အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လူတိုင်းက ထိခိုက်ဒဏ်ရာနဲ့မကင်းကြပါဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါလူ့ခန္ဓါကိုယ်က ပုံမှန်ဇီဝဖြစ်စဉ်က အနာကျက်အောင် အဆင့်ဆင့်လုပ်ဆောင်ပေးပါတယ်။ အနာတစ်ခုကောင်းကောင်းမွန်မွန်နဲ့ကျက်သွားဖို့ဆိုရင် အနေအထိုင် အစားအသောက်နဲ့ အနာကိုပါထိန်းသိမ်းဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ အနာကျက်တာကိုနှေးစေနိုင်တဲ့အလေ့အထတွေကိုဖော်ပြပေးပါ့မယ်။ အဲဒီအလေ့အထတွေကိုရှောင်ကျဉ်မယ်ဆိုရင် အနာကိုမြန်မြန်ဆန်ဆန်ကျက်စေမှာပါ။

အနာဘယ်လိုကျက်တာလဲ

အနာတိုင်းက အဆင့် ၃ ဆင့်နဲ့အနာကျက်တာပါ။ အနာတစ်ခုဖြစ်လာတဲ့အခါ အစောပိုင်းရက်အနည်းငယ်အတွင်းမှာ အနာကရောင်ရမ်း လာတာကိုတွေ့ရပါမယ်။ ဒါကပုံမှန်ပါပဲ။ အနာကျက်စေဖို့အတွက် အနာတဝိုက်ကသွေးကြောတွေကိုသွေးစီးဆင်းမှုကိုထိန်းချုပ်လိုက်တာကြောင့်ရောင်ရမ်းလာတာဖြစ်ပါတယ်။ရောင်ရမ်းမှုက ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကပုံမှန်အခြေအနေဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတာကိုဖော်ပြပေးတဲ့မြင်သာတဲ့လက္ခဏာတစ်ရပ်ပါ။သွေးဖြူဥဆဲလ်တွေကလည်း အနာထဲက အမှိုက်တွေနဲ့ဘက်တီးရီးယားတွေကို သန့်စင်ပေးပါတယ်။

၃ ပတ်လောက်ကြာပြီဆိုရင်တော့Proliferative Stage ကိုရောက်ရှိလာပြီလို့ဆိုရပါမယ်။ အနာကပြင်းထန်ရင်တော့ ဒီအဆင့်ကိုရောက်ရှိဖို့က ၃ ပတ်ထက်ပိုကြာနိုင်ပါတယ်။ ဒီအဆင့်မှာ အနာဖေးတက်တာကစဖြစ်လာပါပြီ။ fibroblasts လို့ခေါ်တဲ့ အထူးဆဲလ်တွေက အနာအသားတက်လာစေဖို့အတွက် ကော်လာဂျင်တွေကိုထုတ်လွှတ်ပေးနေတဲ့အဆင့်လည်းဖြစ်ပါတယ်။ သွေးကြောအသစ်တွေလည်းဖြစ်ပေါ်လာပါပြီ။ အနာကတဖြည်းဖြည်းကျုံ့လာပြီး အရေပြားအလွှာသစ်လေးလည်းဖြစ်လာပါပြီ။

နောက်တစ်ဆင့်ကတော့Maturation and Remodeling Stage ပါ။ ၂ နှစ်လောက်အထိလည်းကြာမြင့်နိုင်ပါတယ်။ကော်လာဂျင်အသစ်တွေဖြစ်ပေါ်ပြီး အနာပုံစံပြောင်းလာပြီဖြစ်ပါတယ်။ ဒီအဆင့်မှာအနာတဝိုက်က တစ်ရှုးတွေလည်းကြံ့ခိုင်မှုတိုးလာပြီဖြစ်ပါတယ်။ အမာရွတ်တစ်ရှူးတွေက မူလကတစ်ရှုးတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲကြံ့ခိုင်မှုရှိပါတယ်။

