ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ဒီလို ထိန်းသိမ်းပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 11, 2021 . 1 min read
Share now

ဆောင်းကာလက အသားအရေအတွက် ခက်ခဲတဲ့ရာသီဥတု တစ်ရပ်ပါ။ ဆောင်းရာသီက ခြောက်သွေ့မှုများတာကြောင့် အသားအရေရဲ့ အစိုဓာတ်ထိန်းသိမ်းနိုင်စွမ်းကို ထိခိုက်စေနိုင်သလို ခြောက်သွေ့မှုတွေကို ဖြစ်စေနိုင်ပါတယ်။

သာမန်အသားအရေအတွက်တောင် ခက်ခဲတဲ့ ဆောင်းကာလက ဝက်ခြံဖြစ်လွယ်သူတွေအတွက်တော့ တော်တော်လေး ခက်ခဲမယ့် အခိုက်အတန့်ပါ။ ဒီတော့ ဆောင်းရာသီမှာ ဝက်ခြံတွေ ပိုဆိုးမလာအောင် ဘယ်လိုများ အသားအရေ ထိန်းသိမ်းရမလဲလို့ စဉ်းစားနေပြီလား……………

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေး ထိခိုက်မှု ကင်းစေဖို့

ဆောင်းရာသီမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ထိန်းသိမ်းဖို့ဆိုရင်

မျက်နှာသစ်ဆေး ပြောင်းပါ။

ဆောင်းရာသီမှာ အသားအရေက ကျန်တဲ့ ရာသီတွေထက် ထိခိုက် လွယ်ပါတယ်။ ဒါ​ကြောင့် အသားအရေကို ထိခိုက်မှု ကင်းစေဖို့ဆိုရင် အသားအရေကို ထိခိုက်မှု ကင်းပြီး အကောင်းဆုံး သန့်စင်ပေးနိုင်မယ့် မျက်နှာသစ်ဆေး အပျော့စားလေးတွေကို ရွေးပေးပါ။

ဒါပေမယ့် ဝက်ခြံသက်သာစေမယ့် မျက်နှာသစ်ဆေးတွေကိုလည်း အရမ်း မသုံးစွဲပါနဲ့။

မျက်နှာ ခဏခဏ မသစ်ပါနဲ့

မျက်နှာ ခဏခဏ သစ်တာက မျက်နှာပေါ်က အဆီတွေကို ခန်းစေပြီး အသားအရေ ခြောက်သွေ့မှုတွေကို ဖြစ်စေပြီး အရေပြားကို ထိခိုက်လွယ်စေပါတယ်။ အရေပြားကို ထိခိုက်လွယ်တာက နောက်ဆက်တွဲ အနေနဲ့ ပိုးဝင်တာ၊ ဝက်ခြံတွေဖြစ်တာကို ဖြစ်စေနိုင်တာကြောင့် ဆောင်းတွင်းမှာ ခဏခဏ မျက်နှာသစ်တာကို ရှောင်ပါ။

Moisturizer လိမ်းပါ

ဆောင်းတွင်းမှာ အသားအရေကို ထိခိုက်မှာစိုးပြီး Moisturizer မလိမ်းတာမျိုး မလုပ်ပါနဲ့။ Moisturizer က အသားကို ခြောက်သွေ့တာမျိုး မဖြစ်စေပါဘူး။ ရေဓာတ် ဖြည့်ပေးပြီး အသားအရေကို ပိုမို ကျန်းမာစေမှာပါ။

ဒါကြောင့် ဆောင်းရာသီ ရောက်လာလို့ဆိုပြီး Moisturizer မလိမ်းတာမျိုး မလုပ်ပါနဲ့။ မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်လိမ်းပေးပါ။

နေလောင်ကာခရင်မ် လိမ်းပါ။

ဆောင်းရာသီက အေးတာ မှန်ပေမယ့် နေရောင်ကြောင့် အသားအရေ ပျက်စီးနိုင်ခြေကတော့ ရှိနေဆဲပါ။ ဒါကြောင့် ဆောင်းအေးလို့ဆိုပြီး နေလောင်ကာ ခရင်မ် မလိမ်းတာမျိုး မလုပ်ပါနဲ့။

ဆောင်းတွင်းမှာလည်း အသားအရေ ထိခိုက်မှု ကင်းပြီး ကျန်းမာစေဖို့ အပြင် မထွက်ခင် အနည်းဆုံး ၁၅ မိနစ် အလိုမှာ နေလောင်ကာ ခရင်မ်ကို လိမ်းပေးပါ။

ရေများများသောက်ပါ

ရေဓာတ်ပြည့်ဝမှုက အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဒါ​ကြောင့် ဆောင်းတွင်းမှာ အသားအရေ ပြဿနာ ကင်းစေဖို့ ရေများများ သောက်ပေးပါ။

ကဲ…ဒီနည်းလမ်းလေးတွေအတိုင်း ဆောင်းကာလမှာ ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေလေးကို ကျန်းမာစေဖို့ စောင့်ရှောက်လိုက်စို့နော်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

မျက်ရည်ယို ဓာတ်ငွေ့ ကို ကာကွယ်တဲ့ နည်းလမ်းတွေက မျက်ရည်ယို ဓာတ်ငွေ့ဒဏ်ကိုရော ကိုဗစ်ဗိုင်းရပ်စ် အန္တရာယ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်၊ လို့ CDC က ဆိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ ရေရှည်လမ်းလျှောက်နိုင်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ သေချာဂရုမစိုက်ဘူးဆိုရင် အိမ်ရောက်တာနဲ့ မှောက်ပြီး နောက်နေ့တွေ လျှောက်နိုင်မှာ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်မှုက သွားတွေ၊ နှလုံး၊ အသည်းကစလို့ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာရော အသားအရေတွေ အပေါ်မှာပါ  သက်ရောက်မှု ရှိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အော်ရင်းဟစ်ရင်း အသံဝင် သွားခဲ့သည်ရှိသော်

အော်ရင်းဟစ်ရင်း အသံဝင် သွားတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ အသံပြာသွားတာ၊ အသံဝင် သွားတာကို Hoarseness လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 4, 2021 . 2 mins read
အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

အခါးဓာတ်ပါတဲ့ အရာတွေက ဝက်ခြံကို သက်သာစေလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 2, 2021 . 2 mins read
ခေါင်းတွေကိုက်

နေပူထဲသွားပြီး ခေါင်းတွေကိုက် နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read