အစာအဆိပ်သင့် တဲ့အခါ ဘာတွေဆောင်လို့ဘာတွေရှောင်မလဲ….

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဘာလို့မှန်းမသိဘူး။အော့အန်နေတယ်၊ ဝမ်းတွေလည်းသွားနေတယ်။ ကိုယ်လည်းနည်းနည်းနွေးချင်သလိုလိုဖြစ်နေတယ်ဆိုရင် ဒါက အစာအဆိပ်သင့်နေတာဖြစ်နိုင်ပါတယ်။ အစာအဆိပ်သင့် တာကရောဂါကြီးကြီးမားမားမဟုတ်ပေမယ့် လူတော်တော်များများမှာဖြစ်နိုင်သလိုနောက်ဆက်တွဲအကျိုးဆက်ကြီးတဲ့ရောဂါအခြေအနေတစ်ခုပါ။ ဒါကြောင့်ဖြစ်လာရင်သေချာကုသဖို့လိုသလို သက်သာသွားပြီးရင်လည်းသေချာလေးဂရုစိုက်ဖို့လိုပါမယ်။

အစာအဆိပ်သင့် တာကနေပြန်လည်နလန်ထူလာတဲ့အခါ

အစာအဆိပ်သင့်တဲ့အခါအော့အန်တာ၊ ဝမ်းသွားတာတွေကြောင့် ခန္ဓါကိုယ်ကတော်တော်လေးအားအင်ကုန်ခမ်းနေနိုင်ပါတယ်။ရေဓါတ်လည်းတော်တော်လေး ကုန်ဆုံးနေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အာဟာရဓါတ်တွေနဲ့ရေဓါတ်တွေကို အမြန်ဆုံးပြန်ဖြည့်နိုင်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် နလန်ထူစမှာသေချာလေးဂရုစိုက်မိဖို့လိုပါမယ်။

အာဟာရပြည့်ဝအောင်စားပေးပါ
နေကောင်းခါစ လူတစ်ယောက်အဖို့ အာဟာရပြည့်ဝအောင်စားသုံးဖို့က မဖြစ်မနေလိုအပ်တဲ့အချက်တစ်ခုပါ။ ဒါ့ကြောင့် အစာအဆိပ်မိတာကနေပြန်ကောင်းလာချိန်မှာ အာဟာရပြည့်ဝအောင် စားသုံးပေးပါ။
ရေဓါတ်ပြည့်ဝအောင်နေပါ
အော့အန်တာ၊ ဝမ်းသွားတာတွေကြောင့်ရေဓါတ်တော်တော်လေးဆုံးရှုံးသွားတဲ့အခြေအနေမှာရေဓါတ်ဖြည့်ပေးဖို့က မဖြစ်မနေလိုအပ်မယ့်အချက်တစ်ခုပါ။ ဒါ့ကြောင့် ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုပြည့်ဝအောင်ပြန်လည်ဖြည့်တင်းဖို့မမေ့ပါနဲ့။
ပြည့်ပြည့်ဝဝ အနားယူပါ
ခန္ဓါကိုယ်က အားအင်ကုန်ခမ်းနေချိန်မှာ အကောင်းဆုံးကပြည့်ပြည့်ဝဝအနားယူခြင်းပါ။ ဒါကြောင့် သက်တောင့်သက်သာနဲ့ပြည့်ပြည့်ဝဝအနားယူပေးဖိုပပြောပါရစေ။
အစားပျော့ပျော့ပဲ စားပေးပါ
အစာအိမ် နဲ့ အူနံရံတွေက အစာအဆိပ်သင့်ထားတာကြောင့် ပင်ပန်းနေနိုင်ပါတယ်။ ဒါ့ကြောင့် အစာမာမာတွေမစားပါနဲ့ အစာခပ်ပျော့ပျော့လေးပဲ စားပေးပါ။

ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပေးပါ

ဒါကလည် အစာအဆိပ်သင့်ရာကနေ နလန်ထလာသူအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်တဲ့ အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ဒါ့ကြောင့် ချင်း (ဂျင်း)ရေနွေးကြမ်း တစ်ခွက်လောက်သောက်သုံးပေးပါ။

ဘာတွေစားရမလဲ……………..

  • ဓါတ်ဆားရည်သောက်ပါ။
  • အုန်းစိမ်းရည်သောက်ပေးပါ။
  • ငှက်ပျောသီး။
  • ထမင်းခပ်ပျော့ပျော့။
  • အာလူးပြုတ်။
  • အရေခွံမပါတဲ့ ကြက်သား။
  • ကြက်စွပ်ပြုတ်။
  • ကြက်ဥအကာ။
  • ပေါင်မုန့်မီးကင်။
  • ကြက်ဆင်သား။
  • ပျားရည်။
  • မြေပဲထောပတ်။ စတာတွေ စားပေးလို့ရပါတယ်။

ဘာတွေရှောင်ရမလဲ……..

အစာအဆိပ်သင့်မှုကြောင့် အစာအိမ် နဲ့ အူနံရံတွေကရောင်နေတာတွေဖြစ်နေနိုင်ပါတယ်။ ဒီလိုအခြေအနေမှာရောင်ရမ်းနေတဲ့ အစာအိမ် နပြ အူနံရံတွေကို ထပ်မံထိခိုက်တာမျိုး မဖြစ်စေဖို့အတွက် ဒါတွေကို မစားသင့်သေးပါဘူး။

  • နို့
  • နို့ထွက်ပစ္စည်းတွေ
  • အဆီများတဲ့ အစားအစာတွေ
  • အပူအစပ်တွေ
  • ဆီကြော်စာတွေ
  • ကဖင်းပါတဲ့ အစားအစာတွေ
  • ဘီယာ နဲ့ အရက် စတာတွေကို မစားသင့်သေးပါဘူး။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 1, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 21, 2020

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။