brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Body Lotion ရွေးတော့မယ်ဆိုရင်

ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းကို ဂရုစိုက်ဖို့များမေ့နေလား Hello ဆရာဝန်ပရိသတ်ကြီးရေ…. ဒါဆိုရင်တော့ အခုပဲ စဂရုစိုက်လိုက်တော့နော်။ အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သလို ကိုယ်တွင်းကို ရောဂါပိုးတွေ ဝင်မလာအောင်လည်း အကောင်းဆုံးတားဆီးပေးတဲ့အရာပေါ့။ နောက်ပြီးတော့ အလှတရားကို တိုးစေတဲ့ အရာတစ်ခုဆိုလည်း ဟုတ်ပါတယ်။ ကဲ..ဒီတော့ မစောင့်ရှောက်သင့်ပေဘူးလား………….

Body Lotion ရွေးတော့မယ်ဆိုရင်

အရေပြားကို စောင့်ရှောက်တော့မယ်ဆိုရင် မေ့မထားသင့်တဲ့အရာတစ်ခု

အရေပြားကို စောင့်ရှောက်တော့မယ်ဆိုရင် မဖြစ်မနေသတိထားရမယ့် တစ်ချက်က Body Lotion လူးဖို့ပါ။ လေဒီတော်တော်များများက မျက်နှာအသားအရေကို ဂရုစိုက်တတ်ကြပေမယ့် ခန္ဓာကိုယ် အသားအရေကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ တကယ်ကတော့ မျက်နှာအသားအရေလိုပဲ ခန္ဓာကိုယ် အသားအရေကလည်း အရေးကြီးပါတယ်။ အသားအရေကို သေချာလေးဂရုစိုက်ဖို့အတွက်က အသားအရေနဲ့လိုက်ဖက်မယ့် Body Lotion ကို သေချာလေးရွေးဖို့လည်း လိုပါမယ်။ Body Lotionတွေက များပေမယ့် အာသးအရေနဲ့လိုက်ဖက်အောင်ရွေးတတ်ဖို့ကတော့ ခက်ပါတယ်။ ဒါကြောင့် အသားအရေနဲ့လိုက်ဖက်အောင် ဘယ်အချက်တွေဂရုစိုက်ရမလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်လား…….

အသားအရေအလိုက် Body Lotionရွေးတော့မယ်ဆိုရင်

အရင်ဆုံးအသားအရေကို ဆန်းစစ်ရပါမယ်။ ခန္ဓာကိုယ်အသားအရေကို အားလုံးအတူတူပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အရေပြားအသားအရေက မျက်နှာ အသားအရေလိုပဲ အမျိုးအစားကွဲပြားပါတယ်။

အရေပြားအမျိုးအစား ဆန်းစစ်ရအောင်

ခြောက်သွေ့တဲ့ အသားအရေ – ဒါကတော့ အသားအရေက အမြဲလိုလိုခြောက်ကပ်ကပ်ဖြစ်နေနိုင်ပါတယ်။ တစ်ခါတလေမှာ အရေပြားက အဖက်ကလေးတွေလန်တာမျိုးတောင်ရှိနိုင်ပါတယ်။ မျိုးရိုးကြောင့်၊ ပတ်ဝန်းကျင်က ထိတွေ့နေတဲ့အရာတွေကြောင့်၊နေထိုင်စားသောက်မှုပုံစံကြောင့်၊ ဟော်မုန်းအပြောင်းအလဲကြောင့်၊ ရာသီဥတုအခြေအနေတွေကြောင့် အသားအရေခြောက်သွေ့နိုင်ပါတယ်။ အဆီပါဝင်နေတဲ့ Body Lotion အမျိုးအစားကအဆင်ပြေဆုံးဖြစ်မှာပါ။ ဆဲလ်သေတွေ ခဏခဏဖယ်ရှားတာမျိုးက အဆင်မပြေနိုင်ပါဘူး။

ပုံမှန် (ဒါမှမဟုတ်)ပေါင်းစပ်အသားအရေ – အသားအရေက အဆီထွက်တယ်ဆိုပေမယ့်ခြေထောက်တွေ၊လက်တွေခြောက်တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်ဆဲလ်သေတွေဖယ်ရှားပေးတာက အကောင်းဆုံးသော အသားအရေထိန်းသိမ်းမှုပါ။ အဆီများတဲ့ Body Lotion ကတော့ သိပ်အဆင်မပြေလှပါဘူး။ ပတ်ဝန်းကျင်အပြောင်းအလဲကြောင့် ထိခိုက်နိုင်ခြေရှိနေတဲ့ အသားအရေအမျိုးအစားတစ်ခုပေါ့။

