ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
Share now

အအေးဓာတ်က စတင်ချဉ်းနင်းဝင်လာနေပါပြီ။ ဆောင်းစဝင်ပြီလို့ ဆိုရပါတော့မယ်။ ဒီလိုအေးမြတဲ့ ဆောင်းရာသီရောက်ချိန်မှာ လူတွေရဲ့ အစားအသောက်စားချင်တဲ့ စိတ်အာသိသကလည်း ရာသီဥတုနဲ့လိုက်ပြီး ပြောင်းလဲလာမှာပါ။ ဒီလိုကာလမျိုးမှာ ကိုယ်စားချင်တာက ရာသီဥတုနဲ့ တကယ်ကိုက်ညီရဲ့လားဆိုတာကို သိထားဖို့တော့ လိုပါလိမ့်မယ်။

ဆောင်းတွင်းမို့ အေးတယ်ဆိုပြီး အပူအစပ်တွေချည်း လှိမ့်စားနေလို့မဖြစ်သလို ကျန်းမာရေးနဲ့မကိုက်ညီတာတွေကိုလည်း အတင်းကာရော မှီဝဲမိနေလို့ မဖြစ်ပါဘူး။

တချို့အစားအစာတွေက စားချိန်မှာ ပူပူနွေးနွေးနဲ့ အရသာရှိပေမယ့် စားပြီးခန္ဓာကိုယ်ထဲရောက်သွားချိန်မှာတော့ အအေးဓာတ်နဲ့ပူးပေါင်းပြီး အဆီတွေ၊ ကယ်လိုရီတွေသကြားဓာတ်တွေ၊ ဆိုဒီယမ်တွေပိုဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဆောင်းရာသီရောက်လာရင် ဘယ်လိုအစားအစာတွေကို အဓိက ရှောင်ကျဉ်သင့်လဲဆိုတာကို ပြောပြချင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေက ဆောင်းရာသီမှာ တတ်နိုင်သမျှ ရှောင်ရှားပြိး သတိထားမှီဝဲသင့်တာတွေပါ။

ချောကလက်အပူ

ဆောင်းတွင်း အေးမြတဲ့ မနက်ခင်းတွေမှာ ချောကလပ်ပူပူလေးသောက်လိုက်မယ်လို့တော့ဖြင့် မတွေးပါနဲ့။ မြင့်မားလှတဲ့ သကြားပမာဏဟာ တစ်ခွက်လောက်သောက်လိုက်ရုံနဲ့သင့်ကို ကယ်လိုရီ ၃၀၀-၄၀၀ လောက်အထိမြင့်တက်သွားစေပါလိမ့်မယ်။ ရာသီဥတုကြောင့် ပိုသောက်မိတတ်ကြတာမို့ ရှောင်ကျဉ်ခိုင်းတာဖြစ်ပါတယ်။

အသင့်စား အစားအစာများ

ဆိုဒီယမ်တွေ၊ အဆီတွေနဲ့ ကျန်းမာရေးကို ကောင်းကောင်းထိခိုက်စေနိုင်တဲ့အရာတွေက အသင့်စားအစားအစာတွေဖြစ်ကြတဲ့ ဟမ်ဘာဂါတို့ အာလူးကြော်တို့ ကြက်ကြော်တို့ထဲမှာ အပြည့်ပါပဲ။ ဆောင်းတွင်းလို အေးမြတဲ့ရာသီမျိုးမှာ အဆီတွေမြန်မြန်ခဲနိုင်တာမို့ ပိုပြီး ရှောင်ကျဉ်သင့်တာပေါ့။

စည်သွပ်ဘူးများ

စည်သွပ်အစားအစာတွေဟာလည်း ဆောင်းရာသီနဲ့ မသင့်လျော်ပါဘူး။ အချိုမှုန့်တွေ၊ ဆိုဒီယမ်နဲ့ အမျိုးအမည်မသိ တာရှည်ခံဖြည့်စွက်ပစ္စည်းတွေပါဝင်နေတဲ့ စည်သွပ်ဘူးတွေဟာ ဆောင်းရာသီမှာ မှီဝဲရင် ပိုပြီးသင့်ကို ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။

အသင့်စားခေါက်ဆွဲပြုတ်

ဆောင်းည အေးအေးလေးတွေမှာ ခေါက်ဆွဲပြုတ်စားရာက အရသာတစ်မျိုးပါ။ ပူပူစပ်စပ်လေးဆို ပိုကြိုက်ကြတယ်မဟုတ်လား။ ဒါပေမယ့် အသင့်စားခေါက်ဆွဲပြုတ်တွေဟာ ဆိုဒီယမ်ပါဝင်မှုများပြီး ကယ်လိုရီးလည်း အရမ်းမြင့်မားစွာ တက်စေနိုင်ပါတယ်။ ကယ်လိုရီ ၃၀၀ လောက်ကနေ ၆၀၀ လောက်အထိတက်နိုင်ပါတယ်။