အနာကို ပိုဆိုးစေနိုင်တဲ့အလေ့အထတွေကဘာတွေများလဲ

အနာကို ဂရုမစိုက်ခြင်း

အရေပြားက ခန္ဓါကိုယ်ရဲ့ ပထမအဆင့် ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ အရံအတားပါ။ အရေပြားကပေါက်ပြဲသွားတဲ့အခါ ခန္ဓါကိုယ်တွင်းကို ပိုးမွှားတွေအလွယ်တကူဝင်ရောက်ဖို့လမ်းစရသွားပါပြီ။ အနာထဲကို ပိုးဝင်သွားတဲ့အခါ အနာတဝိုက်မှာ နီမြန်းနေတာ၊ရောင်ရမ်းတာ၊နာကျင်တာနဲ့ပြည်တည်တာလိုမျိုးတွေဖြစ်နိုင်ပြီး အနာမှာအနံ့ရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အဲဒီအတွက် အနာဖြစ်ပြီဆိုရင်ပြင်ပက ဖုန်မှုန့်တွေ၊ အမှိုက်တွေနဲ့ တခြားညစ်ပေတာတွေမဝင်ရောက်ဖို့ ဂရုစိုက်ရပါတယ်။ ဂရုမစိုက်တဲ့အခါ အနာကျက်တာနှေးကွေးတာနဲ့ အမာရွတ်ဆိုးဆိုးကြီးတွေကျန်တတ်ပါတယ်။

အာဟာရပြည့်ဝအောင်မစားသုံးခြင်း

အနာဖြစ်နေတဲ့အခါ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကိုပြည့်ဝမျှတအောင်စားသုံးပေးဖို့လိုပါလိမ့်မယ်။ ဗီတာမင် ဓါတ်တွေကအနာမြန်မြန်ကျက်အောင် အထောက်အပံ့ပေးပါတယ်။ အနာဖြစ်တဲ့အခါ အစားပေးသင့်ဆုံးဗီတာမင်တွေက ဗီတာမင်အေ နဲ့ ဗီတာမင် စီပါ။

ထိခိုက်ဒဏ်ရာတစ်ခုခုရထားတယ်ဆိုရင် လိမ္မော်သီး၊ ဟင်းနုနွယ်ရွက်၊ကန်စွန်းဥနဲ့ငရုတ်ပွသီးတို့ကို စားသုံပေးသင့်ပါတယ်။ ပရိုတင်းဓါတ်ရရှိအောင် အဆီမပါတဲ့အသားကိုလည်း စားသုံးပေးရပါမယ်။

ဆေးလိမ်းဆေးသောက်ဖို့ ပျင်းတာ

အနာတစ်ခုခုဖြစ်လာရင်သေချာဂရုစိုက်ဖို့လိုအပ်ပါတယ်။ အနာကြီးရင်ဆေးလိမ်းရုံနဲ့မပြီးပါဘူး။ဆေးသောက်ဖို့လည်းလိုပါတယ်။ အနာဖြစ်တဲ့အခါ အနာကိုတစ်နေ့တစ်ကြိမ်လောက်တော့ အနာကိုသန့်စင်ပြီးဆေးထည့်ရပါမယ်။ ပလာစတာ ဒါမှမဟုတ် ပတ်တီးကိုလည်း အသစ်လဲပေးရပါမယ်။ အနာဖြစ်တဲ့အခါ အနာကို ရေနဲ့ဆပ်ပြာသုံးပြီးဆေးကြောပေးရင်ကိုလုံလောက်နေပါပြီ။ အချို့ဒဏ်ရာတွေက အရက်ပြန် ဒါမှမဟုတ် hydrogen peroxide အသုံးပြုမယ်ဆိုရင် တစ်ရှုးတွေပျက်စီးတာကိုဖြစ်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်းနှေးစေ နိုင်ပါတယ်။

အသားအရေကိုစိုပြည်အောင်ထိန်းသိမ်းမှုမရှိတာ

အသားခြောက်တဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဖြစ်နိုင်ခြေများသလို အနာဖြစ်ပြီးရင်လည်း ပိုးဝင်နိုင်ခြေလည်းများစေပါတယ်။ အရေပြားခြောက်သွေ့တာက အသားအရေမှာ ကုတ်ခြစ်ဒဏ်ရာတွေဖြစ်နိုင်ခြေများပါတယ်။ အသားခြောက်တာက အနာကျက်နှေးစေနိုင်ပါတယ်။

