အသားဖြူကုထုံးခံယူဖို့စဉ်းစားနေသလား…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အသားလေးဖြူရင် ဘယ်လိုနေနေချစ်ဖို့ကောင်းတယ်။ အသားလေးဖြူတော့ ဘာဝတ်ဝတ်လှတယ်ဆိုတဲ့ စကားတွေက အသားဖြူချင်တဲ့ ဆန္ဒတွေကို တဖွားဖွားဖြစ်ပေါ်စေနေတယ်နော်။ ဒါကြောင့် အသားဖြူဖြူလေးနဲ့ ဘာဝတ်ဝတ်လှပြီး ဘယ်လိနေနေချစ်ဖို့ကောင်းချင်လို့ အသားဖြူကုထုံးကို ခံယူဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ ဘယ်ကုထုံးက အဆင်ပြေဆုံးဖြစ်မလဲဆိုတာကို ကိုယ်တိုင်ရွေးချယ်လိုက်တော့နော်……..

အသားဖြူကုထုံးက တစ်မျိုးထဲရှိတာလား……..

အသားဖြူကုထုံးဆိုတာက အရေပြားပေါ်က အမဲစက်တွေနဲ့ ညိုမဲနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးတဲ့ ကုထုံးပါ။ အမဲစက်တွေ၊အမာရွတ်တွေကိုထိထိရောက်ရောက်ဖယ်ရှားပေးပြီး ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေခြင်းအားဖြင့် အရေပြားကို ဖြူစင်လှပစေတဲ့ ကုထုံးပေါ့။ အသားဖြူကုထုံးက တစ်မျိုးမကရှိနိုင်ပါတယ်။ ဘာတွေများလဲကြည့်လိုက်ရအောင်…….

အသားဖြူဆပ်ပြာ

အသားဖြူဆပ်ပြာကအသားဖြူချင်သူတော်တော်များများရဲ့ ပထမဆုံးခြေလှမ်းပါ။ ရေချိုးရင်းသုံးပေးရုံနဲ့ အသားကို တဖြည်းဖြည်းဖြူလာစေတာပါ။ အချိန်တော့ပေးဖို့လိုပါမယ်။ အသားဖြူဆပ်ပြာသုံးပြီးတဲ့အခါ အရေပြားကို အစိုဓါတ်ထိန်းပေးဖို့ Body Lotion လူးပေးဖို့လိုသလို နေလောင်ကာခရင်မ်ကိုလည်းမေ့ထားလို့မရပါဘူး။

အသားဖြူဆေးထိုးခြင်း

အသားဖြူဆေးထိုးတာက ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေခြင်း၊ မယ်လ်လာနင်ထုတ်လုပ်မှုကို ဟန့်တားတဲ့နည်းလမ်းနဲ့ အသားကိုဖြူစေတာပါ။ မယ်လနင်ထုတ်လုပ်မှုကိုလျှော့ချတဲ့ အသားဖြူကုထုံးတစ်ရပ်ပေါ့။

အပေါ်ယံအရေပြားလွှာဖယ်ရှားခြင်း ကုထုံး

လူသိများတဲ့ အသားဖြူကုထုံးတစ်ခုပေါ့။ ဓါတုပစ္စည်းသုံးပြီး အပေါ်ယံအရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားတဲ့ နည်းလမ်းပါ။ အရေပြားပေါ်က အမာရွတ်နဲ့ အမဲစက်တွေကိုလျော့ပါးစေနိုင်ပါတယ်။

Detan Facial ကုထုံး

ဒီကုထုံးက အသားအရေမညီတာတွေအတွက် အထူးသင့်တော်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုသုံးပြီး အသားအရေကို ညှိပေးတာပါ။ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့တာကြောင့် ညိုမဲနေတဲ့အသားအရေတွေကို အကောင်းဆုံးပြုပြင်ပေးနိုင်ပါတယ်။ အရေပြားအတွင်းပိုင်းထိ အာဟာရဖြည့်ပေးပြီး ကော်လာဂျင်တွေ ထွက်လာအောင် လှုံ့ဆော်ပေးမှုကနေတဆင့် အသားအရေကို ကြည်လင်စေတာပါ။

