သွားမှာ မတော်တဆ ထိခိုက်မိသွားရင် ဘာတွေလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ခန္ဓါကိုယ်က အမာဆုံး အစိတ်အပိုင်း တစ်ခုကို ပြပါဆိုရင် သွားကိုသာ အရင်ဆုံးပြေးမြင်ရလောက်အောင် သွားက ကိုယ်ပေါ်မှာ အမာကြောဆုံး အရာတစ်ခုပါ။ ကိုယ်တို့ စားသမျှ အရာ တွေ မာမာပျော့ပျော့ သူကပဲ မညည်းမညူ ကြိတ်ချေပေးတာပါ။ အစားစားတဲ့ နေရာမှာ သူရှိမှ ဖြစ်တဲ့ သွားလည်းတစ်ခါတစ်ရံ ထိခိုက်မိပြီး ကျိုးတာ၊ပဲ့တာတွေရှိနိုင်ပါတယ်။ ကိုယ်ပေါ်က တခြားနေရာတွေ ထိခိုက်မိရင် အရေးပေါ် ကုသပြုစုနည်းတွေ ရှိပေမယ့် သွားတစ်ခုခုထိခိုက်မိရင်တော့ ဘာလုပ်ရမလဲဆိုတာ သိပ်မသိကြသေးတာကြောင့် ခုပြောပြပေးချင်ပါတယ်။

သွားကို ဘယ်အရာကထိခိုက်စေတတ်တာလဲ

ဘယ်လောက်ပဲ မာတယ်ပြောပြော သွားကလည်း ကျိုးနိုင်၊ ပဲ့နိုင်၊ ပြုတ်ထွက်နိုင်ပါတယ်။ သူ့ဘာသာသူ ကျိုးတယ်ဆိုတာ ကလေးဘဝကသွားအသစ်လဲတဲ့ အချိန်မှာပဲဖြစ်နိုင်ပြီး လူကြီးသွားတွေကတော့ တစ်ခုခုပြင်းပြင်းထန်ထန် ထိခိုက်မိလို့သာ ကျိုးပဲ့ကုန်တာပါ။ သွားကိုထိခိုက်စေတတ်တာတွေကတော့

  • သွားထက်မာတဲ့ အရာတစ်ခုကို သင်စားမိလိုက်လို့ သွားပဲ့သွားတာ
  • ရန်ဖြစ်ရင်း အထိုးခံရလို့ သွားကျိုးတာ
  • ချော်လဲတာ
  • မတော်တဆ ယာဉ်တိုက်မှုဖြစ်ပြီး သွားပြုတ်ထွက်ကုန်တာ
  • သွားပိုးစားတာတွေ ပဲဖြစ်ပါတယ်။

သွားကျိုးသွားပဲ့ဖြစ်တာကို ဘယ်လိုသိနိုင်လဲ။ ။

သွားပဲ့ပြီဆို အကုန်ပြုတ်သွားတာ မဟုတ်တဲ့အတွက် နာတော့မနာပါဘူး။ ဒါပေမယ့် ပဲ့လို့ကျန်ခဲ့တဲ့ အပိုင်းလေးက လျှာကို ထိထိမိနေတတ်တာကတော့ စိတ်အနှောင့်အယှက်ဖြစ်စရာပဲလေ။ သွားတစ်ချောင်းလုံးပြုတ်ထွက်သွားရင်တော့ သွေးတွေအများကြီးထွက်ပြီး တော်တော့်ကိုနာပါတယ်။ သွားစိလို့ ဖိလိုက်မိတဲ့ အခါ သွားအောက်မှာရှိတဲ့ အာရုံခံအကြောလေးတွေကိုလည်း သွားထိခိုက်မိတဲ့ အတွက် နာကျင်တာ၊ကိုက်ခဲတာတွေဖြစ်ပြီး အစားလည်းကောင်းကောင်းမစားနိုင်တော့ပါဘူး။

သွားကျိုး သွားပဲ့ပြီဆို သွားဆရာဝန်ဆီ မသွားခင် သင်ဘာတွေ လုပ်ထားသင့်သလဲ။ ။

သွားနဲ့ ပတ်သက်ရင် သိပ်မသိကြတဲ့ အတွက် သွားကို ထိခိုက်မိရင် ဘာလုပ်ရမလဲဆိုတာ မသိဖြစ်နေတတ်ပါတယ်။ သွားဆရာဝန်ဆီကတော့သွားကိုသွားရမှာပါ။ ခုပြောပြချင်တာကတော့ သွားဆရာဝန်ဆီ မသွားခင် အိမ်မှာ လုပ်နိုင်တဲ့ အကြောင်းလေးတွေပဲဖြစ်ပါတယ်။