အရက်သေစာသောက်စားခြင်း

အရက်သောက်တာက ခန္ဓါကိုယ်ကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ အနာကျက်တာကိုလည်းနှေးစေနိုင်ပါတယ်။ အရက်အလွန် အကျွံသောက်တာက အနာထဲကိုပိုးဝင်နိုင်ခြေကိုလည်းပိုများစေနိုင်ပါတယ်။ အရက်အရမ်းသောက်တာက ခန္ဓါကိုယ်အတွက် အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေကိုလျော့ကျစေနိုင်သလို ခန္ဓါကိုယ်ထဲကို ပိုးဝင်နိုင်ခြေကိုလည်းများစေပါတယ်။

ဆေးလိပ်သောက်သုံးခြင်း

ဆေးလိပ်သောက်တာက အဆုတ်တစ်ရှုးတွေကို ပျက်စီးစေနိုင်သလို ကင်ဆာဖြစ်နိုင်ခြေကိုလည်းတိုးစေနိုင်ပါတယ်။ ဒါ့အပြင်ကိုဆေးလိပ်သောက်တာက အနာကျက်တာကိုလည်းနှေးစေနိုင်ပါသေးတယ်။ဆေးရွက်ကြီးကနေထုတ်ထားတဲ့ ပစ္စည်းတိုင်းမှာ နီကိုတင်းလိုမျိုး အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓါတ်တွေပါဝင်နေပါတယ်။ဆေးရွက်ကြီးကကော်လာဂျင်ထုတ်လုပ်မှုကိုလျော့ကျစေနိုင်သလို scar tissueတွေကိုလည်းအားနည်းစေနိုင်တဲ့အပြင် အနာကိုလည်း ခဏခဏပြန်ဖြစ်တာမျိုးဖြစ်စေနိုင်ပါတယ်။

အနာကျက်မြန်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အလေ့အထလေးတွေကိုရှောင်ကြဉ်ဖို့လိုပါလိမ့်မယ်။ အနာကိုသေချာဂရုစိုက်ပြီး အနေအထိုင် အစားအသောက်တွေကိုဆင်ခြင်မယ်ဆိုရင် အနာကျက်မြန်စေမယ့်အပြင် အနာပိုးဝင်တာတွေကိုပါ သက်သာစေမှာဖြစ်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား

အရက် ကြောင့် အသည်း ခြောက်လိမ့်မယ်၊ အသည်းကင်ဆာ ဖြစ်လိမ့်မယ် ဆိုတာတော့ သိထားကြပြီး ဖြစ်မှာပါ။ အရက်က တခြားကင်ဆာအမျိုးအစားတွေနဲ့ ဆက်နွယ်နေမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

ဓာတ်လိုက် ခံရသူကို အရေးပေါ်ဘယ်လိုကူညီမလဲ

cpr အရေးပေါ်အခြေအနေ အရေးပေါ်ကုသမှု ဓါတ်လိုက်ခြင်း အသက်ကယ်ခြင်း ဒဏ်ရာ ဓါတ်လိုက်ခြင်း ပလာစတာ ပတ်တီး လျှပ်စစ်ဓါတ် အသက်ရှူ လေလမ်းကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

သွေးဆုံးကိုင်ခြင်း ဝေဒနာအတွက် ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးများ

သွေးဆုံးတယ် အမျိုးသမီးတွေ သွေးဆုံးကိုင်ခြင်း အိမ်တွင်းကုထုံး အရက်သောက်ခြင်း အိပ်စက်ခြင်း ဇီဝကမ္မလုပ်ဆောင်ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

အမျိုးသမီးတစ်ယောက် ဖြစ်နေခြင်းကြောင့် ရောဂါပိုခံစားရနိုင်သလား

အမျိုးသားတွေ နှလုံးရောဂါ ရင်သားကင်ဆာ စိတ်ကျန်းမာရေးပြဿနာ စိတ်ဖိစီးမှု ဆီးလမ်းကြောင်းပြဿနာ အရက်သောက်ခြင်း လေဖြတ်ခြင်း အရိုးအဆစ်ရောင်ရမ်းနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ဝမ်းဗိုက်တွင်း ပြည်တည်နာ

၀မ်းဗိုက်အတွင်း ပြည်တည်နာဖြစ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
အဆစ်အတွင်း သွေးယိုခြင်း

အဆစ်အတွင်း သွေးယိုခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
ဟော်မုန်း မညီမျှခြင်းအကြောင်း

ဟော်မုန်း မညီမျှခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

အသောက်ဆရာကြီးတို့ ဘာလို့ ရုပ်ရင့်လာရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 24, 2020 . 2 mins read