backup og meta

Moisturizer သုံးရင် သိထားသင့်တဲ့ အချက် ၄ချက်


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Moisturizer သုံးရင် သိထားသင့်တဲ့ အချက် ၄ချက်

    Moisturizer တို့၊လိုးရှင်းတို့သုံးတာဟာ အင်မတန်လွယ်ကူရိုးရှင်းတယ်လို့ ထင်ရပါတယ်။ ဟုတ်တယ်ဟုတ်?။ ဒါပေမယ့် တကယ်တမ်းကျတော့ ဒီထက်ပိုပညာသားပါပြီး ပိုအာရုံစိုက်ရပါတယ်။ Moisturizerကို နည်းစနစ်တကျနဲ့ မှန်မှန်ကန်ကန် အသုံးပြုမယ်ဆိုရင် သင့်အသားအရေဟာ သိသိသာသာကို နူးညံ့ပျော့ပျောင်းလာပါလိမ့်မယ်။ ဒီလို အသုံးပြုတတ်စေဖို့ အောက်ကအချက်လေးတွေကို ဖတ်ကြည့်ကြရအောင်။

    (၁) ညီညီညာညာ လိမ်းပါ။

    အကယ်၍သင်ဟာ Moisturizerကို မျက်နှာအလယ်က စ,လိမ်းပြီး ဘေးဘက်ကို ဆွဲမယ်ဆိုရင် Moisturizerတွေဟာ မျက်နှာဘေးအစွန်တွေမှာ ပိုများနေမှာဖြစ်တဲ့အတွက် ဆံစပ်တဝိုက်နဲ့ နားရွက် နားတွေမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်ဆို့စေမှာ ဖြစ်ပါတယ်။ ဆံပင်အတွက်သုံးတဲ့ အလှကုန်တွေကြောင့် ခုနကနေရာတွေမှာ အပေါက်ပိတ်တာတွေ ဖြစ်စေတယ်ဆိုပေမယ့် Moisturizer လိမ်းပုံမမှန်ရင်လည်း ဒီလိုမျိုးပြဿနာတွေဖြစ်စေမှာပါ။

    (၂) SPF ပါတဲ့ Moisturizer တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို သိအောင်လုပ်ပါ။

    လူအများစုဟာ အဆိုပါ အလုပ်နှစ်ခုလုပ်ပေးတဲ့ လိုးရှင်းတွေကို မျက်နှာမှာ အရင် အဓိကလိမ်းကြပါတယ်။ ပိုတာကိုမှ လည်ပင်းကို ဆက်လိမ်းပါတယ်။ ဒါဟာ မှားပါတယ်။ တကယ်တမ်း နည်းလမ်းအမှန်က အကြွေစေ့အရွယ် ပမာဏ လောက်ကို မျက်နှာတခုလုံး အရင်လိမ်းပါ။ ပြီးတော့ နောက်ထပ် လေးပုံတစ်ပုံစာလောက်ကို လည်ပင်း၊ လည်ပင်း ဘေးဘက်တွေ နဲ့ နေရောင်ထိမယ့် ရင်ဘတ်နေရာတွေကို ဆက်လိမ်းပါ။ လည်ပင်းဟာ မျက်နှာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့အတွက် သူ့ကိုလည်းဂရုစိုက်ဖို့လိုပါတယ်(အထူးသဖြင့် နေလောင်ဒဏ်တွေကို ရှောင်ရှားချင် တယ်ဆိုရင်ပေါ့)။ ခြုံပြောရရင် သင့်အသားအရေကို ကာကွယ်ဖို့လုံလောက်တဲ့ လိုးရှင်းပမာဏကို သုံးပါ။

    (၃) ရေချိုးပြီးပြီးချင်း Moisturizerကိုလိမ်းပါ။

    တကယ်လို့သင်ဟာ ရေချိုးပြီးလို့ အကျီမဝတ်သေးဘဲ တမိနစ်ထက်ပိုပြီး နေမိရင် သင့်အရေပြားဟာ ရေဓါတ်စတင်ဆုံးရှုံးပါပြီ။ ဘာလို့လဲဆိုတော့ ခြောက်သွေ့တဲ့လေထုက သင့်အရေပြားမှာရှိတဲ့ အစိုဓါတ်ကို စုပ်ယူလို့ပါ။ ဒါ့ကြောင့် ရေချိုးခန်းထဲက ထွက်လာပြီးပြီးချင်း Moisturizerကို လိမ်းလိုက်မယ်ဆိုရင် သင့်အရေပြားကို ကာကွယ်ပြီးဖြစ်သွားသလို အသားအရေဟာ တင်းတင်းခြောက်ခြောက်ကြီးဖြစ်နေတယ်လို့ ခံစားရတော့မှာ မဟုတ်ပါဘူး။

    (၄) သင့်အသားအရေနဲ့လိုက်ဖက်တဲ့ Moisturizerကို ရွေးချယ်ဝယ်ယူပါ။

    ခန္ဓါကိုယ်မှာ သုံးတဲ့လိုးရှင်းကို မျက်နှာအစိုဓါတ်ရဖို့ သုံးဖို့ကြိုးစားမယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာ ပါလိမ့်မယ်။ သင့်ဒူးနဲ့ တံတောင်တို့ကို နူးညံ့အောင်လုပ်ပေးမယ့် အဆီအခြေခံထားတဲ့ လိုးရှင်းဟာ သင့်ရဲ့ နု နယ်တဲ့ မျက်နှာပေါ်က အပေါက်လေးတွေကို ပိတ်ဆို့စေတဲ့အပြင် ဝက်ခြံတွေလည်းထွက်လာစေပါတယ်။ မှတ်ထားဖို့က သင့်မျက်နှာ အရေပြားဟာ တခြားခန္ဓါကိုယ် အစိတ်အပိုင်း တွေမှာရှိတဲ့ အရေပြားတွေထက် အများကြီး နူးညံ့နုနယ်ပါတယ် (အထူးသဖြင့် ခြေတွေ လက်တွေထက်ပေါ့။ အဲ့ဒီနေရာတွေက ပိုပြီးကြမ်းပါတယ်)။ အချုပ်ပြောရရင် ပုံမှန်အသားအရေ ရှိတဲ့သူတွေအနေနဲ့ သဘာဝအဆီတွေပါဝင်တဲ့ ခပ်ပျော့ပျော့ Moisturizer တွေကို သုံးသင့်ပြီး အသားရေခြောက်တတ်တဲ့ သူတွေ အနေနဲ့ကတော့ အရေပြားကို အစိုဓါတ်ပိုပိုမိုမို ပေးနိုင်တဲ့ Moisturizer တွေကို အသုံးပြုသင့်ပါကြောင်း။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement