စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ဂီတသံတွေ ခံစားကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

တေးသီချင်းတွေနဲ့ ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေတယ်ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ဂီတသံစဉ်တွေရဲ့ အကျိုးကျေးဇူးတွေက ဒီလောက်တင်ပဲတော့မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးဂီတနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္တာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။

တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်အတွင်းက Dopamine တွေကို ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္တာကိုယ်ပါ ရွှင်လန်းချမ်းမြေ့စေတဲ့၊ ငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္တာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလို့ လေ့လာမှုတွေက ဆိုပါတယ်။

Dopamine တွေဟာ ခန္တာကိုယ်တွင်းက ဓာတုဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီးတော့ ဦးနှောက်ကို အထူးအကျိုးပြုပါတယ်။ ဒီဓာတ်ပစ္စည်းဟာ ထိတွေ့ကိုင်တွယ်နိုင်စွမ်းပြီး လူတွေကို ကျေနပ်ပျော်ရွှင်စေနိုင်တဲ့ အစားအစာ၊ ပိုက်ဆံနဲ့ မူးယစ်ဆေးဝါးတွေကြောင့်လည်း ထွက်ရှိနိုင်ပါတယ်။

Johns Hopkins တက္ကသိုလ်က လေ့လာချက်တွေအရ တေးဂီတလို လူကို တက်ကြွလာစေနိုင်တဲ့ အရာမျိုး သိပ်များများစားစားမရှိလှပါဘူးလို့ဆိုထားပြီး တေးဂီတသံစဉ်တွေကို နားဆင်ခြင်းဖြင့် ဦးနှောက်ကို နုပျိုစေသလို လူကိုလည်း တက်ကြွလန်းဆန်းစေပါတယ်တဲ့။ တကယ်လို့များ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပြီး နုပျိုလန်းဆန်းနေစေချင်တယ်ဆိုရင် တေးသီချင်းနားဆင်တာမျိုး၊ အော်ဟစ်သီဆိုတာမျိုး မကြာခန လုပ်ပေးသင့်ပါတယ်။ ဒါဟာ ဦးနှောက်ကို လေ့ကျင့်ခန်း ဆင်းစေတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။

ဆိုစကားတစ်ခုတောင်ရှိပါသေးတယ်။ “သင် ခန္တာကိုယ်ကို ဖွံ့ဖြိုးစေချင်ရင် လေ့ကျင့်ခန်း လုပ်ပါ၊ ဦးနှောက် ဖွံ့ဖြိုးစေချင်ရင်တော့ သီချင်းနားထောင်ပါ” တဲ့။

ဂီတသံတွေက ဘာကြောင့် လူကို ချမ်းမြေ့စေတာလဲ

ဦးနှောက်ကို စကင်ဖတ်ပြီး သုတေသနပြုတိုင်းတာချက်တွေအရ ဆူဆူညံညံမရှိလှတဲ့ သာမန်တေးဂီတမျိုး၊ ဒါမှမဟုတ် သာယာနာပျော်ဖွယ် ဂီတသံစဉ်မျိုးကို နားထောင်တဲ့အခါတွေမှာ Dopamine တွေ သာမန်ထက်ပိုမို ထွက်ရှိတာကြောင့် နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းတွေပါ ပိုမိုတည်ငြိမ်လာပြီး လူကို စိတ်ချမ်းမြေ့စေတယ်လို့ ဆိုပါတယ်။

ဦးနှောက်နဲ့ ဂီတ ဘယ်လိုဆက်နွယ်နေသလဲ

တေးဂီတ အသံလှိုင်းတွေဟာ နားကနေတဆင့် ဦးနှောက်ဆီကို တိုက်ရိုက်သွားရောက်ထိတွေ့ပြီး လှုံ့ဆော်မှုတွေပြုလုပ်ပေးပါတယ်။ ခေတ်ဟောင်း တေးဂီတဖြစ်စေ၊ ခေတ်ပေါ် ဂီတအမျိုးအစားတွေဖြစ်စေ အသံလှိုင်းတုန်ခါမှုနှုန်းမတူညီကြပေမယ့် ဦးနှောက်ကို လှုံ့ဆော်နိုင်တာခြင်းကတော့ တူညီကြပါတယ်။ Jazz နဲ့ Rap လို လက်တန်း ဖန်တီးရတဲ့ တေးဂီတမျိုးကို ဖန်တီးရတဲ့ အနုပညာရှင်တွေရဲ့ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းဟာ သာမန်လူတွေထက် ပိုမိုမြင့်မားတယ်လို့ သုတေသနစာတမ်းတစ်ချို့က သက်သေပြနေကြပါတယ်။

