backup og meta

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

အနာဆိုတာ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ မြင်သာအောင်ပြောပြရရင် အပေါ်ယံအရေပြားပေါက်ပြဲသွားတာပေါ့။ အပေါ်ယံအရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်လေ။ ခံတပ်ပျက်သွားပြီဆိုရင် အန္တရာယ်ကျရောက်ဖို့က လွယ်သွားပြီပေါ့။ အခုလို မိုးရာသီမှာဆိုရင် စိုစိုစွတ်စွတ်ရှိတော့ ပိုးမွှားတွေပေါက်ဖွားဖို့အတွက်အခွင့်ကောင်းပါ။ ဒီတော့ အပေါ်ယံအရေပြားပေါက်ပြဲမှုကနေတဆင့် ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ပြီး အနာရင်းတာ၊ ပိုးဝင်တာနဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါဆိုရင် စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ ။

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

  • အနာကိုမိုးရေနဲ့ မထိတွေ့ပါစေနဲ့

မိုးရေမှာ ရောဂါပိုးတွေ ပါဝင်နေတတ်တာကြောင့် အပြင်ထွက်ခါနီးတိုင်း အနာကို ပလာစတာကပ်တာမျိုးဖြစ်ဖြစ်၊ ပတ်တီးစည်းတာမျိုးဖြစ်ဖြစ် လုပ်သွားပေးပါ။ အနာကို မိုးရေနဲ့ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပါ။ အနာကို မိုးရေနဲ့ထိတွေ့စေမှုက ပြင်းထန်တဲ့ရောဂါပိုးကူးစက်မှုကို ဖြစ်စေနိုင်တာကြောင့်ပါ။

  • အနာမှာ ညစ်ပေနေတဲ့အရာတွေ ပေကျံနေလားဆိုတာကို စစ်ဆေးပါ

အပြင်ကနေ မိုးစိုစိုနဲ့ ပြန်လာတဲ့အခါ အနာမှာ ညစ်ပေတဲ့အရာတွေ ပေကျံကပ်ပါလာလားဆိုတာကို သေချာစစ်ဆေးပါ။ ပေကျံနေတယ်ဆိုရင် ဖယ်ရှားသန့်စင်ပါ။ ဒီလိုလုပ်ပေးတာက အနာကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

  • အနာကို သန့်ရှင်းပေးပါ

အနာကို သန့်စင်ဖို့က မဖြစ်မနေလုပ်သင့်တဲ့ အချက်တစ်ခုပါ။ အပြင်က ပြန်လာတဲ့အခါတိုင်းမှာ ခြေလက်တွေကို သန့်စင်အောင်ဆေးကြောပေးပါ။ ပြီးရင်တော့ အနာကို သန့်ရှင်းရေးလုပ်ပါ။ အနာတဝိုက်ကို ဆပ်ပြာနဲ့ ရေသန့်သန့်လေးသုံးပြီး သေချာဆေးကြောသန့်စင်ပေးပါ။ ရေနွေးခပ်နွေးနွေးလေးကို တဘက်စသန့်သန့်လေးနဲ့ ယူပြီး အနာပေါ်နဲ့ အနာတဝိုက်ကို ဆေးကြောသန့်စင်ပေးတာက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

  • အနာကို ခြောက်သွေ့အောင် ထားပေးပါ

အနာကို သန့်စင်ဆေးကြောပြီးတဲ့အခါ အနာကို ခြောက်သွေ့အောင်ထားပေးဖို့ မမေ့ပါနဲ့။ စိုစွတ်တဲ့အခြေအနေက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်တာကြောင့်ပါ။ ဒီလိုလုပ်ပေးတာက အရေပြားအတွင်းပိုင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

  • Antibiotic Cream လူးပေးပါ

Antibiotic Creamတွေက အနာကို အစိုဓာတ်ရှိနေအောင် ထိန်းထားပေးနိုင်ရုံတင်မဟုတ်ဘဲ ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အနာကို သန့်စင်ပြီး ခြောက်သွေ့အောင်လုပ်ပြီးတဲ့အခါ Antibiotic Cream ခပ်ပါးပါးလေးလူးပေးပါ။ အချို့ Antibiotic Creamတွေမှာ အရေပြားဓာတ်မတည့်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တတ်တာကြောင့် အရေပြားမှာ ဆေးလူးပြီးလို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာမျိုးဖြစ်လာမယ်ဆိုရင် ဆက်မလူးဖို့ ပြောပါရစေ။

  • အနာကို ပလာစတာကပ်ပါ၊ ပတ်တီးစည်းပါ

အနာကို ပလာစတာကပ်ပေးတာ၊ ပတ်တီးစည်းထားတာတွေက အနာကို ပိုးမဝင်အောင်ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အပြင်သွားရမယ်။ မိုးရေနဲ့ ထိတွေ့ရမယ်ဆိုရင် ပလာစတာ ကပ်သွားပါ။

  • အနာကို ကုတ်ဖဲ့တာမျိုးမလုပ်ပါနဲ့

အနာကို ကုတ်ဖဲ့တာ၊ အနာဖေးကို ခွာထုတ်တာမျိုး မလုပ်ပါနဲ့။ အနာမကျက်ခင်မှာ ကုတ်ဖဲ့မိတဲ့အခါ အနာပေါက်ပြန်ဖြစ်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ အနာဖေးကိုခွာတာက လက်သည်းကြားထဲက ပိုးတွေအနာထဲကို ဝင်ရောက်နိုင်သလို ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေလည်း အနာထဲကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အနာကျက်ဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။

  • ပလာစတာလဲပေးပါ

အနာမှာကပ်ထားတဲ့ ပလာစတာတွေ၊ ပတ်တီးတွေညစ်ပတ်နေရင်၊ ရေစိုနေရင် ချက်ချင်းလဲပေးပါ။ ဒီလိုလုပ်တာကလည်း အနာပိုးမဝင်အောင်ကာကွယ်ရာရောက်ပါတယ်။

  • အနာရင်းနေလား စစ်ဆေးဖို့ သတိရပါ

တစ်နေ့တစ်ကြိမ်တော့ အနာကို မဖြစ်မနေစစ်ဆေးပေးပါ။ အနာကိုစစ်ဆေးတဲ့အခါ

-အနာတဝိုက် နီမြန်းရောင်ရမ်းနေလား၊

-အနာတဝိုက်မှာ နာကျင်နေလား၊

-အနာကနေ ပြည်လိုမျိုး အရည်တွေထွက်နေလား၊

-အဖျားရှိနေတာလား ဆိုတာတွေကို သေချာစစ်ဆေးပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Heal a Woundhttps://www.unp.me/f150/how-to-heal-a-wound-134971/ Accessed Date 10 July 2018

Caring for Woundshttps://www.webmd.com/first-aid/ss/slideshow-caring-for-wounds Accessed Date 10 July 2018

How Does My Wound Heal, and How Do I Treat It?https://www.webmd.com/first-aid/ss/slideshow-how-does-your-wound-heal Accessed Date 10 July 2018

WOUND INFECTIONhttp://www.selfcare.info/hc1/adult/SkinLocalizedSymptoms/WoundInfection.htm Accessed Date 10 July 2018

ယခုပုံစံ

09/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ

ထိခိုက်ဒဏ်ရာနဲ့ မေးခိုင်အန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement