အစာအဆိပ်သင့်စေနိုင်တဲ့ ဆေးယဉ်ပါး Salmonella အန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

ခုရက်ပိုင်း ရန်ကုန်မြို့က ကြက်သားအစိမ်းတချို့မှာ Salmonella ပိုးတွေ တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးသုတေသနစာတမ်းတစ်စောင်က ဖော်ပြတဲ့သတင်း တွေ့ကြပြီးပြီဟုတ်။

ဒီပိုးတွေကို ဆက်ပြီးစစ်ဆေးတဲ့အခါ Ampicillin၊ Tetracycline၊ Levofloxacin နဲ့ Ciprofloxacin အပါအဝင် ပဋိဇီဝဆေးဝါးသုံးမျိုးနဲ့အထက် ဆေးယဉ်ပါးနေတာ တွေ့ရတယ်လို့ စာတမ်းမှာ ပါရှိပါတယ်။

Salmonella ဆိုတာ ဘာလဲ

Salmonella ဆိုတာ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတစ်မျိုးပါ။ အစားအသောက်ကနေ ကူးတယ်၊ အိမ်မွေးတိရစ္တာန်ကနေ ကူးတယ်၊ ရောဂါပိုးပါတဲ့ ကြက်ဘဲ၊ ဝက်၊ အမဲသား၊ ဥနဲ့ နို့တွေစားသောက်မိရာကနေ Salmonella ပိုးကိုရရှိနိုင်ပြီး သူတို့နဲ့ အတူထားမိတဲ့ အသီးအရွက်တွေစားမိရင်လည်း ကူးစက်ရရှိနိုင်ပါတယ်။ အစားအသောက်ကနေ ကူးစက်ရရှိနိုင်တာဖြစ်ပေမယ့် ဒီဘက်တီးရီးယားရှိတဲ့အရာကို ထိတွေ့မိပြီး လက်သေချာမဆေးမိတဲ့အခါလည်း လူကနေလူကို လက်ကတဆင့် ဆက်ပြန့်ပွားနိုင်ပါတယ်။

Salmonella ကြောင့် အစာအဆိပ်သင့်ရင် လက္ခဏာတွေ ရှိလဲ

အများအားဖြင့်တော့ ကူးစက်ခံရပြီဆိုရင် –

  • ဗိုက်အောင့်တာ၊
  • ဝမ်းပျက်ဝမ်းလျှောတာ၊
  • ပျို့အန်တာ၊
  • ဖျားတာ၊
  • ချမ်းတုန်တာ၊
  • ခေါင်းကိုက်တာ၊
  • ဝမ်းသွားရင်သွေးပါတာ စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

ရောဂါလက္ခဏာတွေက ကူးစက်ခံရပြီး ၈ နာရီကနေ ၇၂ နာရီအတွင်း စလာတတ်ပြီး အပျော့စားမျိုးစိတ် တွေဆို တစ်ပတ်လောက်အတွင်း ပြန်သက်သာနိုင်ပါတယ်။ ဒါပေမယ့် အူလမ်းကြောင်းကျန်းမာရေးနဲ့ ဝမ်းပုံမှန်ပြန်ကောင်းဖို့က လနဲ့ချီပြီးကြာနိုင်ပါတယ်။

ဘာလို့ပိုဂရုစိုက်သင့်တာလဲ

Salmonella ပိုးရဲ့မျိုးစိတ်တွေက အများကြီးရှိပေမယ့် ဒီတစ်ခါတွေ့ရတာက တိုက်ဖွိုက်မဖြစ်စေနိုင်တဲ့ အမျိုးအစားဖြစ်ပြီး ပဋိဇီဝဆေးယဉ်ပါးနေတာလည်း တွေ့ရပါတယ်။ ဆေးယဉ်ပါး Salmonella ကြောင့် အစာအဆိပ်သင့်ခြင်းက ကမ္ဘာ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာတာကြောင့် ပိုပြီးသတိထားသင့်ပါတယ်။  ဒီပိုးကို နှိမ်နင်းနိုင်တဲ့ ပဋိဇီဝဆေးတွေရှိပေမယ့် သတိဆိုတာ ပိုသည်မရှိလို့ ကိုယ့်ဘက်က ကြိုတင်ကာကွယ်တဲ့နည်းလမ်းလေးတွေ သိထားဖို့က အရေးကြီးပါတယ်နော်။

