brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

မျက်နှာ အသားအရေက တစ်နေ့တစ်ခြား ပိုပြီး မွဲခြောက်ခြောက် ဖြစ်လာတယ်။ ဝက်ခြံတွေလည်း တိုးလာတယ်။ နေရောင်ကြောင့်လို့ ပြောဖို့ရာကလည်း နေရောင်က ခရမ်းလွန်ရောင်ခြည်များတဲ့ အချိန်မျိုးဆိုရင် အပြင်ကို မထွက်ဖြစ်သလောက်ပါပဲ။ ထိတွေ့ဖြစ်တာဆိုလို့ ကွန်ပျူတာကနေ ထွက်တဲ့ Blue Light ပဲ ရှိမှာပါ။ ဒါဆိုရင် ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

Blue Light နဲ့ အသားအရေ

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။ ဆိုတော့ ဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။

မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ Blue light က အသားအရေကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ မြင်သာတဲ့ လက္ခဏာက အသားအရေကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်တာပါ။

Blue light က ဓာတ်တိုးပစ္စည်းတွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး အရေပြားမှာ အမည်းစက်တွေကို ဖြစ်စေပြီး ကော်လဂျင်တွေကို ပျက်စီးစေပါတယ်။တချို့တွေမှာ ဝက်ခြံတွေအထိ ဖြစ်စေပါတယ်။ ဝက်ခြံ အမာရွတ်တွေကို ပိုဆိုးစေပြီး ကော်လာဂျင် ထွက်ရှိမှု နည်းလာတာကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

Blue light က အသားအရေကိုတင် ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာရှေ့မှာ တောက်လျှောက် ထိုင်နေတာမျိုး မလုပ်ဘဲ မကြာခဏ ထပေးတာ။ သဘာဝ အလင်းရောင်နဲ့ ထိတွေ့တာမျိုးကို လုပ်သင့်ပါတယ်။

ကွန်ပျူတာ၊ ဖုန်း၊ တီဗီစတဲ့ မျက်နှာပြင်တွေကနေ ထွက်လာတဲ့ Blue light တွေက မျက်လုံးကိုရော အသားအရေကိုပါ ထိခိုက်စေပါတယ်။

အသားအရေကို ထိခိုက်စေတဲ့ Blue light ကို ဒီလို ကာကွယ်ပါ။

နေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေကို မဖြစ်မနေ သုံးရမယ်။ Blue light ကြောင့်လည်း အသားအရေ မပျက်စီးချင်ဘူးဆိုရင်တော့

  • ဖုန်းတွေ၊ ကွန်ပျူတာတွေသုံးတဲ့အခါ မျက်နှာပြင်နဲ့ ခပ်ခွာခွာထားပြီး သုံးပါ။
  • Night Mode ကို ဖွင့်ထားပါ။ Night Mode က Blue light ထုတ်လွှတ်မှုကို လျော့ကျစေပြီး အသားအရေ ထိခိုက် ပျက်စီးမှုကို လျော့ကျစေမှာပါ။ ဒါပေမယ့် ဒါက အနည်းအပါးပဲ သက်သာစေတာပါ။ အလင်းထုတ်လွှတ်မှု ရှိနေသရွေ့ Blue lightကလည်း ရှိနေဦးမှာပါပဲ။
  • အိမ်ထဲမှာနေပေမယ့် ဖုန်း၊ ကွန်ပျူတာသုံးတာများတယ်ဆို နေလောင်ကာ ခရင်မ် လိမ်းပါ။ ညမအိပ်ချင်မှာ သေချာပြန်ဖျက်ပါ။
  • အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပါ။
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။
  • ရေများများသောက်ပါ။
  • လေ့ကျင့်ခန်း လုပ်ပါ။
Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 27/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။