အမဲစက်တွေဖယ်ရှားပေးခြင်း ကုထုံး

သဘာဝအဆီအနှစ်တွေကို အသုံးပြုပြီး အသားအရေမညီညာတာနဲ့ အမဲစက်တွေကို သက်သာအောင်လုပ်ဆောင်ပေးတဲ့ ကုထုံးပါ။ အာရှဒေသတွင်းမှာ လူကြိုက်များတဲ့ကုထုံးတစ်ခုပေါ့။ အာရှအသားအရေနဲ့ အသင့်တော်ဆုံးကုထုံးဆိုလည်း မမှားပါဘူး။

လဆာကုထုံး

လေဆာရောင်ခြည်ကို အသုံးပြုပြီး အရေပြားတွေကို တစ်လွှာချင်းဖယ်ရှားပေးတဲ့ကုထုံးပါ။ အပေါ်ယံအရေပြားလွှာပေါ်က ပျက်စီးနေတဲ့ ဆဲလ်တွေ ကို လေဆာရောင်ခြည်သုံးပြီး ဖယ်ရှားတာပါ။

အသားဖြူထုံး ခံယူဖို့ အသင့်တော်ဆုံးသူတွေက ဘယ်သူတွေများလဲ…………….

  • အသားအရောင်မညီတဲ့သူတွေ
  • နေလောင်ဒဏ် ကြောင့် အသားအရေညိုမဲပျက်စီးနေသူတွေ
  • ဝက်ခြံအမာရွတ်ရှိနေသူတွေ
  • အမဲစက်ရှိသူတွေ
  • အပြစ်အနာအဆာကင်းပြီး ဖြူစင်ဝင်းပတဲ့ မျက်နှာအသားအရေကို ပိုင်ဆိုင်လိုသူတွေ ခံယူသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ သတိထားရမယ့်အချက်လေးတစ်ခုကတော့ အသားဖြူချင်လို့ ကုထုံးခံယူမယ်ဆိုရင် တတ်ကျွမ်းနားလည်သူတွေထံမှာခံယူဖို့ပါ။ ဒါမှ ဆိုးကျိုးမရှိဘဲ ဖြူစင်ဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆိုရီရေးစစ် (Psoriasis) အရေပြားပြဿနာ

ဆိုရီရေးစစ် အရေပြားပြဿနာဟာ ပြင်းထန်ပြီး နာတာရှည် အရေပြားပြဿနာတစ်ရပ်ဖြစ်တာကြောင့် သေချာလေးဂရုစိုက်ဖို့လိုပါမယ်။ အနေအထိုင်အစားအသောက်ကစလို့ပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အုန်းသီးစားရင်းရမယ့် အသားအရေ လှပမှု

လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေအတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ရပ်အနေနဲ့ အားလုံးက နှစ်ခြိုက်သဘောကျစွာ အသုံးပြုခဲ့ကြတအရာတစ်ခုရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံလေးတွေကို စိတ်ရှည်ပါ။

စိတ်တိုလို့ မျက်နှာတွေ ရောင်တဲ့အထိ ဝက်ခြံတွေကို ညှစ်ပစ်ဖူးတဲ့ အခိုက်အတန့်တွေရှိတယ်ဟုတ်။ တကယ်ကတော့ဒါက ဝက်ခြံတွေ ပိုဆိုးလာအောင် ကိုယ်တိုင်က လုပ်လိုက်မိတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒါဆို မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆံသားနဲ့ဦးရေပြားကို ထိန်းသိမ်းပါ

ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ကူးစက်နိုင်သည့် အရေပြားရောဂါများ

ကူးစက်နိုင်သည့် အရေပြားရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 12, 2021 . 3 mins read
အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

အသားအရေကို သန့်စင်ထိန်းသိမ်းမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 8, 2021 . 2 mins read