အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 13, 2020 . 2 mins read
Share now

အစားအသောက် ကို ယင် မနားအောင် ဂရုစိုက်ပါ ဆိုတဲ့ စကား က အလကားတော့ မဟုတ်ပါဘူး။ ယင်ကောင် နားတဲ့ အစားအသောက် ဟာ ဘယ်လောက် ဆိုးရွားသလဲ ဆိုတာ ဒါ ဖတ်ပြီးရင် သိသွားပါလိမ့်မယ်။

ယင်ကောင် နားတာ စားမိရင် ဝမ်းပျက် တတ်တယ်တဲ့။ ဒီလောက် ကိုပဲ လူသိများကြတာ ဖြစ်ပေမယ့် ယင်ကောင်က ချန်ရစ်ခဲ့တဲ့ အန္တရာယ်တွေက ထင်တာထက် ပိုဆိုးနေတာ သေချာပါတယ်။

အစားအသောက် ပေါ်မှာ ယင်ကောင်တွေ ဘာလုပ်ကြသလဲ

ဘာလုပ်မယ် ထင်ပါသလဲ။ အစားအသောက် ကို လာစားနေရုံ လောက်ပဲ လို့ ထင်နေတာလား။ မဟုတ်ပါဘူး။ သူတို့က –

(၁) အန်ချ ကြတယ်။

ယင်ကောင် တွေဟာ အစားအသောက်တွေပေါ် နားတဲ့အခါ သူတို့ရဲ့ နှုတ်သီးက တစ်ဆင့် အရည်တွေစုပ်ယူပြီး စားသုံးလေ့ ရှိတယ်။ ဒီလိုစုပ်ယူဖို့ အတွက် အရင်ဆုံး အစားအသောက်ပေါ်ကို အန်ချလိုက်တယ်၊ အန်ချလိုက်တဲ့ တံထွေးတွေနဲ့ အစားအသောက်မှာ အရည်ဖြစ်စေပြီးမှ ပြန်စုပ်ယူတာပါ။

ကိုယ့်ရဲ့ အစားအသောက် မှာ ယင်ကောင်တွေရဲ့ တံထွေးတွေ ပျံ့နှံ့နေမှာ ဘယ်လောက် ရွံဖို့ ကောင်းလိုက်မလဲ။ နောက်တစ်ချက်က ဒီ့မတိုင်ခင် သူတို့နားခဲ့၊ စားခဲ့တဲ့ အရာက အပုပ်အပွ၊ အသိုးတွေ မသန့်ရှင်းတဲ့ အစားအသောက်တွေ ဒါမှမဟုတ် အညစ်အကြေးတွေ ဖြစ်နေခဲ့ရင် အန်တဲ့ထဲမှာ ပါလာနိုင်ပါသေးတယ်။ ရောဂါပိုးတွေ ဘယ်လောက် ပါလာမလဲ ဆိုတာ တွေးသာကြည့်ပါတော့။

(၂) ဥတွေ ဥချတယ်။

အရသာရှိလှတဲ့ ကိုယ့်ရဲ့ အစားအစာ လေးက ယင်ကောင်တွေရဲ့ သားဖွားခန်း သဖွယ် ဖြစ်သွားနိုင်ပါတယ်။ အစားအသောက်မှာ နားရင်း၊ စားရင်း တစ်ခါတည်း ဥပါ ဥချသွားလေ့ ရှိပါတယ်။

ယင်ကောင်ဥတွေ စားမိတဲ့အခါ အစာအဆိပ်သင့်တာ၊ အစာအိမ်ကင်ဆာဖြစ်စေတဲ့ ပိုးတွေ ပါလာတာတွေ ဖြစ်စေနိုင်ပါတယ်။

