ပြေးတာက သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

မနက်ခင်းစောစောလေး အပြေးလေ့ကျင့်တာက ခန္ဓာကိုယ်အချိုးအစားကို ပြေပြစ်စေနိုင်သလို ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက်လည်း အထိရောက်ဆုံးလေ့ကျင့်ခန်းတွေထဲကတစ်ခုပေါ့။ ဦးနှောက်ကနေစလို့ တစ်ကိုယ်လုံးကျန်းမာနေစေဖို့ဆိုရင် အပြေးလေ့ကျင့်တာကို လုပ်ဆောင်ပေးဖို့ အကြံပြုပါရစေ။

အပြေးလေ့ကျင့်ပါလို့ ပြောရတဲ့ အကြောင်းအရင်း

လေ့လာမှုတော်တော်များများအရ သိလိုက်ရတာက အပြေးလေ့ကျင့်ပေးတာက ဦးနှောက်ကို ကျန်းမာစေနိုင်သလို အရွယ်တင်နုပျိုစေနိုင်တယ်ဆိုတဲ့အချက်ပါ။ အပြေးလေ့ကျင့်တာရဲ့ အကျိုးကျေးဇူးက ဒီလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကျန်းမာစေနိုင်သလို ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သက်တမ်းပိုရှည်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်စွမ်းရှိပါတယ်။

မဲလ်ဘုန်းမှာရှိတဲ့ University of Sydney ကသုတေသီတွေကတော့ နေ့စဉ်ပုံမှန် အပြေးလေ့ကျင့်တာက ရောဂါအမျိုးမျိုးကြောင့် သေဆုံးနိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ အပြေးလေ့ကျင့်တာက စိတ်ရောကိုယ်ပါကျန်းမာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး တစ်နေ့တာလှုပ်ရှားမှုတွေမှာ တက်ကြွလန်းဆန်းစွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြေးနေဖို့က အဓိကပါ

နှစ်ပေါင်းအတော်ကြာ စန်စတကျလေ့လာခဲ့တဲ့ သုတေသနပြုမှုများစွာလုပ်ခဲ့ပြီး လေ့လာမှု ၁၄ ခုအတွင်း လူအယောက် ၂၃၂၁၄၉ ဦးကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုတွေမှာ တွေ့ရှိခဲ့ရတဲ့ လေ့လာမှုတွေအရ နေ့စဉ် အပြေးလေ့ကျင့်ပေးတာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ သေဆုံးနိုင်ခြေ ၂၇ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

အပြေးလေ့ကျင့်တာက နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပြီး ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၃ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောကိုယ်ပါကျန်းမာစေဖို့အတွက် တစ်ပတ်ကို အနည်းဆုံး ၇၅ မိနစ်ကနေ မိနစ် ၁၅၀ လောက်အထိ အပြေးလေ့ကျင့်ပေးဖို့ပြောပါရစေ။

မနက်ခင်းမှာဖြစ်ဖြစ်၊ ညနေခင်းမှာဖြစ်ဖြစ် အကြောလျှော့လေ့ကျင့်ခန်းလေးလုပ်ပြီး အပြေးလေ့ကျင့်ပေးတာက တစ်နေ့တာမှာ ပင်ပန်းနေတာတွေ ညောင်းညာနေတာတွေကို သက်သာစေပြီး စိတ်ရောကိုယ်ပါလန်းဆန်းစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။ ဒီတော့ ကျန်းမာအသက်ရှည်စေဖို့ ပုံမှန်လေး အပြေးလေ့ကျင့်ပေးဖို့ Hello ဆရာဝန်ပရိသတ်ကြီးကို အကြံပြုပါရစေ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

စီးကရက် ဆေးလိပ် ဆေးလိပ်သောက်ခြင်း ကျန်းမာရေး ဆိုးကျိုး အန္တရာယ် ဆေးလိပ်ဖြတ်ခြင်း နောက်ဆက်တွဲပြဿနာ နီကိုတင်း ဘေးထွက်ဆိုးကျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ကာကွယ်ဆေးအကြောင်းသိကောင်းစရာများ (၂)

ကာကွယ်ဆေး ကလေးတွေ ကိုယ်ခံအားစနစ် အော်တစ်ဇင်ရောဂါ ဘေးထွက်ဆိုးကျိုးတွေ မေးခိုင်ရောဂါ ရောဂါဘယ ခန္ဓာကိုယ် နာတာရှည် ရောဂါ ဖျားနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

လူတိုင်းဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်

ပြုံးပါ ပျော်ရွှင်ခြင်း လေ့ကျင့်ခန်း အိပ်ရေးဝဝအိပ် နေရောင်ခြည် အသက်ဝဝရှူပါ စိတ်ဖိစီးစရာ တရားထိုင်ပါ ရေနွေးနွေးလေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ ခန္ဓာကိုယ် ကြွက်သား လေ့ကျင့်ခန်း Gym အားကစား အချိုးအစား ဝိတ်တက် ပရိုတင်း အာဟာရဓာတ် အစားအသောက် ကြွက်သားတက် ဘော်ဒီတက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သင့်အတွက် ရွေးချယ်ထားသည်

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

သက်သတ်လွတ် သမားတို့ အသားဓာတ် မချို့တဲ့စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေးသောက်လို့ရလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ကိုယ်ဝန်ဆောင် မေမေ အိပ်ပျော်စေမယ့် သဘာဝ နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 6, 2020 . 2 mins read
မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

မကြာခဏ ခေါင်းကိုက်တတ်သူ တစ်ယောက်အတွက် အသုံးဝင်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read