အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
Share now

ဆေးဘဲဥလို့ ပြောလိုက်ရင် ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘဲ လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဒါကိုမှ ပြန်ပြုတ်ပြီး အခွံခွာ၊ အရွယ်တော်လေးတွေ စိတ်၊ ကြက်သွန်စိမ်း၊ ခရမ်းချဉ်သီးသံပရာရည်၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း စတာတွေနဲ့ အရသာနှစ်သက်သလို ထည့်လို့ သုပ်စားကြသလို ပြန်မပြုတ်ဘဲ ဒီအတိုင်း သုပ်စားတဲ့သူတွေလည်း ရှိပါတယ်။

အရွက်ကြော်တွေထဲမှာ ထည့်စားကြတာ၊ ဒင်းဆမ်းထဲမှာ အသားနဲ့တွဲပြီး ထည့်သွင်းစားသုံးတာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဒီလို နှစ်ခြိုက်စွာ စားသုံးနေတဲ့ ဆေးဘဲဥလေးရဲ့ ကျန်းမာရေး အကျိုးပြုပုံလေးကို ပြောပြပေးသွားပါမယ်။

ဆေးဘဲဥဆိုတာ

ဆေးဘဲဥဆိုတာ ကာလရှည်ကြာ စီမံပြုလုပ်ထားတဲ့ စားစရာပါ။ ရှေးခေတ် တရုတ်လူမျိုးတွေက စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး နှစ်ရာနဲ့ချီတာရှိသလို နှစ်ထောင်ချီထားတဲ့ ဆေးဘဲဥတွေလည်း ရှိကြပါတယ်။ ဘဲဥကို တာရှည်ခံစေဖို့ ရွှံ့စေး၊ ပြာ၊ ဆား၊ ထုံး၊ စပါးခွံတွေနဲ့ မံပြီး အပူပေးလို့ သေချာ စီမံ ပြုလုပ်ကြပါတယ်။

ဆေးဘဲဥဖြစ်လာဖို့ အနည်းဆုံး ၈ လ ထားရပါတယ်။ ဒါမှ အနှစ်လေးက ညိုတိုတိုလေးနဲ့ အပြင်ခွံ့ အဝါရောင် ဂျယ်လီသားလေး ဖြစ်မှာပါ။ စနစ်တကျ ဖော်စပ်ပြုလုပ်ထားတာကြောင့် ဆေးဖက်ဝင်တဲ့ အရာတစ်ခုအဖြစ် စားသုံးကြတာပေါ့။

ဘဲဥဆိုတာထက် ပိုတဲ့ ဆေးဘဲဥ

ဆေးဘဲဥဆိုတာ ဘဲဥကို လုပ်ထားတာပဲလေ ဘဲဥလိုပဲ ကျန်းမာရေး အကျိုးကျေးဇူးရမှာပေါ့ဆိုရင်တော့ မဟုတ်ပါဘူး။ ဘဲဥထက် ပိုတဲ့ ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်လို့ ပြောပါရစေ။ ဆေးဘဲဥက

သံဓာတ် ကြွယ်ဝတယ်

ဆေးဘဲဥက သံဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အားဖြည့်ပေးပြီး သွေးအားနည်း ရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်တွင်း သွေးလည်ပတ်မှု ကောင်းစေပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုးစေတယ်။

ဆီလီနီယမ် ပါဝင်တယ်

ဆေးဘဲဥမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ ဆီလီနီယမ်ပါဝင်တာကြောင့် သွေးမတိုးစေဖို့ ကာကွယ်ပေးသလို သိုင်းရွိုက်ပြဿနာတွေ မခံစားရစေဖို့လည် ကာကွယ်ပေးပါတယ်။

ပရိုတင်း ကြွယ်ဝတယ်

ဆေးဘဲဥရဲ့ နောက်ထပ် ကျန်းမာရေးအာနိသင်ကတော့ ပရိုတင်း ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး ကြွက်သားတွေကို သန်မာစေတာပါ။ အရေပြား၊ ဆံသားနဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့လည်း ကူညီပေးပါသေးတယ်။

ဗီတာမင် D ပါဝင်တယ်

ဆေးဘဲဥမှာ ဗီတာမင် D ပါဝင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတယ်

ဆေးဘဲဥက ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတာကြောင့် ကိုယ်အလေးချိန် ထိန်းချင်သူတွေ၊ ဝိတ်ချချင်သူတွေအတွက် အထူး သင့်တော်ပါတယ်။

အသည်း ကျန်းမာစေတယ်

ဆေးဘဲဥက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာ တစ်ရပ် ဖြစ်တဲ့ သွေးတိတ်စေဖို့လည်း ကူညီပေးပါသေးတယ်။

အစားစားချင်စိတ် တိုးစေတယ်

ဆေးဘဲဥလေးရဲ့ နောက်ထပ် အာနိသင်တစ်ခုက အစားစားချင်စိတ်ကို လှုံ့ဆော်ပေးတာပါ။ အစားစားချင်စိတ် မရှိသူတွေ၊ ခံတွင်းပျက်သူတွေအနေနဲ့ စားသုံးပေးလို့ ရပါတယ်။

မျက်လုံး ကျန်းမာစေတယ်

ဆေးဘဲဥ စားပေးတာက မျက်လုံး ခြောက်တာ၊ အတွင်းတိမ်နဲ့ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်လုံး ပြဿနာ၊ အမြင်အာရုံ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ကဲ………ဆေးဘဲဥက စားလို့လည်းကောင်း၊ အရသာလည်းရှိ၊ ကျန်းမာရေးလည်း အကျိုးပြုတယ်ဆိုတော့ စားပေးသင့်ပါတယ်။ ဒါပေမယ့် ကိုလက်စထရောပါဝင်မှု ရှိနေတာကြောင့် အများကြီး မစားဖို့တော့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတွေရှိလား.................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းရာသီ ဆောင်းတွင်း အသားပပ် အသားခြောက် အရေပြား အသားအရေ သဘာဝအဆီ အစိုဓာတ် ရေဓာတ် ကိုဗစ် ကျန်းမာရေး အဝတ်အစား လက်ဆေး ဆပ်ပြာ တံတွေး နှုတ်ခမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရီးစားမရှိတဲ့ လူပျို၊ ...

ရေးသားသူ Ye Myo Myat

နှာခေါင်းတွေ ပိတ်နေလို့ ညဘက်အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ချမ်းစိမ့်စိမ့် ဆောင်းရာသီတောင် ဘာလိုလိုနဲ့ ရောက်လာပြန်ပြီနော်။ မြန်မာနိုင်ငံရဲ့ ...

ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ကျောက်ကပ် နဲ့ ဆီးလမ်းကြောင်းအကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

ရှင်သန်မှု လက္ခဏာ နှလုံးလေးရဲ့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read
အသားအရေကို ဂရုစိုက်ပါ။

အသားအရေကို ဂရုစိုက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read