အဆီပြန်တဲ့အသားအရေ – ဒါကတော့ ပုံမှန်ထက်ခြေဆီလက်ဆီတွေထွက်နိုင်ပါတယ်။ အသားအရေက အခြားအမျိုးအစာတွေထက် စိုပြည်နေနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဝက်ခြံဖြစ်နိုင်ခြေတော်တော်လေးများတဲ့ အသားအရေပေါ့။ ဒါကြောင့် အဆီပါဝင်မှုနည်းပြီးရေဓာတ်ဖြည့်ပေးနိုင်တာမျိုးရွေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးနိုင်လေ အသားအရေကျန်းမာလေလေပါ။

ထိခိုက်လွယ်တဲ့အသားအရေ – ပတ်ဝန်းကျင်က အရာတွေကြောင့်ထိခိုနိုင်ခြေအများဆုံးဖြစ်သလို အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးတဲ့အခါမှာလည်းသေချာလေးဂရုစိုက်ရမယ့် အသားအရေအမျိုးပေါ့။ သဘာဝပစ္စည်းတွေကို အခြေခံထုတ်ထားတဲ့ Body Lotion မျိုးကိုရွေးသင့်ပါတယ်။ လက်ခုံပေါ်မှာ အရင်စမ်းကြည့်ပြီး အဆင်ပြေမှ လူးသင့်ပါတယ်။ နီးမြန်းလာမယ်၊ ယာယံလာမယ်ဆိုရင်တော့ မတည့်ဘူးဆိုတာပြောနေစရာတောင်မလိုအောင်ပါ။

အသင့်တော်ဆုံးဖြစ်မယ့် Body Lotionရွေးကြမယ်

ဒီနေရာမှာ သတိထားရမှာတစ်ချက်က အသားအရေအမျိုးအစားကို အရင်သိအောင်လုပ်ဖို့ပါ။ပြီးရင်တော့ အညွှန်းစဖတ်လို့ရပြီပေါ့။ တစ်ခါတလေမှာ ရာသီဥတုကြောင့် အသားအရေအမျိုးအစားကို အတိအကျမှန်းရခက်နေတာမျိုးလည်းရှိနိုင်တာကြောင့်သေချာလေးသတိထားစေချင်ပါတယ်နော်။ အရမ်းအေးတဲ့ ရာသီဥတုအခြေအနေမျိုးမှာတော့ အဆီပါတဲ့ Body Lotion ကအဆင်ပြေဆုံးဖြစ်မှာပါ။နေ့တိုင်းလည်း Body Lotion ကိုမှန်မှန်လူးပေးဖို့လိုပါမယ်။ တစ်နေ့ကို မနက်ခင်း အပြင်မသွားခင်တစ်ကြိမ်နဲ့ ညအိပ်ရာမဝင်ခင်တစ်ကြိမ်လူးပေးရင်ကို အသားအရေအတွက် လိုအပ်တဲ့ အာဟာရတွေကို အကောင်းဆုံးဖြည့်ပေးနိုင်မှာပါ။ Body Lotion လူးတဲ့အခါခြေထောက်၊ခြေဖနောင့်နဲ့ လက်ဖဝါးတွေကိုမေ့ထားလို့ မဖြစ်ပါဘူး။

  • ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအတွက်ကတော့ ခရင်မ်အမျိုးအစားက အဆင်ပြေသလို အဆီပါဝင်နေတဲ့ Body Lotion ကသင့်တော်ပါတယ်။
  • အသားအရေက အဖက်လေးတွေလန်နေမယ် အသီးသီးထနေမယ်ဆိုရင်တော့ အစိုဓာတ်ပြည့်ဝတဲ့ Body Lotion ကအဆင်ပြေမှာပါ။
  • အဆီပြန်တတ်တယ်ဆိုရင်တော့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အဆီပါဝင်မှုနည်းတဲ့ ခပ်ကျဲကျဲ Body Lotion ကသင့်တော်ပါတယ်။
  • ပေါင်းစပ်အသားအရေပိုင်ရှင်လေးတွေအတွက်ကတော့ အဆီပါဝင်မှုနည်းပြီး ခရင်မ်အမျိုးအစားမဟုတ်တာက အဆင်ပြေဆုံးဖြစ်မှာပါ။
  • ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်ကတော့ သဘာဝပစ္စည်းကနေ အခြေခံပြီးထုတ်ထားတဲ့ အနံ့နဲ့ အရောင်ပါဝင်မှုနည်းတာမျိုးက အဆင်ပြေဆုံးဖြစ်မှာပါ။

နောက်ဆုံးသတိထားရမယ့်အချက်က အရေပြားဆရာဝန်တွေဆီကနေထောက်ခံချက်ရရှိထားလားဆိုတာနဲ့ အရောင်နဲ့ အနံ့မပြင်းတာကိုအသားအရေပိုင်ရှင်တိုင်း သတိထားသင့်တဲ့ အချက်ပါနော်။

Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။