နေ့စဉ် တေးဂီတ သံစဉ်တွေကို နားထောင်ရင် ဘယ်လိုတွေအကျိုးရှိမလဲ

တေးသီချင်းတွေ၊ ဂီတ သံစဉ်တွေကို နေ့စဉ် နားသောတဆင်တဲ့ အခါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုမှုတွေ ရရှိနိုင်ပါတယ်။ ဘာတွေလဲဆိုရင်တော့
• နေ့စဉ် ဂီတကို နားဆင်ခြင်းဖြင် ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်တယ်
• တီထွင်ကြံံဆ ဖန်တီးနိုင်စွမ်းလည်း မြင့်တက်လာမယ်
• တေးဂီတ နားဆင်တာကြောင့် ပူပင်သောကတွေနဲ့ သွေးတိုးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်
• ကောင်းမွန်စွာ အိပ်စက်နိုင်အောင်ကူညီပြီး နာကျင်မှုကိုလည်း လျော့ပါးစေနိုင်ပါတယ်။
• ဒါ့အပြင် စိတ်ခံစားချက်၊ နိုးကြားတက်ကြွမှုနဲ့ မှတ်ဉာဏ်စွမ်းရည်တွေကိုလည်း တိုးတက်စေနိုင်ပါတယ်။
• မှတ်ဉာဏ်ဟောင်းတွေကို ပြန်လည်ဖော်ထုတ်နိုင်အောင် ကူညီနိုင်တယ်
• တေးသီချင်းတွေ နားဆင်နေချိန်မှာ ခန္တာကိုယ်ကလည်း တုန့်ပြန်မှုပြုလုပ်ပြီး လှုပ်ရှားချင်စိတ် လေ့ကျင့်ခန်းလုပ်ချင်စိတ်မျိုးတွေ ဖြစ်ပေါ်စေတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ…….

မေမေ မိခင်ဘဝ ကလေး ကိုယ်ခံအား အာဟာရ မှတ်ဉာဏ် ဦးနှောက် အမြင်အာရုံ အစာခြေစနစ် အကျိုးပြုဘက်တီးရီးယား လေနာ ဝမ်းပျက်ဝမ်းလျှော အာဟာရဓာတ်​ DHA

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမျိုးသားတိုင်း စားပေးသင့်တဲ့ အစားအစာများ

အစားအသောက် စားသုံးမှု သန်စွမ်းကျန်းမာမှု အမျိုးသား အစားအစာ အနီရောင်အသား ပရိုတင်း ကိုယ်အလေးချိန် အရပ်အမြင့် ချယ်ရီသီး ဂေါက်ရောဂါ သွေးပေါင်ချိန် ဆီးကျိတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အိပ်နေစဉ် သွားကြိတ် ခြင်း

သွားကြိတ် Bruxism စိတ်ခံစားချက် စိတ်ဖိစီးမှု ဆေးလိပ် အရက် ကဖင်း ပါကင်ဆန်ရောဂါ GERD ADHD အိပ်ဟောက်ရှူရပ်ရောဂါ သွားနဲ့မေးရိုးတွေပျက်စီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးနဲ့ကြွက်သားတွေအတွက် ဒါတွေစားပါ

အသက်အရွယ် အရိုး အရိုးနဲ့ကြွက်သား အာဟာရဓာတ် ကယ်လ်ဆီယမ် ပရိုတင်း အစားအစာတွေ ဒိန်ချဉ် နွားနို့ အရိုးနဲ့သွားတွေ အဆီထုတ်ထားတဲ့နို့ ဆယ်လ်မွန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020

ရေသောက်လွန်ကဲပြီး ရေဆိပ်သင့်ခြင်း (Water Intoxication)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2020

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020

လိင်တံတောင်မတ်ဖို့ ဆေးတောင်မကူနိုင်တော့တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 26, 2020