ချွေးထွက်သက်သာစေမည့် နည်းလမ်းကောင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 17, 2020 . 2 mins read
Share now

ချွေးထွက်ခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ အပူချိန်ကို ထိန်းညှိတဲ့လုပ်ဆောင်ချက်တမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ပူအိုက်တဲ့အချိန်မှာ ချွေးထွက်တတ်ခြင်း ဖြစ်ပါတယ်။ ချွေးထွက်လာတဲ့အခါ အရေပြားကတဆင့် အငွေ့ပျံသွားပြီး ကိုယ်ခန္ဓာအပူချိန်ကို ကျဆင်းစေပါတယ်။ ချွေးထွက်ခြင်းဟာ ကျန်းမာရေးအတွက် အထာက်အကူ ဖြစ်စေပါတယ်။

ဒါပေမယ့် တစ်ခါတစ်ရံမှာ ချွေးထွက်ခြင်းဟာ မလိုလားအပ်တဲ့ အခြေအနေကို ဖြစ်စေတတ်ပါတယ်။ အထူးသဖြင့် လူကြားထဲရောက်ချိန် အင်္ကျီမှာ ချွေးအကွက်လိုက်ကြီး ထင်းနေတာမျိုး ဖြစ်ပါတယ်။ အဲဒီလို အနေအထားမျိုးကို တတ်နိုင်သလောက် ရှောင်ရှားနိုင်မယ့် အခြေအနေတော့ ရှိပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ ချွေးထွက်ခြင်းကို ဘယ်လိုလျှော့ချမလဲဆိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

အိပ်ရာမဝင်မီ ချွေးထွက်နည်းစေသည့် ဆေးများသုံးခြင်း

ချွေးထွက်နည်းစေတဲ့ (antiperspirant) ဆေးများဟာ ချွေးထွက်ပြွန်များကို ပိတ်ဆို့လိုက်တာကြောင့် ချွေးများဟာ အရေပြားပေါ် မရောက်နိုင်တော့ပါဘူး။ ချွေးဂလင်းက ထုတ်လုပ်လိုက်ပေမယ့် အရေပြားပေါ်ကို ထွက်မလာနိုင်တာ ဖြစ်ပါတယ်။

ချွေးနံ့ပျောက်ဆေးများ (deodorant) ကတော့ ချွေးထွက်လာခြင်းကို မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ချွေးထွက်ချိန်မှာ ဘက်တီးရီးယားများနဲ့ ဓာတ်ပြုပြီးထွက်လာတဲ့ အနံ့ကို ပျောက်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ ချွေးထွက်နည်းတဲ့ဆေးတွေမှာ ချွေးနံ့ပျောက်ဆေးလည်း ပါတတ်ပါတယ်။ ချွေးထွက်နည်းတဲ့ဆေးတွေကိုတော့ ဆေးနဲ့ အလှကုန်စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

ချွေးထွက်နည်းတဲ့ဆေးတွေသုံးမယ်ဆိုရင် ချိုင်းနဲ့ လက်မောင်းအောက်ပိုင်းတွေကို ခြောက်သွေ့သန့်ရှင်းအောင် လုပ်ပြီး ညအိပ်ရာဝင်ခါနီးမှာ သုံးစွဲတာ အကောင်းဆုံးပါပဲ။ အကြောင်းကတော့ ဆေးမှပါဝင်တဲ့ ပစ္စည်းတွေဟာ ချွေးထွက်ပြွန်တွေကို ပိတ်ဆို့ဖို့ အချိန်လိုအပ်တာကြောင့် ဖြစ်ပါတယ်။ ချက်ချင်းအစွမ်းမပြပေမယ့် ရက်အနည်းငယ်ကြာလာရင် အာနိသင်ပြလာမှာ ဖြစ်ပါတယ်။