ပေါင်မုန့်ဖြူ

ဥရောပဆန်တဲ့ မနက်ခင်းစာတွေမှာ ပါဝင်လာလေ့ရှိတဲ့ ပေါင်မုန့်ဖြူကလည်း သင့်လျော်တဲ့ အစားအစာမျိုးတော့ဖြင့်မဟုတ်ပါဘူး။ အဲ့ဒီအစား ပေါင်မုန့်ညို ဒါမှမဟုတ် သစ်သီးတွေစားဖို့ အကြံပေးထားပါတယ်။

ပေါက်ပေါက်ဆုပ်

အေးမြတဲ့ဆောင်းညတွေမှာ ရုပ်ရှင်လေးကြည့်ရင်း ပေါက်ပေါက်ဆုပ်လေး စားမယ်လို့ မကြံလိုက်ပါနဲ့။ ပေါက်ပေါက်ဆုပ်ကလည်း ဆောင်းရာသီနဲ့ ပုလဲပနံမသင့်တဲ့ အစားအစာတစ်ခုပါ။ ပေါက်ပေါက်ဆုပ်မှာပါဝင်နေတဲ့ ဆိုဒီယံပမာဏကို သင်ကြားရင် Shock ရသွားပါလိမ့်မယ်။ ပေါက်ပေါက်ဆုပ်ဘူးတစ်ဘူးမှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်လောက်ပါပြီး၊ အဆီက ၈၀ ဂရမ်လောက်ပါဝင်နေပါသေးတယ်။

ကညွတ်ကြီး

ကြော်စားရင်ဖြစ်ဖြစ် မီးကင်စားရင်ဖြစ်ဖြစ် အရသာရှိလှတဲ့ ကညွတ်ကြီးတွေကို ဆောင်းရာသီမှာ မစားဖို့ တိုက်တွန်းကြပါတယ်။ ဝါရင့် စားဖိုမှူးတွေက တိုက်တွန်းတာပါ။ ကညွတ်ကြီးတွေဟာ ဆောင်းတွင်းဆိုရင် အရသာမမှန်တာ ပျက်တာမျိုးဖြစ်တတ်ပြီး နွေရာသီမှာ အဓိစားသင့်တယ်လို့ ဆိုထားတာပါပဲ။

ငရုပ်သီး/အစပ်

ဆောင်းတွင်းမို့ ပူပူစပ်စပ်လေးတွေ စားမယ်ဆိုပြီး မတွေးလိုက်ပါနဲ့။ အေးလို့ချမ်းလို့ ပူတာ စပ်တာကို စားချင်တာ ပြဿနာမဟုတ်ပေမယ့် ဆောင်းရာသီဆိုရင် လူတွေဟာ လိုတာထက်ပိုပြီး မှီဝဲဖြစ်သွားတတ်ကြတာမို့ အစာအိမ်ထိခိုက်မှုနှုန်း ပိုမြင့်တက်လေ့ရှိပါတယ်။ တန်ဆေးလွန်ဘေးမို့ ချင့်ချိန်မှီဝဲဖို့ လိုအပ်တာကို သတိထားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းရာသီအတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ဆောင်းတွင်းလို ကာလမျိုးမှာ ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ...

ရေးသားသူ Ye Myo Myat

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ဆောင်းတွင်းအခါသမယဆိုတာ အသားအရေကို ဂရုစိုက်သူတွေအတွက်တော့ တော်တော်လေးကို စိတ်ညစ်စရာကောင်းတဲ့ ...

ရေးသားသူ Ye Myo Myat

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ကိုယ်ခံအားကောင်းမွန်စေဖို့ဆိုရင် အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုအာဟာရဓာတ်တွေကို လိုအပ်လဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်တယ်မဟုတ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုတဝိုက်အရေပြားက ခန္ဓာကိုယ်မှာအစကတည်းက စိုထိုင်းစများတဲ့နေရာဖြစ်တဲ့အတွက် အရေပြားပေါ်မှာအစိုဓာတ်အောင်းပြီး မှိုတွေပေါက်ပွားလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ…

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read

နှာခေါင်းတွေ ပိတ်နေလို့ ညဘက်အိပ်ရတာ အခက်အခဲဖြစ်နေပြီလား

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read