မျက်ခွံရောင်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မျက်ခွံရောင်ခြင်းဆိုတာ တွေ့ရများတဲ့ မျက်စိပြဿနြာဖစ်ပြီး မျက်ခွံအနားများဟာ အဆီများ၊ ဘက်တီးရီးယားများကြောင့် နီရဲရောင်ရမ်းခြင်း ဖြစ်ပါတယ်။

ယားယံခြင်း၊ နာကျင်ခြင်း၊ နီရဲခြင်း၊ ပူလောင်ခြင်း၊ စူးနေခြင်း စတာတွေကြုံတွေ့ရလို့ စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ ဘက်တီးရီးယားပိုးဝင်ခြင်း၊ အရေပြားရဲ့ အခြေအနေ၊ မျက်လုံးခြောက်သွေ့ခြင်းရဲ့ လက္ခဏာများဟာ မျက်ခွံရောင်ခြင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

မျက်ခွံရောင်ခြင်း အမျိုးအစားများ

မျက်ခွံရောင်ခြင်း အမျိုးမျိုးရှိပါတယ်။ အောက်ပါ အချက်တွေဟာ အဓိကအမျိုးအစားတွေ ဖြစ်ပါတယ်။

– အရှေ့ပိုင်းရောင်ခြင်း။ မျက်ခွံရဲ့ အပြင်ပိုင်းမှာ ဖြစ်ပွားပြီး မျက်တောင်များပါ ပါဝင်ပါတယ်။ ဘက်တီးရီးယား၊ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ သေချာစွာ မကုသရင် ဖြစ်တဲ့နေရာဟာ ထူလာပြီး အပြင်ဘက် ဒါမှမဟုတ် အတွင်းပိုင်းကို ဖောင်းထွက်လာပြီး မျက်ကြည်လွှာကို ထိခိုက်နိုင်တာမို့ ပိုမိုဆိုးရွားတဲ့ အမြင်အာရုံပြသနာတွေ ဖြစ်လာနိုင်ပါတယ်။

– မျက်ခွံအနောက်ပိုင်းရောင်ခြင်း။ မီဘိုးမီးယမ်း ဂလင်း အလုပ်ကောင်းစွာ မလုပ်ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ မျက်ခွံရဲ့ အနားများဟာ ထူထဲမာကြောလာပါတယ်။ တခါတရံမှာ မျက်ရည်များဟာ အမြှုပ်များနဲ့ တူလာပါတယ်။ မျက်စိစွန်ခြင်းလည်း ဖြစ်ပေါ်စေပါတယ်။

– ရောနှောပေါင်းစပ်သော မျက်ခွံရောင်ခြင်း။ အရှေ့နဲ့ အနောက်ပိုင်း ၂မျိုးစလုံးဖြစ်ပွားလို့ ဖြစ်ပါတယ်။

မျက်ခွံရောင်ခြင်းအကြောင်းအရင်းများ

မျက်ခွံရောင်ခြင်း အမျိုးအစားပေါ် မူတည်ပြီး အကြောင်းအရင်း ကွဲပြားပါတယ်။ ဥပမာ အရှေ့ပိုင်း မျက်ခွံရောင်ခြင်းဟာ Staphylococus ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဲဒီဘက်တီးရီးယားများဟာ လူ့အရေပြားပေါ်မှာ ရှိနေတတ်ကြပြီး အန္တရာယ်မပေးတတ်ပေမယ့် တခါတရံမှာ မျက်ခွံရောင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ အဆီဂလင်းများကြောင့် အရေပြားရောင်ရမ်းခြင်း အခြေအနေကလည်း အရှေ့ပိုင်းမျက်ခွံရောင်ခြင်းကို ဖြစ်ပွားစေပြီး မီဘိုးမီးယန်းဂလင်းများကို ပိတ်ဆို့စေပါတယ်။ အနောက်ပိုင်း မျက်ခွံရောင်ခြင်းဟာ မီဘိုးမီးယန်းဂလင်းများ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပွားပါတယ်။ အညစ်အကြေး၊ ရောင်ရမ်းခြင်း၊ ဝက်ခြံ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မျက်ခွံရောင်ခြင်း၏ လက္ခဏာများ

မျက်ခွံရောင်ရင် အောက်ပါအခြေအနေတွေ ဖြစ်တတ်ပါတယ်။

– မျက်စိနှစ်ဖက်စလုံး မျက်ခွံများ ရောင်ရမ်းခြင်း

– ယားယံခြင်း၊ ညစ်ပေခြင်း၊ မျက်စိနာခြင်း၊ တခါတရံ မျက်လုံးများ ပူခြင်း

– မျက်တောင်များ ထူထဲပြီး မာလာခြင်း၊ မျက်ခွံများ အဆီထွက်ကာ မို့နေခြင်း

– မျက်ဝတ်များထွက်ပြီး မနက်ပိုင်းတွင် မျက်ဝတ်များကပ်နေ၍ မျက်လုံးဖွင့်မရခြင်း

– အလင်းရောင်မခံနိုင်ခြင်း

– မျက်တောင်များ ပုံစံမမှန်ခြင်း၊ ပိုဆိုးလာလျှင် မျက်တောင်များကျွတ်လာခြင်း

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာ

အစပ်အလွန်အကျွံစားရင် ဖြစ်တတ်တဲ့ Glossitis လျှာရောင်ရမ်းနာဆိုတာက ဆိုတာက ခံတွင်းကျန်းမာရေးပြဿနာတစ်မျိုးပါ။ ခံရခက်ပြီး အချိန်ကြာစွာ ခံစားရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Glass skin လေးဖြစ်အောင် အခြေခံအချက်တွေကို ဂရုစိုက်ကြမယ်။

Glass skin လေးဖြစ်စေဖို့ skin careတွေကိုပဲ သုံးရမှာ မဟုတ်ပါဘူး။ သဘာဝနည်းလမ်းတွေနဲ့လည်း ကြည်လင်တဲ့ အသားအရေလေး ဖြစ်အောင် လုပ်လို့ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ကူးစက်တတ်တဲ့ ရောဂါများအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 3 mins read
အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
ပျမ်းမျှလူ ၁၀၀ လျှင် ၈ ဦးနီးပါးပိုးတွေ့ရှိနေတဲ့ ၁၀ ရက်တာ ပြည်တွင်း COVID-19 အခြေအနေ

ပျမ်းမျှလူ ၁၀၀ လျှင် ၈ ဦးနီးပါးပိုးတွေ့ရှိနေတဲ့ ၁၀ ရက်တာ ပြည်တွင်း COVID-19 အခြေအနေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 2 mins read
အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

အဆီပြန်ပြီးဝက်ခြံပေါက်လွယ်သော T-zone ကို ဘယ်လိုဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 5, 2020 . 2 mins read