ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ရောဂါကာကွယ်ဖို့၊ ရောဂါကုသဖို့၊ အသက်ရှည်ကျန်းမာဖို့ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် သောက်သုံးကြပါတယ်။ တချို့ကတော့ ကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ရည်ရွယ်ချက်နဲ့ သောက်တာတွေလည်းရှိတယ်။ ကင်ဆာဝေဒနာရှင်တွေကလည်း ကိုယ်ခံအားစနစ်ပိုကောင်းလာအောင်၊ ကုသမှုနောက်ပိုင်း ကင်ဆာရောဂါပြန်ပေါ်လာတာကို ကာကွယ်နိုင်အောင်နဲ့ ကင်ဆာရှိကြောင်းသိရပြီးနောက်ပိုင်း သက်တမ်းပိုရှည်စေဖို့၊ ဓါတုဆေးဝါးနဲ့ဓါတ်ကင်ခြင်းကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးသက်သာစေဖို့ဆိုပြီး ဗီတာမင်ဆေးတွေကို အားကိုးကြပါတယ်။

ကင်ဆာဝေဒနာရှင်တစ်ဦးရဲ့ကိုယ်ခံအားစနစ် အနေအထားဟာ သာမန်လူတစ်ယောက်နဲ့ယှဉ်ရင် ပိုအားနည်းပါတယ်။ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ တစ်ရှူးတွေထိခိုက်မှုကြောင့် အီလက်ထရိုလိုက် နဲ့ သတ္တုဓါတ်ချို့တဲ့မှုကို ခံစားရနိုင်ပါတယ်။ လူနာတွေဟာ ခွဲစိတ်ကုသမှုနောက်ပိုင်းမှာ ပုံမှန်အတိုင်း အစားမစားနိုင်တဲ့အတွက် ဖြည့်စွက်အာဟာရတွေနဲ့ အားဖြည့်ပေးဖို့လိုပါတယ်။ ခံတွင်းပျက်နေတဲ့ လူနာတွေဟာ ဖြည့်စွက်အာဟာရတွေတင်ပေးနေတဲ့အခါမှာတောင် ပျို့အန်မှုနဲ့ ခန္ဓါကိုယ်က စုပ်ယူမှုအားနည်းတာတွေကြောင့် တခြားနည်းလမ်းနဲ့ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ဖို့ လိုအပ်လာပါတယ်။ ဒါ့ကြောင့် လူနာတွေရဲ့အခြေအနေကို ပြန်ထိန်းညှိနိုင်ဖို့၊ ခွဲစိတ်မှုနောက်ပိုင်း ဓါတ်ကင်ခြင်းနဲ့ဆေးဝါးကုထုံးရဲ့ဒဏ်ကိုခံနိုင်ရည်ရှိဖို့အတွက် ဆရာဝန်တွေက ဗီတာမင်အားဆေးတွေ ညွှန်းပေးကြတာပါ။

ဓါတုဆေးဝါးကုထုံးတွေသုံးတဲ့အခါလည်း ဆေးတွေက ကင်ဆာဆဲလ်တွေတင်မကဘဲ hemopoietic ဆဲလ်တွေ ( RBC, WBC & Platelets ) လို ကွဲပွားမှုမြန်ဆန်တဲ့ပုံမှန်ဆဲလ်တွေကိုပါ ဖျက်ဆီးပစ်တာကြောင့် လူနာတွေမှာ ကိုယ်ခံအားနည်းလာတတ်ပါတယ်။

ကိုယ်ခံအားကောင်းအောင် တည်ဆောက်ခြင်းက ကင်ဆာအတွက် တကယ့်ကုထုံးတစ်ခုမဟုတ်ပေမယ့် ကင်ဆာလူနာတွေဟာ WBC တွေပျက်စီးရတာ၊ ရောဂါဝင်တာတွေ ဖြစ်လွယ်တဲ့အနေအထားမှာရှိပါတယ်။ ဒါ့ကြောင့် တချို့က ရောဂါပိုးဝင်နိုင်တဲ့ရာခိုင်နှုန်းကိုလျော့နည်းစေဖို့ ုကိုယ်ခံအားကိုမြှင့်တင်ပေးမယ့် အကူကုထုံးတွေသုံးလေ့ရှိပါတယ်။

