ညမအိပ်ခင် နွားနို့တစ်ခွက် ပုံမှန်သောက်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

နွားနို့ကို ကလေး၊ လူကြီး မရွေး တော်တော်များများ ကြိုက်ကြပါတယ်။ အရသာလည်း ရှိသလို အားလည်း ဖြစ်တယ်။ လူတစ်ယောက်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများအပြား ပါဝင်တယ်။ ကလေးတွေဆိုရင်လည်း ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။ နွားနို့ကတော့ လူကြိုက် အများဆုံးဖြစ်ပြီး ဆိတ်နို့၊ သိုးနို့ အပြင် ပဲနို့တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။

နွားနို့ရဲ့ ကောင်းကျိုး အဖြာဖြာက ဘာတွေလဲ။

၁။ အာဟာရဓာတ် ကြွယ်ဝတယ်။

နွားနို့မှာ ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် B12 ၊ ဗီတာမင် အေ၊ ဒီ၊ အီး၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဇင့်ဓာတ်၊ Omega-3 fatty acid အပြင် ပိုတက်စီယမ်ဓာတ်၊ ဆယ်လီနီယမ်ဓာတ်တွေ အများအပြားပါဝင်ပါတယ်။

၂။ ရောဂါတစ်ချို့ကို ကာကွယ်ပေးနိုင်တယ်။

နွားနို့မှာ ပါဝင်တဲ့ Omega-3 fatty acid ဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဗီတာမင် အီး လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာလည်း ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းခြင်းကို သက်သာစေတယ်။

၃။ ပရိုတင်းဓာတ် ပါဝင်မှုများတယ်။

ခန္ဓာကိုယ်က ကြွက်သားထု တက်ဖို့၊ ကိုယ်ခံအား ကောင်းစေဖို့၊ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းပေးဖို့ ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း၊ အားကစား လုပ်နေတဲ့သူတွေ အတွက် ကြွက်သား ဆုံးရှုံးမှု မဖြစ်စေသလို ကိုယ်အလေးချိန်ကိုလည်း ဟန်ချက်ညီအောင် ထိန်းညှိပေးပါတယ်။

၄။ အရိုးကျန်းမာရေးအတွက် အထူးကောင်းတယ်။

ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဟာ အရိုးတွေကို ကြံံ့ခိုင်သန်စွမ်းစေပြီး အရပ်ကို ရှည်လာစေတယ်။ သွားတွေကိုလည်း ခိုင်မာစေပြီး အလွယ်တကူ ကျိုးပဲ့ခြင်း မဖြစ်စေဘူး။ အသက်ကြီးလာတဲ့အခါ အမျိုးသမီးများ ကြုံရတတ်တဲ့ အရိုးပါးရောဂါတွေနဲ့ တခြားသော အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဝိတ်ချနေတဲ့သူရော၊ ဝိတ်တက်ဖို့ ကြိုးစားနေတဲ့သူအတွက်ပါ အဆင်ပြေတယ်။

ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေသူတွေအတွက် လိုအပ်တဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်တွေ ဖြည့်ပေးတယ်။ အစားအစာအပြင် နွားနို့ပါ တွဲသောက်ပေးမယ်ဆိုရင် ကြွက်သားတက်တာ ပိုမြန်တယ်။ ဝိတ်ချတဲ့သူတွေမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ရတဲ့အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးဖို့ ပရိုတင်းဓာတ်က မရှိမဖြစ် အရေးပါပါတယ်။

၆။ မျက်စိကိုလည်း အားကောင်းစေတယ်။

ဗီတာမင် အေ အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး တစ်နေ့လုံး ကွန်ပျူတာ၊ ဖုန်းနဲ့ မျက်စိမခွာ ကြည့်နေသူတွေ သောက်ပေးသင့်ပါတယ်။

ဒီတော့ နွားနို့ကို အများကြီး မဟုတ်ရင်တောင် အိပ်ခါနီး တစ်ခွက်လောက်ဖြစ်ဖြစ် သောက်ပေးသင့်တယ်နော်။ ကျန်းမာရေးအတွက်သာမက အရေပြားကိုလည်း လှစေသလို အာဟာရဓာတ်လည်း ပေါကြွယ်ဝလို့ အသက်အရွယ်မရွေးဖို့ သောက်နိုင်ပါတယ်နော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ခန္ဓာကိုယ် ဗီတာမင် သတ္တုဓာတ် ဗီတာမင် B ကိုယ်ခံအား ဦးနှောက် မျိုးဗီဇဆဲလ် ဆယ်လ်မွန် အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဟင်းနုနွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B ခန္ဓာကိုယ် ဆဲလ်တွေ ဇီဝကမ္မဖြစ်စဉ် အရေပြားဆဲလ် ဦးနှောက်ဆဲလ် thiamin folate နှလုံး အသည်း ဦးနှောက် သကြားဓာတ် fatty acids စတီးရွိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ပျော်ရွှင်မြူးထူးစွာ Zumba ကကြမယ်

Gym လေ့ကျင့်ခန်း Zumba ကိုယ်အလေးချိန် ကြွက်သားတွေ နှလုံးကျန်းမာရေး ခန္ဓာကိုယ်ရဲ့ အနေအထား သွေးတိုး ကျန်းမာတဲ့ နေထိုင်မှု ပုံစံ အသက်ရှူလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

မိုးဦးကာလ ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး ပရိုတင်း အမျှင်ဓာတ် ကိုယ်ခံအား အစားအစာ အာဟာရဓာတ် ကြက်သွန်နီ ငရုတ်သီးစိမ်း ဟင်းလျာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

စီးကရက် အမြဲ ခဲနေတတ်တာ ဂုဏ်ယူစရာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဘော်ဒီ တက်လာအောင် ဘာတွေ စားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 3 ဖတ်ရန် ကြာချိန်