ဘိုင်အိုတင် (Biotin) အကြောင်း သိသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 29, 2020 . 2 mins read
Share now

ဘိုင်အိုတင် (biotin) ဟာ ဗီတာမင် B အုပ်စုဝင် အာဟာရဓာတ်မျိုးဖြစ်ပြီး အစားအစာများကနေ စွမ်းအင်ကို ထုတ်ယူသုံးစွဲရာမှာ အထောက်အကူပြုပါတယ်။ ဘိုင်အိုတင်ကို ဗီတာမင် H လို့လည်း ခေါ်ဝေါ်ပါတယ်။ ဘိုင်အိုတင်ဟာ အရေပြား၊ ဆံပင်၊ မျက်လုံး၊ အသည်းနဲ့ အာရုံကြောအဖွဲ့အစည်းတွေကို အထောက်အကူပြုပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားလောင်း ဖွံ့ဖြိုးကြီးထွားရေးအတွက် ဘိုင်အိုတင်ကို မဖြစ်မနေလိုအပ်ပါတယ်။

များသောအားဖြင့် ဘိုင်အိုတင်ကို အစားအစာကနေ ရရှိပါတယ်။ ဒါပေမယ့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့၊ ဆံပင်များ နက်မှောင်သန်စွမ်းစေဖို့၊ အသားအရေနဲ့ လက်သည်းခြေသည်းများ လှပဖို့၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးများ ကျန်းမာဖို့ ဘိုင်အိုတင်ကို ပိုမိုလိုအပ်တယ်လို့ ဆိုကြပါတယ်။

လိုအပ်သောပမာဏ

ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေအတွက် တစ်နေ့တာ ဘိုင်အိုတင်လိုအပ်ချက်ကတော့ ၃၀ ကနေ ၁၀၀ မိုက်ခခရိုဂရမ်ဖြစ်ပါတယ်။ ဘိုင်အိုတင်ဟာ ရေမှာပျော်ဝင်နိုင်တာကြောင့် ပိုလျှံလာတဲ့ ဘိုင်အိုတင်များကို ဆီးမှတဆင့် စွန့်ထုတ်နိုင်ပါတယ်။

ဘိုင်အိုတင်ကို ဖြည့်စွက်စာအားဆေးအနေနဲ့ သောက်သုံးသူတွေမှာတော့ ပျို့အန်ခြင်းနဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာတချို့ ခံစားရတယ်လို့ ဆိုပါတယ်။ အဆိပ်အတောက်ဖြစ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ အခြေအနေတော့ မရှိပါဘူး။

ဘိုင်အိုတင်ချို့တဲ့ရင် ဘာဖြစ်သလဲ

ဘိုင်အိုတင်ချို့တဲ့ခြင်းကို သိပ်တော့မတွေ့ရပါဘူး။ ဘိုင်အိုတင်ချို့တဲ့ရင် တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

– အသားအရေပေါ် အထူးသဖြင့် မျက်နှာပေါ် အနီရောင်အကွက်များ၊ အဖုအပိန့်များပေါ်ခြင်း

– အသားအရေ ခြောက်သွေ့အက်ကွဲခြင်း

– မျက်လုံးခြောက်ခြင်း

– ဆံသားများခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ်ခြင်း

– ပင်ပန်းနွမ်းနယ်ခြင်း

– အိပ်မပျော်ခြင်း

– အစားပျက်ခြင်း

– ပျို့အန်ခြင်း

စိတ်ကျခြင်း

– ကြွက်သားများနာကျင်ကိုက်ခဲခြင်း

– ခြေလက်များ စူးရှရှနာကျင်ခြင်း၊ ပူခြင်း

– နှုတ်ခမ်းထောင့်များအက်ကွဲခြင်း

– လမ်းလျှောက်ရခက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဘာကြောင့်လိုအပ်သလဲ

ဘိုင်အိုတင်ကို ကိုယ်ခန္ဓာရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေ လည်ပတ်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုမိုလိုအပ်ပါတယ်။ ဘိုင်အိုတင်လုံလောက်စွာ ရရှိမှသာ ကလေးဟာ ကောင်းစွာ ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ အသားအရေနဲ့ ခြေသည်းလက်သည်းတွေ လှပဖို့လည်း ဘိုင်အိုတင်ကို လိုအပ်ပါတယ်။

ဘိုင်အိုတင်ကို ဘယ်လိုရရှိနိုင်သလဲ

ဘိုင်အိုတင်ကို အစားအစာအတော်များများမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့်

– ကြက်ဥအနှစ်

– ကလီစာများ (အသည်း၊ ကျောက်ကပ်)

– အခွံမာသီးများ (သစ်ကြားသီး)

– ထောပတ်

– ပဲပိစပ်၊ ပဲနီလေးနှင့် ပဲအမျိုးမျိုး

အစေ့အဆန် ကောက်နှံများ (နေကြာစေ့)

– ပန်းဂေါ်ဖီ၊ မုန်လာဥနီ

– ငှက်ပျောသီး

– မှို စတာတွေမှာ ဘိုင်အိုတင်ကြွယ်ဝပါတယ်။

ချက်ပြုတ်ကြော်လှော်တဲ့အခါ ဘိုင်အိုတင်ရဲ့ အာနိသင်လျော့နည်းသွားတတ်လို့ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေမှာ ဘိုင်အိုတင်ကို သိပ်မတွေ့ရဘဲ လတ်ဆတ်တဲ့ အစားအစာတွေမှာ တွေ့ရများပါတယ်။

ဘိုင်အိုတင်ကို အားဖြည့်ဓာတ်စာ (supplement) တွေအနေနဲ့လည်း ရရှိနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက်မြှင့်တင်ပေးနိုင်ဖို့

အမျိုးသမီးတယောက်ရဲ့ ကြင်အန်လက္ခဏာတွေ ပြည့်စုံဖို့နဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးကိစ္စတွေအတွက် အီစထရိုဂျင်က အရေးပါပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ပန်ကရိယလေး ကျန်းမာပါစေ။

န်ကရိယလေးက အစာခြေစနစ်ရဲ့ အရေးပါတဲ့ လုပ်သားလေးပေါ့။ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း နဲ့ အဆီတွေကို ချေဖျက်ဖို့အင်ဇိုင်းတွေ ထုတ်ရင်း ကူညီပေးတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ငါးစားက အကျိုးများ၏

ငါးဟာ အာဟာရဓာတ်ကောင်းစွာပါဝင်တဲ့ စားသောက်ဖွယ်ရာဖြစ်ပါတယ်။ သုတေသီတွေရဲ့ အဆိုအရ တပတ်မှာ ၂-၃ရက်ခန့် စားသုံးသင့်ပါတယ်။ ငါးစားတာ ကျန်းမာတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေကို အဓိကစားပေးမလဲ

လေ့ကျင့်ခန်း အစားအစာ အာဟာရဓာတ် Gym သစ်သီးဝလံ ပရိုတင်း ရေဓာတ် ကစီ အဆီ နွားနို့ ကြက်ဥပြုတ် အိပ်ချိန် ကြွက်သား ထောပတ်သီး ငှက်ပျောသီး မနက်စာ ကိုယ်ခန္ဓာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

လျှာအရောင်က ပြောပြနေတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ

အစာအိမ်အူလမ်းကြောင်းကို ဒုက္ခပေးသော ရောဂါပိုးကူးစက်ခြင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
သီးသီးအကြောင်း သိကောင်းစရာ

သီးသီးအကြောင်း သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 1 min read