ဒါ့အပြင် ကင်ဆာလူနာတွေဟာ ကင်ဆာဆေးဝါးတွေကြောင့် ခံတွင်းပျက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတွေခံစားရပါတယ်။ ကုထုံးမှာသုံးတဲ့ဆေးတွေဟာ အာရုံကြောနဲ့ပတ်သက်တဲ့ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တဲ့အတွက်(ဥပမာ- Paclitaxel က နာကျင်ကိုက်ခဲမှု၊ ထုံကျဉ်ခြင်းအပါအဝင် အာရုံကြောဆိုင်ရာဝေဒနာတွေဖြစ်စေနိုင်တဲ့အတွက် L glutamine သောက်သုံးရင် ဝေဒနာသက်သာစေနိုင်ပါတယ်။) ကင်ဆာဆေးတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့လည်း ဗီတာမင်အားဆေးတွေလိုအပ်ပါတယ်။

ဒါပေမယ့် ကင်ဆာကုထုံးတချို့ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အားဆေးတွေရှိတာကြောင့် ကိုယ့်ရဲ့သက်ဆိုင်ရာ ကုထုံးဆရာဝန်နဲ့ကုသရေးအဖွဲ့ကို တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ဘာကိုမှ ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒါတွေလည်းဆက်ဖတ်ပါ:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ကျွမ်းကျင် ပညာရှင်များထံမှ Dr. Saw Yu Win

ကင်ဆာဆေးသွင်းပြီးချိန် ပျို့အန်မှုများမဖြစ်စေဘဲ အာဟာရပြည့်ဝနေစေမည့် နည်းလမ်း (၁၁)ခု

ကင်ဆာဆေးသွင်းပြီးချိန် ပျို့အန်မှုများမဖြစ်စေဘဲ အာဟာရပြည့်ဝနေစေမည့် နည်းလမ်း ...

ရေးသားသူ Dr. Saw Yu Win

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ ဗီတာမင်ဖြည့်စွက်အားဆေးတွေကို ရောဂါကာကွယ်ဖို့၊ ...

ရေးသားသူ Dr. Saw Yu Win
ကင်ဆာရောဂါနှင့် ဗီတာမင်အားဆေးများ

ကင်ဆာမှ ပြန်လည်နာလန်ထူချိန်တွင် ဗီတာမင်နှင့် သတ္ထုဓါတ်များ၏အရေးပါမှု

ကင်ဆာမှ ပြန်လည်နာလန်ထူချိန်တွင် ဗီတာမင်နှင့် သတ္ထုဓါတ်များ၏ အရေးပါမှု ကင်ဆာဆေးသွင်းကုသပြီးသောလူနာများသည် ...

ရေးသားသူ Dr. Saw Yu Win
ကင်ဆာမှ ပြန်လည်နာလန်ထူချိန်တွင် ဗီတာမင်နှင့် သတ္ထုဓါတ်များ၏ အရေးပါမှု

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးထိန်းကျောင်းမှုရဲ့ အခြေခံစည်းမျဉ်းများ

ကလေးထိန်းကျောင်းတဲ့နေရာမှာ မိဘတွေ ပါးနပ်မှသာ ကလေးက ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာမှာပါ။ EQကို IQထက် ဦးစားပေးတဲ့ ထိန်းကျောင်းမှုမျိုး ဖြစ်ရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19အကြောင်း တစေ့တစောင်း

ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဗိုင်းရပ်စ်အမျိုးအစားတစ်မျိုးပါ။ မျိုးစိတ်ပေါင်းများစွာရှိနေတဲ့ ဗိုင်းရပ်စ် တစ်မျိုးပေါ့။ ကိုရိုနာဗိုင်းရပ်စ်က လူကို ကူးစက်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါကတော့ သားသားမီးမီးတို့ရဲ့ တပ်မှူးလေးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ.........

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ချင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

မနက်ခင်းမှာ လှပနေစေဖို့ ညမအိပ်ခင် ဒီလိုထိန်းသိမ်းမှုလေးတွေ လုပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read