Cosmetic လား – Skincare လား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အလှကြိုက်တာ မိန်းကလေးတိုင်းရဲ့ သဘာဝပါ။ ဒါပေမယ့် ခဏတာလှပဖို့ထက် အမြဲလှပဖို့ကို ဂရုစိုက်သင့်ပါတယ်။ ဒီတော့ Hello ဆရာဝန်ရဲ့ လေဒီပရိတ်သတ်တွေကရော နေ့စဉ်တိုင်းမှာ လှပနေစေဖို့အတွက် ဘာကိုရွေးမယ် စဉ်းစားလဲ။ Cosmetic လား၊ Skincare လား………..

Cosmetic ကပေးတဲ့အလှတရား

အလှကုန်ဆိုရင် အားလုံးက လှအောင်လုပ်ပေးတာပဲ သုံးသင့်ပါတယ်လေလို့ အလွယ်တကူတွေးမိလိုက်နိုင်ပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ အလှကုန်တွေကသင့်ကို လှစေတယ်ဆိုပေမယ့် ရေရှည်မှာ အသားအရေကို ထိခိုက်လာနိုင်ပါတယ်။ အပေါ်ယံအလှကိုပဲ ပေးစွမ်းနိုင်တယ်၊ လို့ပြောချင်ပါတယ်။ အလှကုန်တွေ ၊ မိတ်ကပ်တွေက အပေါ်ယံအရေပြားကို ထိခိုက်စေနိုင်သလို Liquid type မိတ်ကပ်တွေဆိုရင် ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး ဝက်ခြံထွက်တာလိုမျိုး အရေပြားပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။ အရေပြားတစ်ထောက်စာအလှကိုပဲ ပေးစွမ်းနိုင်တယ်ပြောရမှာပေါ့။ အလှကုန်တွေက တာရှည်မခံတဲ့ အလှတရားကိုပဲပေးစွမ်းနိုင်တာပါ။ အသက်ကြီးတဲ့အထိ အများကငေးအောင်လှချင်ရင်တော့ အဆင်မပြေလှဘူးပေါ့။ ပွဲနေပွဲထိုင်အနေအထားမျိုးအတွက်ပဲ မိတ်ကပ်က အဆင်ပြေစေမှာပါ။

Skincare ကပေးတဲ့အလှတရား

အသားအရေတကယ် လှချင်တယ်ဆိုရင်တော့ Cosmetic ထက် Skincare ကပိုကောင်းပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ မိတ်ကပ်တွေ၊ အလှကုန်တွေကို အသုံးပြုတိုင်းမှာ အသားအရေက ထိခိုက်ပျက်စီးသွားနိုင်ပေမယ့် Skincare သုံးတိုင်းမှာတော့ အသားအရေကို အာဟာရတွေဖြည့်ပေးနိုင်မှုကြောင့် တစ်ရက်ထက်တစ်ရက်မှာ သိသာတဲ့ ကောင်းမွန်မှုရလဒ်တွေကို ခံစားရမှာပါ။ သဘာဝပစ္စည်းတွေကနေထုတ်ထားတဲ့ Skincare တွေထဲအထိအားဖြည့်ပေးနိုင်တာကြောင့် အသားအရေကို ကြည်လင်လှပလာစေမှာပါ။ အရေပြားတစ်ထောက်စာတင်မဟုတ်ဘဲ အသားအရေကိုအလုံးစုံကျန်းမာစေနိုင်မှာပါ။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း နုပျိုတင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေမှာပါ။

Skincare ခဏတာအတွင်းမှာ လှမလာစေပေမယ့် တာရှည်ခံတဲ့အလှတရားကိုပေးစွမ်းနိုင်ပါတယ်။ အသားအရေကောင်းမွန်မှုက သင့်ကို အောက်ခံမိတ်ကပ်သုံးစရာတောင် မလိုအောင် ကြည်လင်လှပမှုပေးစွမ်းနိုင်ပါတယ်။ မိတ်ကပ်ကြောင့် အသားအရေထိခိုက်တာ၊ ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံထွက်တာ၊ နေရောင်ကြောင့် တင်းတိပ်မှဲ့ခြောက်ဖြစ်တာတွေဖြစ်နိုင်ပေမယ့် Skincare တွေကတော့ အရေပြားကို နေဒဏ်၊လေဒဏ်နဲ့ ပတ်ဝန်းကျင်ကညစ်ညမ်းမှုတွေကြောင့် ထိခိုက်ပျက်စီးတာတွေကနေတောင် ကာကွယ်ပေးဦးမှာပါ။

ဒီလောက်ဆိုရင်တော့ လေဒီလေး စိတ်ကြိုက်သာ ရွေးလိုက်တော့နော်။ ခဏတာ လှပမှုအတွက် Cosmetic လား…… တာရှည်ခံတဲ့ လှပမှုအတွက် Skincare လား…………

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပန်းသစ်ခွ နဲ့ ကျန်းမာရေး

ကျန်းမာရေး စိုထိုင်းဆ ရာသီဥတု စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ဖျော်ရည် အရိုး ကယ်လ်ဆီယမ် အရိုးပွ ကင်ဆာ အသားအရေ အစာကြေ ကျန်းမာရေးပြဿနာ အစာခြေစနစ် အမျှင်ဓာတ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Skin care တိုင်း ဝက်ခြံကင်းသလား……..

Skincare အသားအရေ ဝက်ခြံ ချွေးပေါက် အမာရွတ် အိုမင်း ကြည်လင် ကျန်းမာ အာဟာရ အရွယ်မတိုင်ခင်အိုမင်း ဟော်မုန်း စိတ်ဖိစီးမှု ဆဲလ်သေ ဝက်ခြံပိုးဝင် ဆေးဝါး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့် တစ်နေ့တာ ဆံပင် မျက်နှာ ဝက်ခြံ ဆံပင်စည်း နေ့ခင်းဘက် ဆံပင်ချ အလုပ်ခွင် ဦးရေပြား စည်းနှောင် အိပ်တာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

Hidradenitis suppurativa ( HS ) ပြည်တည်နာ တစ်မျိုး

HS ပြည်ဖု Hidradenitis suppurativa ဝက်ခြံ ပြည်တည်နာ အရည်အိတ် အကြိတ် အမာရွတ် ပိုးဝင် အဝလွန် စိတ်ဖိစီးမှု နာတာရှည်ရောဂါ ထိခိုက်ဒဏ်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

Scrub လုပ်တိုင်း ကောင်းသလား.............

Scrub လုပ်တိုင်း ကောင်းသလား………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020
ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ပြောင်းဖူးမွှေးရဲ့ ဆေးဖက်ဝင်ပုံက

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ယုဇနပန်း လှလှလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020