ပဲနီလေးစားပေးရင်ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပဲနီလေးလို့ပြောလိုက်ရင် မျက်လုံထဲမှာ လိမ္မော်ရောင်ရင့်ရင့် ပဲစိသေးသေးလေးတွေကိုပြေးမြင်မယ်ထင်ပါတယ်နော်။ ကုန်ခြောက်ဆိုင်တွေမှာ အလွယ် တကူဝယ်ယူလို့ရနိုင်သလို ရာသီမရွေးစားသုံးလို့ရတဲ့ ပဲအမျိုးအစားတစ်မျိုးပါ။ ဟင်းရည်ချက်စားကြသလို ပဲနီလေးကို ကြက်သွန်နီကြက်သွန်ဖြူ၊ ချင်း (ဂျင်း) တို့နဲ့နှပ်စားတာမျိုးလည်းရှိပါတယ်။ စားရတာနူးနူးညံ့ညံ့နဲ့စားကောင်းတဲ့ ဟင်းတစ်မျိုးပါ။

ပဲနီလေးမှာ ဘယ်လိုအာဟာရဓါတ်တွေပါလဲ………

ပဲနီလေးစားသုံးပေးရင်းရရှိမယ့် အာဟာရဓါတ်တွေက

ပဲနီလေးစားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ…….

ပဲနီလေးစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်မှာ အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

ပဲနီလေးမှာ နှလုံးကို ကျန်းမာစေနိုင်တဲ့ အမျှင်ဓါတ်၊ဖောလစ်အက်ဆစ် နဲ့ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့်သွေးတွင်းက အကျိုးမပြုတဲ့ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဒါတွေအပြင် ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာရေးကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ပဲနီလေးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်နေတာကြောင့်သွေးပေါင်ချိန်ကို ကျစေနိုင်ပြီး နှလုံးကျန်းမာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တယ်

ပဲနီလေးမှာဖောလိတ်ပါဝင်နေတာကြောင့်ဘေဘီလေးကိုကကျန်းမာစေနိုင်ပါတယ်။ လမစေ့ဘဲမွေးဖွားတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းစားသုံးမယ်ဆိုရင်ဖောလစ်အက်ဆစ်ကို ကြွယ်ဝစွာရရှိစေမှာပါ။ ကိုယ်ဝန်ဆောင်မေမေအနေနဲ့မေမေရောဘေဘီလေးပါကျန်းမာစေဖို့ဆိုရင် ပဲနီလေးစားသုံးပေးလို့ရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်

ပဲနီလေးမှာ ဆီလိနီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုတွေကို ကာကွယ်ပေးနိုင်သလို ကင်ဆာကျိတ်တွေကိုကြီးထွားမလာစေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်အောင်လှုံ့ဆော်ပေးပါတယ်။ အသည်းအင်ဇိုင်းတွေကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စေပြီး ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့ ကင်ဆာမဖြစ်အောင် အကောင်းဆုံးတားဆီးပေးနိုင်ပါတယ်။ အမျှင်ဓါတ်ပါဝင်နေတာကြောင့် အူမကြီးကင်ဆာမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

ပင်ပန်းနွမ်းနယ်တာကို သက်သာစေတယ်

ခန္ဓါကိုယ်မှာ ပင်ပန်းနွမ်းနယ်တာကို အဓိကဖြစ်စေတဲ့ အချက်တစ်ချက်ကသံဓါတ်အားနည်းတာပါ။ လူနေမှုပုံစံပြောင်းလဲလာတာကြောင့် အခုနောက်ပိုင်းမှာ လူတော်တော်များများဟာ သံဓါတ်အားနည်းလာမှုနဲ့ရင်ဆိုင်နေကြရပါတယ်။ ပဲနီလေးက ပရိုတင်းဓါတ်ကိုပေးနိုင်သလို သံဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် သံဓါတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံး စွမ်းဆောင်ရည်ရရှိစေနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို အူနံရံတွေကိုလည်း အာဟာရဓါတ်တွေ အကောင်းဆုံးစုပ်ယူနိုင်အောင် ပံ့ပိုးပေးပါတယ်။ အမျှင်ဓါတ်က ဗိုက်ပြည့်တယ်လို့ ခံစားရစေပြီး ကိုယ်အလေးချိန်များလို့ ဝိတ်ချချင်သူတွေအတွက်လည်း အထူးသင့်တော်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောင်လျှာသီးက ဆေးဖက်ဝင်သလား။

ကြောင်လျှာသီး ကျန်းမာရေး အကျိုးကျေးဇူး ခါးသက်သက် ဆေးဖက်ဝင်ပုံ ဘက်တီးရီးယား ခန္ဓာကိုယ် ဓာတ်တိုးဆန့်ကျင် မှိုပိုး နာတာရှည်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ဘာကြောင့် ပိန်ချင်တာလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ပြန်မေးဖူးလား

ကိုယ်အလေးချိန် အသက်အရွယ် ပိန်ခြင်း ဝခြင်း အဝလွန် လေ့ကျင့်ခန်း အဝတ်အစား ခန္ဓာကိုယ် ကျန်းမာရေး ကိုယ်အလေးချိန်ထိန်းခြင်း ဝိတ်ချခြင်း အိပ်ချိန် အစာအာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ကီတို Diet လုပ်နေစဉ် အတွေ့များတဲ့ လက္ခဏာများ

ကီတိုDiet ကိုယ်အလေးချိန် ကျန်းမာရေး ခံတွင်းအနံ့ဆိုး အစာစားချင်စိတ် အစာအာဟာရ အားအင် ပင်ပန်း အစာခြေစနစ် ဝမ်းရောဂါ အိပ်ပျော်ခြင်း ကယ်လိုရီ အဆီ အသားဓာတ် ကစီဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ရွှေဖရုံသီးစေ့ စားခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများ

ရွှေဖရုံသီးစေ့ အာဟာရဓာတ် အကျိုးကျေးဇူး ဖရုံသီးစေ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကင်ဆာဖြစ်နိုင်ခြေ ဆီးကျိတ် အူမကြီးကင်ဆာ ကိုယ်ခန္ဓာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအကြောင်း လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဗီတာမင် B ကြွယ်ဝဖို့ ဒါတွေစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 1 ဖတ်ရန် ကြာချိန်
ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ရာသီစာ အင်ဥလေးကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 2 ဖတ်ရန် ကြာချိန်