေ့တိုင်းနောက်ကျနေတာကတော့မကောင်းပါဘူး။ ခန္ဓါကိုယ်မှာရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ရရှိတဲ့ အိပ်စက်ချိန်လေးမှာပြည့်ပြည့်ဝဝအိပ်စက်ပြီး အိပ်ရေးမဝတာ။ အိပ်မပျော်တာတွေမဖြစ်အောင် အထောက်အကူပြုပေးနိုင်မယ့်ယောဂပို့စ်လေးတွေပြောပြပေးပါရစေနော်။

အိပ်ပျော်စေမယ့်ယောဂပို့စ်

နံရံကပ်ပြီးခြေထောက်နှစ်ဖက်စလုံးမြှောက်မယ်

  • အရင်ဆုံးနံရံကို မျက်နှာမူပြီးထိုင်လိုက်ပါ
  • နံရံနဲ့ ၆ လက်မခွာထားပါမယ်
  • ပြီးရင်လှဲချလိုက်ပါ
  • ခြေထောက်ကို နံရံမှီရင်း အပေါ်ကိုဆန့်ထုတ်ပေးပါ
  • လက်တွေကိုဘေးဘက်မှာ လက်ဖဝါးဖြန့်ရက်အနေအထားနဲ့ သက်တောင့်သက်သာလေးချထားပါ
  • အသက်ကိုဖြည်းဖြည်းချင်းရှုပေးပါ
  • အကြောတွေပြေလျော့လာပါလိမ့်မယ်
  • ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။

ခါးလှည့်အကြောလျှော့မယ်

  • ခြေထောက်ကို တင်ပျဉ်ခွေထိုင်လိုက်ပါ။
  • ညာလက်ကို ဘယ်ဘက်ဒူးခေါင်းပေါ်မှာထားပြီး ဘယ်ဘက်လက်ကို ခါးနောက်ဘက်မှာထားပေးပါ
  • အသက်ရှုထုတ်ရင်း ခါးကိုဖြည်းဖြည်းချင်းအကြောလျှော့ပြီးလျည်ေ့ပးပါ။ခေါင်းကိုပါလိုက်လှည့်ပေးပါ
  • လက်တင်ထားတဲ့ ဒူးရှိရာဘက်ကို မျက်နှာမူပြီး ပခုံးကိုကျော်ကြည့်ပါ။ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပေးပါ
  • ပြီးရင်ခန္ဓါကိုယ်ကို တည့်တည့်ပြန်နေပါ
  • နောက်တစ်ဖက်ကိုလည်း အလားတူလုပ်ပေးပါ
  • ဒီလေ့ကျင့်ခန်းကို တစ်မိနစ်ကြာလုပ်ပေးပါ။

ခြေလက်အကြောတွေလျှော့မယ်

  • အရင်ဆုံး အိပ်ရာပေါ်မှာ သက်တောင့်သက်သာလှဲလိုက်ပါ
  • ပြီးရင်ခြေဖဝါးနှစ်ခုကိုထိကပ်တဲ့ပုံစံနဲ့ ဒူးကွေးလိုက်ပါ
  • လက်ဖဝါးဖြန့်ရက်ပုံစံနဲ့ လက်တွေကိုဖြေလျှော့ဆန့်တန်းထားပါ
  • တကယ်လို့များဒူးထဲက နာနေမယ်ဆိုရင် ဒူးအောက်ဘက်မှာခေါင်းအုံးခပ်ပါးပါးလေးခံထားပေးပါ
  • ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာလုပ်ပေးပါ။

ကလေးလေးလိုနေပြီး အကြောလျှော့မယ်

  • ခြေဖနောင့်ပေါ်မှာ သက်တောင့်သက်သာလေးထိုင်ပေးပါ။မြင်သာအောင်ပြောပြရရင် ကိုရီးယားကားထဲမှာ ဒူးတုတ်ထိုင်သလိုပေါ့။
  • ပြီးရင်ခန္ဓါကိုယ်ကို အရှေ့ဘက်ကိုကိုင်းလိုက်ပါ။ နဖူးကို အိပ်ရာနဲ့ထိတဲ့အထိပေါ့
  • ရင်ဘတ်ကို ဒူးနဲ့ထိတဲ့အထိ ခန္ဓါကိုယ်ကို ချိုးချထားပါ။ သက်တောင့်သက်သာဖြစ်နေပါစေနာ်။
  • လက်မောင်းတွေကိုလည်းရှေ့ဘက်ကိုဆန့်ထုတ်ထားပါ။
  • အခုပြောခဲ့တဲ့ ပုံစံအတိုင်း သက်တောင့်သက်သာလေးနေပြီး အသက်မှန်မှန်လေးရှုပေးပါ
  • ဒီလေ့ကျင့်ခန်းကို ၂ မိနစ်ကြာအောင်လုပ်ပေးပါ။

ဒူးတွေကို ပိုက်ပြီးအကြောလျှော့မယ်

  • ပက်လက်လှဲလိုက်ပါ။
  • ဒူးကွေးပြီး ဒူးနှစ်ဖက်စလုံးကို ရင်ဘတ်နဲ့ထိကပ်နေအောင် ပိုက်လိုက်ပါ
  • ခြေမျက်စိနားကနေ ဒူးနှစ်ဖက်စလုံးကို သိုင်းဖက်ထားပေးပါ
  • ဒူးကိုပိုက်ပြီး အသက်ရှုသွင်းရင်းနဲ့ ထထိုင်ပါ။ အသက်ရှုထုတ်ရင်းနဲ့ပြန်လှဲချပါ
  • တစ်မိနစ်ကြာအောင်လုပ်ပေးပါ။

ပြီးရင်တော့ လက်တွေခြေထောက်တွေကို သက်တောင့်သက်သာဆန့်ထားပြီး ဝင်သက်ထွက်သက်မှတ်ပေးပါ။ဖြည်းဖြည်းချင်းအိပ်ပျော်သွားပြီး နိုးလာချိန်မှာလည်း အိပ်ရေးဝပြီးလန်းဆန်းနေပါလိမ့်မယ်။

ညတိုင်းအိပ်ရေးဝလို့ လန်းဆန်းတက်ကြွစွာနိုးထနိုင်ကြပါစေကြောင်း……

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ရင်သားထွားထွား ရောဂါများများ

ရင်သား ကြီးမှ ဆွဲဆောင်မှု ရှိတာ၊ မိန်းကလေးဆိုတာ ရင်သားပြည့်မှ လှတယ်ဆိုတဲ့ အယူအဆတွေကို လက်ခံထားတုန်းပဲလား........ ရင်သားကြီးတာကို သဘောကျတာများပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ပင်ပန်းနွမ်းနယ်နေတာကို သက်သာစေဖို့

ခေါင်းထဲကပဲ ကိုက်နေသလိုလို၊ ခြေလက်တွေပဲ ညောင်းကိုက်နေသလိုလို၊ မကြည်မလင်နဲ့ ညီးစီစီဖြစ်နေလို့ နေရထိုင်ရ မသက်မသာဖြစ်နေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ရိုးရိုးအိပ်မပျော်တာလား အိပ်မပျော်တဲ့ရောဂါရနေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 3 mins read
အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

အရွတ်အားပြုပြင်ခွဲစိတ်ခြင်း (Tendon Repair Surgery) အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ကိုဗစ်ပိုးရှိနေသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read