အရင်ဆုံး သွားကျိုးရင် လုပ်ရမှာကို ပြောပြပေးချင်ပါတယ်။

သွားကျိုးသွားပြီ ထိခိုက်မိသွားပြီဆိုတာနဲ့

သွားပဲ့ ရင်တော့ နာလည်းမနာ၊သွားကိုပုံမှန်အတိုင်း အသုံးပြုလို့ရနေတတ်တော့ ချက်ချင်း ကြီး သွားဆရာဝန်ဆီကို သွားစရာ မလိုပါဘူး။ တစ်ခုပါပဲ။ ပဲ့သွားလို့ကျန်ခဲ့တဲ့ သွားအပိုင်းလေးက အစာစားရင် လျှာနဲ့ နှုတ်ခမ်းကို ထိခိုက်နိုင်တာကြောင့် နောက်ပိုင်းမှာသွားဆရာဝန်ဆီသွားပြပြီး ပဲ့နေတာလေးကို ပြန်ချောပေးဖို့ တော့လိုပါလိမ့်တယ်။

အမာဆုံးသွားလည်းပဲ ကျိုးနိုင်၊ ပဲ့နိုင် ထိခိုက်နိုင်ပြီး သေချာဂရုမစိုက်ရင် ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင်ကိုပါ ထိခိုက်နိုင်တာကြောင့် သွားဆရာဝန်ဆီသွားပြီး သေချာကုသမှု ခံယူသင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ သွားကျန်းမာရေး အတွက် သွားကိုမှန်မှန်တိုက်ေပးတာမျိုး၊ မာတဲ့ ချိုတဲ့ အစားအစာတွေကို လျှော့စားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အံကပ်တပ် ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

အံကပ်တပ် ဘိုးဘိုးဘွားဘွား အသက်ကြီး အစာစားရလွယ် နုပျိုစေ ရယ်မောနိုင် သွားစိုက် သွားတိုက် သွားတိုက် သွားဆရာဝန် သွားဖုံးအနာ သွားမကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ဘိုးဘိုးဘွားဘွားတွေအတွက် အံကပ် သန့်ရှင်းရေးလုပ်နည်း

အံကပ် ဘိုးဘိုးဘွားဘွား သွားစိုက် သွားတိုက် အံကပ်သန့်ရှင်းရေး စားကြွင်းစားကျန် ပလုတ်ကျင်း သွားပွတ်တံအပျော့ သွားတိုက်ဆေး သွားဖုံးအနာ သွားဖုံးနာ သွားဆရာဝန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကုန်းပေါ်မှာ ရေနစ်ခြင်း

ရေနစ်ခြင်း၊ အခြောက်အတိုင်းရေနစ်ခြင်း၊ နောက်ကျရေနစ်ခြင်း၊ မတော်တဆ၊ Pulmonary Edema၊ ရှူသွင်း၊ လေလမ်းကြောင်း၊ အဆုတ်၊ Asphyxiation၊ ရေကူး၊ အောက်ဆီဂျင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ဘေဘီလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက် သောက်စရာများ

ဘေဘီလေး ကြီးထွားဖွံ့ဖြိုးမှု မေမေဖေဖေ အစားအစာတွေ မိခင်နို့ အာဟာရ ရေကျက်အေး အချိုရည် ဆိတ်နို့ နွားနို့ အဝလွန် ပဲနို့ ရေသန့်သန့် အဆီထုတ်မထားတဲ့ နို့ သွား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အိမ်မှာပဲ နေပါ။

အိမ်မှာပဲ နေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 18, 2020 . 1 min read
ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဖိနပ်ဆိုဒ်မှန်မှန်လေး စီးပြီး ကျန်းမာရေးကို ထိန်းသိမ်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2020 . 1 min read
ဒူးခွဲစိတ်မှု နောက်ပိုင်း မဖြစ်မနေ သတိထားသင့်တဲ့ (၁၄) ချက်

ဒူးခွဲစိတ်မှု နောက်ပိုင်း မဖြစ်မနေ သတိထားသင့်တဲ့ (၁၄) ချက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2020 . 2 mins read
ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ

ဘေဘီလေးတွေ ခြေစွယ်ငုပ်တဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 17, 2020 . 2 mins read