လေဝင်လေထွက်ကောင်းသော အဝတ်များ ဝတ်ဆင်ခြင်း

ချွေးထွက်နည်းစေတဲ့ နည်းလမ်းတစ်ခုကတော့ ပေါ့ပါးချောင်ချိပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် အရောင်ဖျော့ဖျော့အဝတ်များဟာ နေရဲ့အပူကို သိပ်ပြီး မစုပ်ယူပါဘူး။ ဒါကြောင့် အဖြူရောင်ကို ဝတ်ဆင်ခြင်းဟာ အေးပြီး ချွေးထွက်သက်သာစေပါတယ်။

အစားအစာတချို့ကို ရှောင်ကြဉ်ခြင်း

အရေးကြီးတဲ့အချိန်တွေမှာ အင်္ကျီပေါ် ချွေးအကွက်လိုက်ကြီးထွက်မနေစေချင်ရင် အစားအစာတချို့ကို ရှောင်ရပါမယ်။ အထူးသဖြင့် အပူအစပ်တွေ ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်ဟာ အပူအစပ်အရသာရှိတဲ့ အစားအစာတွေကို တခြားအပူတွေကို တုံ့ပြန်သလိုပဲ တုံ့ပြန်ပါတယ်။ ဒါကြောင့် အပူချိန်ကို ပြန်လည်ကျဆင်းအောင်လုပ်တဲ့အနေနဲ့ ချွေးထွက်လာပါတယ်။

ကဖိန်းဟာလည်း အဒရီနယ်ဂလင်းတွေကို လှုံ့ဆော်နိုင်တာကြောင့် ချွေးကို ပိုထွက်စေတတ်ပါတယ်။

အေးမြအောင်နေခြင်း

ချွေးထွက်ခြင်းဟာ အပူချိန်လျော့နည်းအောင် ခန္ဓာကိုယ်က သဘာဝအလျောက် ပြုလုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါကြောင့် အေးမြအောင်နေခြင်းဟာ ချွေးထွက်သက်သာစေတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပူပြင်းတဲ့နေရောင်ကို အခန်းထဲမရောက်အောင် လိုက်ကာထူထူကာခြင်း၊ လေအေးပေးစက်ဖြင့်နေခြင်း၊ ပန်ကာရှေ့တွင် ရေခဲတုံးများထားပြီး ပန်ကာဖွင့်ခြင်း၊ အပြင်ထွက်လျှင်လည်း တတ်နိုင်သမျှ အရိပ်အောက်တွင် သွားလာနေထိုင်ခြင်း စတာတွေဟာ ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

ပူအိုက်ချိန်မှာ အစားကို နည်းနည်းပဲစားခြင်းဟာလည်း အထောက်အကူပြုပါတယ်။ အစားများများစားရင် ဇီဝဖြစ်ပျက်မှုကြောင့် ကိုယ်ခန္ဓာအပူချိန် တက်လာနိုင်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဓာတ်ပြည့်ဝနေအောင် အရည်၀၀ သောက်ထားခြင်းကလည်း ကိုယ်ခန္ဓာအပူချိန်ကို ကျစေပါတယ်။

ဆေးဝါးကုသမှု ခံယူခြင်း

ချွေးထွက်များလွန်းတဲ့ အခြေအနေကို hyperhidrosis လို့ ခေါ်ပါတယ်။ အဲဒီပြဿနာရှိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ချွေးထွက်နည်းစေတဲ့လိမ်းဆေး၊ ဖြန်းဆေးများပေးခြင်း၊ သောက်ဆေးများပေးခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။ သောက်ဆေးမှာတော့ ဆီးအိမ်ပြဿနာဖြစ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အမြင်ဝါးခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးအချို့ ရှိနိုင်ပါတယ်။

မိုက်ခရိုဝေ့ဗ်ဖြင့် ကုသခြင်း၊ ချွေးဂလင်းများ ဖယ်ထုတ်ခြင်း၊ အာရုံကြောခွဲစိတ်ခြင်း စတဲ့နည်းလမ်းတွေလည်း ရှိပါတယ်။ အလွန်ဆိုးရွားတဲ့ အခြေအနေရောက်မှသာ ဒီကုသနည်းတွေကို ရွေးချယ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read
အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 1 min read