ဘယ်လို ကာကွယ်ရမလဲ

  • အသားနဲ့ ဥတွေကို အစိမ်း သို့မဟုတ် မကျက်တကျက် မစားပါနဲ့။
  • သန့်ရှင်းတဲ့ရေကိုပဲ သောက်ပါ။
  • အသားစိမ်းတွေ၊ ဥတွေကို အသီးအရွက်အပါအဝင် တခြားစားစရာတွေနဲ့ သီးခြားခွဲထားပါ။
  • အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောပါ။
  • လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောသန့်စင်ပါ။ (အထူးသဖြင့် အစားအသောက်ပြင်ဆင်တဲ့အခါနဲ့ အစားမစားခင်အချိန် ဒါမှမဟုတ် သန့်စင်ခန်းအထွက်)
  • ချက်ပြုတ်တဲ့မီးဖိုခန်းမှာ သန့်ရှင်းအောင်ထားပါ။
  • အသားတွေကို သေချာကျက်အောင်ချက်ပါ။

တကယ်လို့ ကိုယ့်မှာ အစာအဆိပ်သင့်တဲ့လက္ခဏာတွေ တွေ့ရတယ်ဆိုရင် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးခန်းတွေမှာ အမြန်ဆုံးကုသမှုခံယူပါ။

ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်း ကတော့ ” ကြက်သားအစိမ်းတွေမှာ Salmonella ပိုးတွေတွေ့ရပေမဲ့ ဒီကြက်သားကို ကျက်အောင်ချက်ရင် Salmonella ပိုးတွေကသေသွားနိုင်ပါတယ်။ ဒါပေမဲ့ Salmonella ပိုးပါတဲ့ကြက်သားကိုကိုင်နေရင်းနဲ့ အခြားအစားအသောက်တွေကိုင်လိုက်မယ်ဆိုရင်တော့ ဒီပိုးက ဗိုက်ထဲတန်းရောက်သွားပါမယ်။ ဒါကြောင့် အသားစိမ်းတွေကိုင်ပြီးရင် လက်ကိုရေစင်အောင်ဆေးကြောဖို့လိုတယ်။ အသားစိမ်းတွေနဲ့ ချက်ပြီးသားအစားအစာတွေ၊ မုန့်ပဲသရေစာတွေ၊ အသီးအရွက်တွေအတူတူရောမထားရပါဘူး” လို့ ပြောပြခဲ့ပါတယ်။

အခုတွေ့ရတဲ့ Salmonella ပိုးတွေမှာ ဆေးယဉ်ပါး နေတဲ့ အကြောင်းရင်းကိုတော့ ဆက်ပြီးလေ့လာ၊ သုတေသနလုပ်ရဦးမယ်လို့ ဆိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အုန်းဆီကို သွားကျန်းမာရေးအတွက် ဘယ်လိုအသုံးပြုမလဲ

အုန်းဆီ သွားကျန်းမာရေး ခံတွင်း သွားဖုံး ရောဂါ အနံ့ဆိုး သွားပိုးပေါက် ဘက်တီးရီးယား သွားကြား သွားချေးကျောက် အုန်းသီး အုန်းဖတ် သွားတိုက် သဘာဝအဆီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

Covid-19 ကပ်ဘေးကာလ မပြီးဆုံးသေးဘူးဆိုတာ အမြဲသတိကပ်ပါ

Covid-19 ကပ်ဘေးကာလ ကိုရိုနာဗိုင်းရပ်စ် စားသောက်ဆိုင် အရက် ကာကွယ်ခြင်း ရောဂါပိုး ထိန်းချုပ်ခြင်း လက်သန့်စင်ဆေးရည် ဆပ်ပြာ Mask ရုံး မိသားစု ဈေးဝယ် စားဝတ်နေရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 မေ 30, 2020

အစားအသောက် တွေကို အလွန်အကျွံစားမယ်ဆိုရင်

အစားအသောက် အလွန်အကျွံစား စိတ်ဖိစီးမှု စိတ်ညစ်တိုင်းစား buffet ဘူဖေး ရင်ပြည့်ရင်ကယ် ပျို့အန် ကယ်လိုရီတက် အဆီစု ဆာလောင် ဗိုက်ပြည့် စားချင်စိတ် အဝလွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေးလမ်းညွှန်

အမျိုးသား နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေး ချွေးထွက် ကိုယ်နံ့ ဘက်တီးရီးယား ချွေးပေါက် အရေပြားရောဂါ မှိုပိုး ရေချိုး အဝတ်အစား အတွင်းခံ အမွေးအမျှင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020
အစိမ်းမစားသင့်သော အစားအစာများ

အစိမ်းမစားသင့်သော အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
ဓမ္မတာသွေးက ပြောပြပေးသော သင့်ကျန်းမာရေး

လက်ဆေးရင်းနဲ့ လုပ်မိတတ်တဲ့ အမှား ၆မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020