(၃) ဘက်တီးရီးယား ဖြန့်ဖြူးတယ်။

တခြားကနေ ရလာတဲ့ အမျိုးစုံတဲ့ ဘက်တီးရီးယား များစွာကို သူတို့ရဲ့ ခြေထောက်တွေနဲ့ တောင်ပံတွေမှာ သယ်ဆောင်လာကြပါတယ်။ အစားအသောက် မှာ နားလိုက်တဲ့ အခါ တစ်နေရာတည်း မဟုတ်ဘဲ ဟိုကနေ ဒီကို ရွှေ့လိုက်၊ နားလိုက်၊ စားလိုက် လုပ်ကြတာပေါ့။ အဲဒီမှာပဲ ပိုးမျိုးရှစ်ဆယ် ချန်ရစ်ခဲ့ပါရောလား။

သူတို့ရဲ့ ကိုယ်ထဲက ရောဂါပိုးမွှားတွေ (အပေါ်မှာ ပြောခဲ့သလို တံထွေးထဲမှာ ပါလာတဲ့ပိုးတွေလို) ထက် သူတို့ရဲ့ ခန္ဓာကိုယ်ပြင်ပ (ခြေထောက်၊ တောင်ပံ) မှာ ကပ်ပါလာတဲ့ ပိုးတွေက အဆပေါင်းများစွာ ပိုများပါတယ်တဲ့။

(၄) ရောဂါပေါင်း (၆၀) ကျော် ဖြစ်စေနိုင်တယ်။

ယင်ကောင် တွေက တစ်ဆင့် လူတွေဆီကို ကူးစက်ပြန့်ပွားစေတဲ့ ရောဂါတွေက အနည်းဆုံး ၆၅ မျိုး ကျော်ပါတယ်။ အဖြစ်များတာတွေက တိုက်ဖွိုက်ရောဂါဝမ်းကိုက်ခြင်းဝမ်းပျက်ဝမ်းလျှောခြင်း၊ ကာလဝမ်းရောဂါ အပြင် အနာကြီးရောဂါ ပါ ဖြစ်စေနိုင်ပါတယ်။

ဒါဆို ဘာလုပ်သင့်သလဲ

ယင်ကောင်က ပေးတဲ့ ဒီလိုကြောက်စရာ ဒုက္ခတွေကို လက်မခံချင်ဘူး ဆိုရင် ကြိုတင်ကာကွယ်လို့ရပါတယ် –

  • အိမ်နဲ့ မီးဖိုချောင်ကို သန့်ရှင်းမှု ဂရုစိုက်ပါ။
  • အစားအသောက်တွေ မှန်သမျှကို လုံအောင် ဖုံးအုပ်ပါ။
  • အိမ်နဲ့ အနီးတဝိုက် အညစ်အကြေး မှန်သမျှ ဖယ်ရှား သန့်ရှင်းပစ်ပါ။
  • အမှိုက်ပုံးကို အမြဲ အဖုံးအုပ်ထားပါ။
  • အိမ်သာကို အမြဲသန့်ရှင်းထားပါ။ လုံခြုံတဲ့ ယင်လုံအိမ်သာကို အသုံးပြုပါ။

ဒါ့ကြောင့် ဂရုစိုက်ပါ။ ကျန်းမာရေး အတွက် ကြောက်စရာကောင်းတဲ့ ယင်ကောင်ရဲ့လက်ဆောင်တွေကို လက်မခံလိုက်ပါနဲ့လို့ သတိပေးလိုက်ပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိုးရိမ်စိတ်ကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း

လိင်တံမထောင်မတ်နိုင်တဲ့ ပြဿနာဟာ ယောက်ျားလေး ၁၀ ယောက်မှာ ၇ယောက်လောက် ကြုံတွေ့နေရတဲ့ ...

ရေးသားသူ Ye Myo Myat

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ ...

ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 နိုဝင်ဘာ 30, 2020 . 2 mins read

နေ့ခင်းနေ့လယ်တွေမှာ တရေးတမော အိပ်ပါ

တရေးတမော အိပ်တယ်ဆိုတာ အရွယ်ရောက်ပြီးသူတွေ လုပ်သင့်လုပ်ထိုက်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။ ခွန်အားနဲ့ ဉာဏ်ရည်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

COVID ကာကွယ်ဆေးကို ပထမဆုံးအသုံးပြုမယ့် တိုင်းပြည် ဗြိတိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read