(၁) သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်တဲ့ အစားအစာတွေစားသုံးပေးပါ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အချိုများတဲ့အစားအစာတွေနဲ့သွားမှာကပ်နိုင်တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။ ပထမဆုံးလုပ်ရမှာက အချိုများတဲ့ စားစရာသောက်စရာတွေကို နည်းနည်းချင်းလျှော့စားသွားပါ။ အရင်ကတည်းက အချိုများတဲ့ အစားအစာတွေကို မကြိုက်တာဆိုရင်တော့ အိုကေပေါ့။ သွားနဲ့ခံတွင်းအတွက် အထောက်အပံ့ပေးနိုင်မယ့် ကယ်လ်ဆီယမ်၊ ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် C၊ ဗီတာမင် D တို့ကြွယ်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။
(၂) တစ်နေ့နှစ်ကြိမ်သွားတိုက်ပါ – ဒါကပြောတော့သာလွယ်တာ၊ တကယ်လုပ်ဖို့ကျခက်တယ်နော်။နေ့စဉ် အလေ့အကျင့်မွေးမြူပေးမှရမှာပါ။ မနက်တစ်ကြိမ်ကတော့ လူတိုင်း သွားတိုက်ဖြစ်ပေမယ့် ညအိပ်ရာဝင်ခါနီးကိုတော့ သွားမတိုက်ဖြစ်ကြပါဘူး။ ဒါကြောင့် မနက်နိုးရင်တစ်ကြိမ် ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်တတ်တဲ့အလေ့အကျင့်ကိုမွေးမြူပေးပါ။
(၃) အစားစားပြီးတိုင်း ပလုတ်ကျင်းပါ – အစားစားပြီးတိုင်း ပလုတ်ကျင်းတာက အလေ့အကျင့်ကောင်းတစ်ခုပါ။ ဒီလိုလုပ်ပေးတာက ခံတွင်းထဲမှာ အစားအစအနတွေကျန်မနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့် သွားနဲ့ခံတွင်းကျန်းမာစေဖို့ဆိုရင် အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။
(၄) သွားတိုက်နည်း မှန်ကန်အောင်လုပ်ဆောင်ပါ – သွားတိုက်တဲ့အခါ သွားတိုက်တဲ့ပုံစံမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သွားတိုက်တဲ့အခါဖြည်းဖြည်းညင်ညင်သာသာနဲ့သေချာသန့်ရှင်းပေးပါ။ သွားတိုက်တဲ့အခါ သွားမှာကပ်ညှိနေတဲ့ သွားချေးနဲ့အခြားသောအရာတွေကို ဖယ်ရှားနိုင်ဖို့အတွက် စက်ဝိုင်းပုံစံတိုက်ပေးပါ။ သွားတိုက်နည်း ပုံစံမှန်မှလည်း သွားနဲ့သွားဖုံးရောဂါတွေကို ကာကွယ်နိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။