ချွေးထွက်ခြင်း၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

ချွေးထွက်ခြင်းဆိုတာ သဘာဝအလျောက် ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက်တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးမှာ အဓိကအားဖြင့် ရေပါဝင်ပြီး အမိုးနီးယား၊ ယူရီးယား၊ ဆား၊ သကြား စတဲ့ ဓာတ်ပစ္စည်းတွေ အနည်းငယ်စီ ပါဝင်ပါတယ်။ ကိုယ်ခန္ဓာအတွင်းပိုင်း အပူချိန်တက်လာတဲ့အခါ ချွေးဂလင်းများဟာ အရေပြားရဲ့ အပေါ်ကို ရေတွေ ထုတ်လွှတ်ပေးပါတယ်။ အဲဒီရေဟာ ချွေးပေါက်များမှတဆင့် ချွေးအဖြစ်ထွက်ပေါ်လာပါတယ်။

ချွေးထွက်ခြင်းကို လူအတော်များများက စိတ်ပျက်စရာလို့ မြင်ကြပေမယ့် တကယ်တော့ ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးရှိပါတယ်။
ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်ခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။

လေ့ကျင့်ခန်း ပြုလုပ်ချွေးထွက်ခြင်း

ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခြင်းကြောင့် ချွေးထွက်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ချိန် ချွေးထွက်ခြင်းဟာ

– စွမ်းအင်ကို မြှင့်တင်ပေးခြင်း

ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း

– ရောဂါဘယများကို ကာကွယ်ပေးခြင်း

– အိပ်ပျော်စေခြင်း

– စိတ်ကြည်လင်လန်းဆန်းစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပေးနိုင်ပါတယ်။

နေထိုင်မကောင်းချိန် ချွေးထွက်ခြင်း

နေမကောင်းချိန်မှာ ချွေးထွက်တတ်ပါတယ်။ အဆိုပါချွေးထွက်ခြင်းဟာ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်းအားဖြင့် အဖျားကျစေပါတယ်။ အဖျားပျောက်ပြီး နာလန်ပြန်ထအောင်၊ လန်းဆန်းအောင် ကူညီပေးပါတယ်။

အဆိပ်အတောက် သတ္တုဓာတ်များကို ဖယ်ရှားပေးခြင်း

ချွေးထွက်ခြင်းကတဆင့် ကိုယ်ခန္ဓာမှ အဆိပ်အတောက်ဓာတ်များကို ဖယ်ရှားနိုင်တယ်တဲ့ အချက်အပေါ် ထင်မြင်ယူဆချက် အမျိုးမျိုးရှိပါတယ်။ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနမှာတော့ အဆိပ်အတောက်ဖြစ်စေလောက်တဲ့ သတ္တုဓာတ်များ (Heavy metals) ဟာ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူများမှာ နည်းပါးကြောင်း ဖော်ပြထားပါတယ်။ အဆိုပါ အဆိပ်အတောက် သတ္တုဓာတ်များကို ချွေးနဲ့ ဆီးမှာ တွေ့နိုင်ပြီး ချွေးမှာ ပိုမိုပါဝင်ပါတယ်။ ဒါကြောင့် ချွေးထွက်ခြင်းဟာ ကိုယ်ခန္ဓာရဲ့ အဆိပ်အတောက်များကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတခုပဲ ဖြစ်ပါတယ်။

ဘက်တီးရီးယားအချို့ကို ကာကွယ်ပေးခြင်း

ချွေးမှာ dermcidin လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ပါဝင်ပါတယ်။ အဆိုပါ ဓာတ်ပစ္စည်းဟာ သင့်ရဲ့အသားအရေကို ဘေးဥပဒ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများနဲ့ ထိတွေ့တဲ့အခါ အဆိုပါရောဂါပိုးတွေ ကိုယ်ခန္ဓာထဲ မဝင်နိုင်အောင် ကာကွယ်နှိမ်နင်းပေးပါတယ်။ ဒါ့အပြင် ချွေးမှာပါတဲ့ ဂလိုင်ကိုပရိုတိန်းဟာ ဘက်တီးရီးယားအချို့ကို ပေါင်းစပ်နိုင်ပါတယ်။ ဒါကြောင့် ချွေးထွက်တဲ့အခါ ဘက်တီးရီးယားအချို့ကို ကိုယ်ခန္ဓာထဲကနေ ဖယ်ရှားလိုက်နိုင်ပါတယ်။

ဆီးကျောက်တည်နိုင်ခြေ လျော့နည်းခြင်း

ချွေးထွက်ရာမှတဆင့် ဆားနဲ့ တခြားဓာတ်ပစ္စည်းများ ကိုယ်ခန္ဒာအပြင်ဘက်ကို ရောက်သွားပါတယ်။ အဆိုပါဓာတ်ပစ္စည်းတွေထဲမှာ ကျောက်ကပ်မှာ ကျောက်တည်စေတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်တာမို့ ကျောက်တည်ခြင်းကို အကာအကွယ်ပေးရာ ရောက်ပါတယ်။ ဒါ့အပြင် ချွေးများများထွက်တဲ့အခါ ရေများများပြန်သောက်ခြင်းကလည်း ဆီးကျောက်တည်နိုင်ခြေကို လျှော့ချပေးပါတယ်။

အရေပြားနှင့် ဆံပင်ကို အကျိုးပြုခြင်း

ချွေးထွက်ခြင်းကြောင့် ဦးရေပြားနဲ့ ကျန်ခန္ဓာကိုယ်အရေပြားက ချွေးပေါက်များ ပိတ်ဆို့ခြင်း ကင်းပါတယ်။ ဆံပင်များ အသစ်ထပ်မံထွက်လာနိုင်အောင် အထောက်အကူပြုပါတယ်။ အရေပြားပေါ်က အပေါက်ငယ်လေးတွေမှာ အညစ်အကြေးတွေ ပိတ်ဆို့မနေအောင် ရှင်းလင်းပေးရာ ရောက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

လည်ချောင်းနာတယ်ဆိုတာက အတော်လေး ခံရက်တဲ့ ဝေဒနာတစ်ခုပါ။ နောက်ပြီး COVID-19 ရဲ့ ရောဂါလက္ခဏာတွေထဲမှာလည်း လည်ချောင်းနာတာက တစ်ခုအပါအဝင်ဖြစ်နေတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read